အရေခွံ လဲရတော့မည့် အာရှ ကျား ကြီး များ (အပိုင်း ၁)

by Hla Soewai - Dec 23 2019

တခါက ကမ္ဘာ စီပွားရေး လောကကြီးတခုလုံး ကို ကိုင်လှုပ်နိူင်ခဲ့တဲ့ အာရှ ရဲ့ ကျားလေးကောင်သို့ တင်စားခေါ်ဝေါ် ခံခဲ့ရတဲ့ နိူင်ငံ တွေကတော့ ‌ဟောင်ကောင်၊ စင်္ကာပူ၊ တောင်ကိုရီယား နဲ့ တိုင်ဝမ်တို့ ဖြစ်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်၊ ၁၉၆၀ ခုနှစ် အလွန် ကာလများကစပြီး ၁၉၉၀ နောက်ပိုင်းနှစ်များအထိ စီးပွားရေး တိုးတက်မှု နှုန်းထားသည် ဂဏန်း နှစ်လုံး ဖြင့် တရိပ်ရိပ် တက်လာနေခဲ့တာလည်း ဖြစ်ပါတယ်၊ တခါက လယ်သမားများ၊ လက်လုပ်လက်စားများ အဖြစ် ရုန်းကန်ခဲ့ကြရတဲ့ မျိုးဆက်နွယ်ဝင်များ အဖို့ သူတို့ရဲ့ မြေးများသည် ကမ္ဘာပေါ်တွင် ပညာ အတတ်ဆုံး လူတန်းစားများထဲ ပါဝင် လာနေတဲ့ အဖြစ်ကို မြင်တွေ့ခွင့် ရလာခဲ့ကြပါတယ်။

အဆိုပါ ကျားနိူင်ငံများက ရှပ်အင်္ကျီများ၊ ပလပ်စတစ် ပန်းများ၊ ဆံပင်အတု များ ထုတ်လုပ်ပြီး ဘဝကို စတင်လာခဲ့ကြသူများလည်း ဖြစ်ပါတယ်၊ မကြာလှသော အချိန်အတွင်းမှာပင် မင်မိုရီ ချစ် များ၊ လက်တော့များ၊ ထုတ်လုပ်လာနိူင်ကြတဲ့အပြင် စတော့ရှယ်ယာများ လက်ဝေခံ ရောင်းချတဲ့လုပ်ငန်းများလည်း ထုနဲံ့ထယ်နဲ့ လုပ်ကိုင်သူများ ဖြစ်လာကြပါတယ်။

ထိုသို့ အောင်မြင်လာခဲ့ရသည့် အကြောင်းရင်းများကိုလည်း ကျယ်ကျယ်လောင်လောင် ပြောဆို ငြင်းခုံကြဖို့ကိုလည်း ဝန်မလေးခဲ့ကြပါဘူး၊ အချို့က အစိုးရရဲ့ ပန်းပဲဖိုက အကျအန ပုံသွင်း ထုထောင်းခဲ့သော ဓါးသွားများကြောင့်ဟု ပြောဆိုခဲ့ကြပြီး အချို့ကလည်း ဈေးကွက်များတွင် အပြိုင်အဆိုင် ယှဉ် ပြိုင်နိူင်ခွင့် ရခဲ့ကြလို့ဟု ရည်ညွန်း ပြောဆိုခဲ့ကြပါတယ်။

သူတို့လည်း နောက်ပိုင်းမှာ လောကဓံ အလှည့်အပြောင်းကို ကျောကော့အောင် ခံရဖို့ ကြုံလာခဲ့ရပြန်ပါတယ်၊ အာရှတွင် ကျရောက်လာခဲ့တဲ့  ဘဏ္ကာရေး အကျပ်အတည်းကြီးက သူတို့တွင် ရှိနေတဲ့ ဂုဏ်ရောင်ဂုဏ်ဝါတွေကို ဖယ်ရှားပြစ်လိုက်ပါတော့တယ်။ မရှေးမနှောင်းမှာပဲ တရုတ်က မင်းသားသစ် အဖြစ် ကပြ အသုံးတော်ခံဖို့ ဇာတ်စင်ပေါ်ကို တက်လာခဲ့ပါတယ်၊ ကျားကြီးတွေလည်း သူတို့ရဲ့ ခြေလှမ်းကို ထိမ်းမထားနိူင်အောင် ဖြစ်လာနေပြီး ဒီနှစ်ထဲမှာတင် အမေရိကန် သည် ကျားလေးကောင် ပေါင်းထက် ပိုပြီး လျင်မြန်စွာ တိုးတက်လာနေပါတယ်။

