ချေ ၏ ပြောက်ကျားစစ် လက်စွဲ(13)

by Hla Soewai - Nov 10 2025

လယ်သမား များသည် အများအားဖြင့် သွား၍လာ၍ လွယ်ကူသော ဒေသများတွင် နေထိုင်ကြသူများ ဖြစ်၍ ‌ရိက္ခာအတွက် လွန်စွာ အဆင်ပြေနေသည်။ ယုံကြည်စိတ်ချရသော လူများ ရှိနေပြီး ဒေသခံများ အတွက် လိုအပ်သည်များ ရောင်းဝယ် ဖောက်ကား နေသည့် နေရာဌာနများ နှင့် အဆက်အသွယ် လုပ်ထားရမည်။ သို့မှသာ ရှည်လျားပြီး အန္တရာယ်များသည့် ဆက်သွယ်ရေးလမ်းကြောင်းများအတွက် အချိန် သို့မဟုတ် ငွေကြေးကို အကုန်အကျခံစရာမလိုဘဲ ပြောက်ကျားအဖွဲ့တစ်ဖွဲ့ကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်သည်။

 

မဖြစ်မနေ ထပ်ပြောဖို့ လိုသည့် အချက်က မိမိတို့ အဖွဲ့ဝင် ဦးရေ နည်းလေ အစားအသောက် အတွက် ပို၍ လွယ်ကူလေပင် ဖြစ်သည်။ မရှိမဖြစ် လိုအပ်သော အိပ်ယာခင်း၊ အမိုးအကာများ၊ စောင်၊ ခြင်ထောင်၊ ဘွတ်ဖိနပ်၊ ဆေးဝါး နှင့် အစားအသောက် များ သည် ‌ဒေသခံ လူထု နေ့စဉ် သုံး ပစ္စည်းများ ဖြစ်၍ ‌ထိုဒေသမျိုး တွင် ရရှိနိုင်သည်။

 

ဆက်သွယ်ရေး လမ်းကြောင်း ဆိုသည်က ပြောက်ကျား အရည်အတွက် အများအပြား ရှိနေခြင်း၊ သွားလာ၍ ရသော လမ်းများ ရှိ‌နေခြင်း တို့ ကို စဉ်းစားမည်ဆိုက ပို၍ လွယ်ကူ သည်ဟု ပြော၍ ရသော်လည်း အဝေးတနေရာသို့ သတင်းစကား ပါးနိုင်ရန် အတွက် မူ မရှိမဖြစ်သည့် လုံခြုံမှု ကို ထည့်သွင်းစဉ်းစားမည်ဆိုက ပိုမို ခက်ခဲသည်ကို တွေ့ရမည် ဖြစ်သည်။ ယုံကြည် စိတ်ချရသော အဆက်အသွယ် များလည်း မရှိမဖြစ် လိုအပ်လာနေ သောကြောင့်လည်း ဖြစ်သည်။

 

မိမိတို့ စေလွှတ်လိုက်သော ဆက်သား တဦးဦးသည် ရန်သူ နယ်‌ မြေ ထဲ အမြဲလို ဖြတ်သန်းသွား‌ နေရ၍ တချိန်မဟုတ် တချိန် အဖမ်းအဆီးကို ခံရနိုင်သည်။ ပေးပို့ရန် ရှိသည့် မက်ဆေ့ခ်ျသည် အရေးပါမှု မရှိလှဟု ယူဆပါက နှုတ်ဖြင့်သာ အကြောင်းကြားခိုင်းသင့်သည်။ လွန်စွာ အရေးပါသည် ဆိုက လျို့ဝှက် သင်္ကေတ များဖြင့် ရေးသားရပေမည်။ အဘယ်ကြောင့် ဆို သော ထိုသို့သော သတင်းမျိုးကို နှုတ်ဖြင့် ပြောဆိုခိုင်းမည်ဆိုက ပေးပို့လိုသော သတင်းသည် အမြဲလို ပုံပျက်ပန်းပျက် ဖြစ်သွားတတ်သည်ကို အတွေ့အကြုံအရ သိထား၍ ဖြစ်သည်။

 

ထိုသို့သော ဆက်သွယ်ရေး အကြောင်း များကြောင့် ကုန်ထုတ်လုပ်ငန်းများ၏ အရေးပါမှုသည် လျော့ကျသွား နိုင်ပြီး အကောင်အထည် ဖေါ်ရန်လည်း ပို၍ ခက်ခဲလာမည် ဖြစ်သည်။

 

ဘွတ်ဖိနပ်များ၊ လက်နက်များ ထုတ်လုပ်နိုင်မည့် စက်ရုံများ ရှိထားဖို့ မဖြစ်နိုင်၊ လက်တွေ့ကျကျ ဖြစ်နိုင်သည်က လျို့ဝှက် စွာ ဖုံးကွယ်ထားနိုင်သည့် နေရာမျိုး တွင် အလုပ်ရုံ အသေးစားလေးများ ရှိထားခြင်းဖြင့် ပြောင်းတို ကျည်ခွံများအား ယမ်းပြန်ဖြေ့တင်း ပေးခြင်း၊ မိုင်းများ၊ လွယ်လွယ် လုပ်၍ ရသည့် လက်ပစ်ဗုံးများ၊ အခြေအနေအရ မရှိမဖြစ် လိုအပ်လာသည့် ပစ္စည်းများ အစရှိသည်တို့ကို ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ တဖက်တွင်လည်း မိမိတို့ ယုံကြည်စိတ်ချရပြီး အကျွမ်းတဝင် ရှိမည့် နယ်ခံ အလုပ်ရုံများကိုလည်း အလားတူ ထုတ်လုပ်ပေးဖို့ အကူအညီ တောင်းခံ နိုင်သည်။