ကျားလေးကောင် စလုံးမှာလည်း နှုတ်မရအောင် အမြစ်တွယ် လာနေတဲ့ ပြဿနာ ကိုယ်စီ ရှိလာနေပါတယ်။ အဲ့တာတွေကတော့ တိုင်ဝမ်ရှိ လုပ်ခနှုန်းထားများ တက်မလာပဲ တန့်နေခြင်း၊ တောင်ကိုရီယားတွင် ကုမ္ပဏီကြီး များ လွှမ်းမိုးကြီးစိုးနေခြင်း၊ စင်္ကာပူတွင် ပြည်ပမှ ခေါ်ယူ အသုံးပြုနေရဆဲ ဖြစ်သော ဈေးပေါပေါ အလုပ်သမား လူတန်းစားများ ဆက်လက်ရှိနေခြင်းနဲ့ ပြည်သူတွေရဲ့ စကားကို နားထောင်ရကောင်းမှန်း မသိတဲ့ အစိုးရမျိုး ဟောင်ကောင်တွင် ရှိနေခြင်းတို့ပဲ ဖြစ်ပါတယ်။

သို့သော် ကျားများ ဒီလို ဖြစ်နေလို့ သွားရှာပြီလို့ ယူဆလိုက်ရင်တော့ မှားသွားနိူင်ပါတယ်။ သူတို့ရဲ့ စီးပွားရေး စွမ်းဆောင်နိူင်ခဲ့မှု မှတ်တမ်းတွေကို သေသေချာချာ လေ့လာမယ် ဆိုရင် တခါတရံ အခြေအနေ မကောင်းခဲ့တာမျိုး ရှိပေမယ့် သူတို့မှာ ဂုဏ်ယူဝင့်ကြွားစရာ အချက်တွေ အများကြီး ရှိနေပါတယ်၊ လူတဦးချင်းစီရဲ ဝယ်ယူ သုံးစွဲနိူင်အား တူညီမှု Purchasing-power parity (PPP) ကို အခြေခံပြီး တွက်ချက်ထားတဲ့ လူတဦးချင်းစီရဲ့ ဂျီဒီပီ သွားရာ လမ်းကြောင်းက အတော်ကို ချီးကြူးစရာ အနေအထားမှာ ရှိနေပါတယ်။

လူလတ်တန်းစား အဆင့် ဝင်ငွေ ထဲမှာ ပိတ်မိနေမယ့် အဖြစ်မျိုးကို ကာလကြာမြင့်စွာ ကတည်းက ရုန်းထွက် လာနိူင်ခဲ့ကြပါတယ်၊ တောင်ကိုရီယား ဆိုက မကြာမီ အတွင်း တခါ့က ကိုလိုနီ အရှင်သခင် ဖြစ်ခဲ့တဲ့ ဂျပန်ကို ကျော်သွားဖို့ ရှိနေပါတယ်။

အမေရိကား ကိုလည်း အမှီလိုက်လာနိူင်ခဲ့ပါတယ်၊ စင်္ကာပူ ဆိုက ၁၉၉၀ နောက်ပိုင်းနှစ်များကတည်းက အမေရိကားထက် သာလွန်သွားခဲ့ပြီး၊ ဟောင်ကောင်က ၂၀၁၃ မှာ မှီလာခဲ့ပါတယ်၊ အခြား ကျားနှစ်ကောင်သည်လည်း ကွာဟနေမှုကို ချုံ့နိူင်ခဲ့ကြပြန်ပါတယ်။ ၂၀၁၃-၁၈ ငါးနှစ်တာ ကာလအတွင်း စင်္ကာပူ နှင့် ဟောင်ကောင်ရှိ လူတဦးချင်းစီ၏ ကုန်ထုတ်နိူင်မှု ဂျီဒီပီသည် ယခင် ၎င်းတို့အထက်တွင် ရှိသော နိူင်ငံများကို အလျင်အမြန် ဖြတ်ကျော်တက်သွားနိူင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ချွင်းချက် အနည်းငယ် ရှိခဲ့သည်မှာ လွဲ၍ တိုင်ဝမ် နှင့် တောင်ကိုရီယားတို့လည်း အလားတူ ဖြစ်လာခဲ့ပါတယ်။

စီးပွားရေး တွင် အတောင်အလက် စုံလာသည်နှင့်အမျှ ကျားများ အဖို့လည်း အနောက်နိူင်ငံတွေ ရင်ဆိုင်နေရတဲ့ ပြဿနာမျိုး ကြုံလာခဲ့ရပါတယ်၊ လူတန်းစား မညီမျှမှု ကို မည်သို့ လျော့ပါးလာအောင် ပြုလုပ်ရမည်၊ ကုန်ထုတ်စွမ်းအား တိုးတက်အောင် မည်သို့မည်ပုံ ပြင်ဆင်လာရမည်၊ နိူင်ငံသားများ အသက်အရွယ် ကြီးရင့်လာနေမှုများ အပေါ် မည်သို့ ကိုင်တွယ်သွားရမည်၊ အမေရိကန် နှင့် တရုတ်အကြား ချိန်ခွင်လျှာ မျှအောင် မည်သို့သော အနေအထားဖြင့် ဆက်ဆံသွားရမည် အစရှိသည်တို့ပဲ ဖြစ်ပါတယ်။

ဒီ ကိစ္စတွေ အားလုံး အတွက် အဖြေကတော့ တနိူင်ငံ နှင့် တနိူင်ငံ မတူညီကြပါဖူး၊ တခါတရံ မိုက်မိုက်ကန်းကန်း လုပ်တယ်လို့ ပြောလို့ရပေမယ့် သူတို့ အတွက် အကျိုးရှိစေမယ့် ဆန်းဆန်းပြားပြား ချည်းကပ် လုပ်ဆောင်သွားမှုတွေကို တွေ့လာခဲ့ရပါတယ်။

နဂါးလေးများ

ယခု ဆောင်းပါးသည် ကျားလေးကောင်၏ ပြောင်းလဲလာနေသော စီးပွားရေး သဘောသဘာဝကို အချက်ကြီး လေးချက် နဲ့ အသေးစိတ် လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်၊ ပထမဆုံး အချက်ကတော့ ကျားလေးကောင် ရင်ဆိုင်နေရသော ပြဿနာများသည် စီးပွားရေး ကျဆင်းသွားမှုများကြောင့် မဟုတ်ပဲ အောင်မြင်မှုများကြောင့် ဖြစ်လာရတယ် ဆိုခြင်းပါဘဲ၊ ကျားလေးကောင်သည် ၎င်းတို့ နိူင်ငံများရှိ အလုပ်သမား စရိတ် နဲ့ မြေများ တန်ဖိုးတက်လာနေသော်လည်း ၎င်းတို့ ရဲ့ ပို့ကုန်များကို ကမ္ဘာတဝှမ်းသို့ ယခင်က နှုန်းထားအတိုင်း ဆက်လက်တင်ပို့နိူင်အောင် ကာကွယ် ထိမ်းသိမ်းထားနိူင်ခဲ့ပါတယ်။ ယခုအခါ ကမ္ဘာရဲ့ လိုအပ်ချက်ကို ပိုပြီး အလျင်မီအောင် မြန်မြန် တင်ပို့နိူင်ရေး အတွက် လုံးပမ်းနေရပြီ ဖြစ်ပါတယ်။ ၎င်းတိုနိူင်ငံများရှိ စက်မှု လုပ်ငန်း အများအပြားသည် နည်းပညာ နယ်ပယ် ကို လက်ကုန်နှိုက် အသုံးချပြီးသား လုပ်ငန်းမျိုးတွေ ဖြစ်နေပြန်တဲ့ အတွက် ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ဖို့ အခက်အခဲတွေ ဖြစ်လာနေပါတယ်။ ကမ္ဘာတဝှမ်း အသုံးပြုနေတဲ့ စနစ်ကို လည်း အမှီလိုက်ပြီးသား ဖြစ်နေပြန်တဲ့အတွက် ပြန်ပြီး ဆန်းသစ်အောင်သာ ကြိုးစားနိူင်ပါတော့တယ်။

စင်္ကာပူကို တည်ထောင်ခဲ့တဲ့ လီကွမ်ယုကတော့ အာရှ ရဲ့ တန်ဖိုးထားမှုများတွင် သဟဇာတ ဖြစ်မှု နှင့် တည်ငြိမ်မှုသည် အဓိကနေရာက ရှိနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ကျားလေးကောင် စလုံးက ဒီအရာတွေ အမြတ်တနိူး တန်ဖိုးထား ကျင့်သုံးနေဆဲ ဖြစ်ပါတယ်၊ သို့သော်လည်း သူတို့နိူင်ငံသား အများအပြားကတော့ မျှမျတတ ရှိခြင်းသည်သာ ထိုတန်ဖိုး နှစ်ခု အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားကြပါတယ်။