 

ဤသည်မှ ကျွနုပ်တို့ အတွက် ဖြစ်နိုင်ခြေ ရှိသည့် အကျိုးဆက် နှစ်ခု ထွက်ပေါ်လာခဲ့သည်။ ပထမ အကျိုးဆက်သည်က နေရာတနေရာတွင် မိမိတို့ အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်မည့် ပစ္စည်းများ ထုတ်လုပ်ပေးနိုင်မည့် အမြဲတမ်း စခန်းတခု တည်ဆောက်နိုင်ဖို့ သင့် လျော်သည့် အခြေအနေများ ပေးလာခြင်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် လူများသည် ၎င်းတို့ အတွက် သက်တောင့် သက်သာ ဖြစ်နိုင်မည့် နေရာ များတွင် အခြေချဖို့ စိတ်ဝင်စားကြသော်လည်း ပြောက်ကျား တပ်ဖွဲ့များ အဖို့က ဆန့်ကျင်ဖက် ဖြစ်သည်။

 

လူမှု ဘဝ အတွက် ပိုမို အဆင်ပြေ နိုင်မည့် နေရာများလေ၊ ပြောက်ကျား တိုက်ခိုက်ရေး သမား များ အတွက် လုံခြုံမှု မရှိလေ ဖြစ်ပြီး ပို၍ ပင် မရေမရာ ဖြစ်လာတတ်သည်။

 

လက်ရှိ ခေါင်းစဉ်ကပင် "အခြေအနေ မပေးသော နယ်မြေများတွင် စစ်ဆင်ခြင်း" ဖြစ်၍ လူလောက အတွက် အထောက်အကူ ဖြစ်စေသည့် ဆက်သွယ်ရေး၊ လူဦးရေ များပြားစွာ ရှိနေသည့် မြို့ပြ နှင့် ဆင်ခြေဖုံး ဒေသများ၊ စက်ယန္တရားများ နှင့် အလွယ်တကူ လုပ်ကိုင်နိုင်သည့် မြေများ ရှိနေခြင်းသည် ပြောက်ကျား တိုက်ခိုက်ရေးသမား များ အတွက် အားနည်းချက် ရှိမည့် အနေအထား သို့ ရောက်စေ နိုင်၍ ဖြစ်သည်။

 

ဒုတိယ ကောက်ချက်မှာ ပြောက်ကျားစစ်ပွဲ တွင် လူထု အကြား အလွန် အရေးကြီးသည့် လုပ်ငန်းဆောင်တာများ မလွှဲမသွေ လုပ်ဆောင်ရမည် ဖြစ်သည်၊ ထိုလုပ်ငန်းမျိုးသည် အခြေအနေ မပေးသည့် နယ်မြေများတွင် ရန်သူ၏ တိုက်ခိုက်မှု တချက်တည်း နှင့်ပင် ကပ်ဘေးကြီးတခု ဖြစ်ပေါ်လာနိုင်သည့် အနေအထားသို့ ရောက်ရှိသွားနိုင်၍ ပို၍ အရေးကြီးနေသည်။

 

သဘောတရားရေးရာ ပညာပေး ပို့ချခြင်းကို စဉ်ဆက်မပြတ် ပြုလုပ်ရမည် ဖြစ်သလို အလုပ်သမားများ၊ လယ်သမားများ နှင့် အခြား လူမှု အလွှာ အသီးသီးရှိ လူများအကြား စည်းလုံးညီညွတ်နေစေရေး အတွက် အမြဲလို ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ သို့မှသာ အားလုံးက ပြောက်ကျား တပ်ဖွဲ့များ အပေါ် သဘောထား တသမတ်တည်း ထားနိုင်ကြမည် ဖြစ်သည်။

 

ပြောက်ကျား တပ်ဖွဲ့၏ အဓိက အင်အားတရပ် ဖြစ်သည့် လူထု၏ ယုံကြည်မှု ကို ထိန်းသိမ်းထားနိုင်ရန် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို စဉ်ဆက်မပြတ် ဂရုပြုနိုင်ရမည် ဖြစ်သည်။ ဖမ်းမိလာသူများထဲမှ ခေါင်းမာသည့် ရန်သူ စစ်သားများအား ကိုင်တွယ်ရာတွင်လည်း အန္တရာယ် ရှိလာနိုင်က တွေဝေခြင်း မရှိဘဲ ဖယ်ရှားပစ်ရမည်။ ပြောက်ကျား များ အဖို့ ထိုအရေးတွင် တင်းတင်းမာမာ သဘောထားမျိုး ရှိရမည်။ မိမိတို့၏ လုံခြုံရေးကို အာမမခံ နိုင်သည့် နယ်မြေမျိုးတွင် ရန်သူများ ရှိနေမည့် အရေးကို ခွင့်မပြုသင့်ပေ။