ဒုတိယ အချက်ကတော့ ခေတ်မှီ လာကြတာနဲ့အမျှ နိူင်ငံသားများသည် ဒီမိုကရေစီကို မျှော်မှန်း တောင့်တလာကြပြီး ၎င်းတို့၏ မျှော်လင့်တောင့်တမှုများသည် အချိန်မတန်သေးကြောင်း သိလာရသည့်အခါ စိတ်ပျက်လာခဲ့ကြပြန်ပါတယ်၊ တိုင်ဝမ် နှင့် တောင်ကိုရီယားရှိ နိူင်ငံရေး အနေအထားသည် သင်္ကြန် အမြှောက်ကဲ့သို့ လေလုံးထွားနေမှုများက များနေပြီး ထိတ်တန်း ရာထူးများ ရှိနေသူများကြားတွင် အကျင့်ပျက် ခြစားမှုများ၊ ပါလီမန်အတွင်း ထိုးကြိတ်မှုများ။ တဖက်စောင်းနင်း ဘက်လိုက်ရေးသားနေကြသော မီဒီယာများ အစရှိသည်တို့ကြောင့် တိုးတက်မှုကို အဟန့်အတား ဖြစ်နေသည်ဟု အချို့က ပြောလာကြပါတယ်။ သို့သော် ကျား တို့၏ မှတ်တမ်းများကို သေချာစေငုစွာ လေ့လာမည်ဆိုက ထိုသို့ ပြောဆိုနေမှုများ မမှန်ကန် ဆိုသည်ကို တွေ့လာကြမှာ ဖြစ်ပါတယ်။ ဟောင်ကောင်တွင် သိသာ ထင်ရှားလာခဲ့ရသည်က ဒီမိုကရေစီ အခွင့်အလမ်းများ ရှိမနေခဲ့ခြင်းသည် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်လာနေပြီး အချင်းချင်းအကြား မကျေနပ်မှုများ နှင့် မယုံကြည်မှုများသာ တိုးပွားလာနေတယ် ဆိုတာပါဘဲ။

တတိယအချက်ကတော့ ကျားများတွင် လူမှုဖူလုံရေးစနစ် အားနည်းနေခြင်း‌ကြောင့် အဟန့်အတား ဖြစ်လာနေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်၊ ကျားနိူင်ငံများရှိ ခေါင်းဆောင်များက လူထု ဖူလုံရေးကို ဝေမျှ ထောက်ပံ့ပေးမည်ဆိုက နိူင်ငံသားများ အလုပ်လုပ်ကိုင် လိုစိတ် လျော့နည်း ကျဆင်းသွားမှာကို စိုးရိမ်နေခဲ့ကြပါတယ်၊ သို့သော် နိူင်ငံသားများ အဖို့ လူမှု ဖူလုံရေး ပိုင်းတွင် လုံခြုံမှု ရှိမနေခြင်းကြောင့် နည်းပညာ ဆိုင်ရာ အပြောင်းအလဲများကို လိုလိုလားလား ထွေးပွေ့လိုစိတ် မရှိတာ တွေ့လာရပါတယ်၊ ကျားနိူင်ငံများရှိ လူဦးရေ သည် သက်ကြီးရွယ်အိုများ များပြားလာနေခြင်းကြောင့် အစိုးရအနေနှင့် ပင်စင် နှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှုများတွင် မဖြစ်မနေ ငွေအလုံးအရင်း သုံးစွဲလာရမယ့် ဖိအားတွေ နဲ့ ရင်ဆိုင်လာနေရပြီ ဖြစ်ပါတယ်၊လူငယ် လူရွယ် အိမ်ထောင်ရှင်များ စီးပွားရေး ဝန်ပိလာမယ့် အရေးကြောင့် ကလေးယူဖို့ ကြောက်နေကြတဲ့ အဖြစ်ကို ပြေလျော့အောင် ကြံဆောင်ပေးရဦးမှာလည်း ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှု တခုတည်းကိုသာ အာရုံထားနေတဲ့ အဖြစ်ကနေ စီးပွားရေး တိုးတက်မှုကို ချစ်ခင် လာစေမယ့် လူမှု ဖူလုံရေး ပံ့ပိုးပေးမယ့် နိူင်ငံများ ဖြစ်လာအောင် ကြိုးစားရဖို့ ရှိနေပါတယ်။

နောက်ဆုံး အချက်ကတော့ ကျားလေးကောင်သည် ကမ္ဘာတဝှမ်းအတွက် စီးပွားရေး ပြဒါးတိုင်ကြီး ဖြစ်နေအောင်ကို အရေးပါနေတယ် ဆိုတာပါဘဲ၊ ကမ္ဘာတဝှမ်းရှီ နည်းပညာများ၊ ဘဏ္ကာရေး နဲ့ ဘူမိနိူင်ငံရေး အနေအထားတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတဲ့အတွက်လည်း ဖြစ်ပါတယ်။ ကျားလေးကောင်သည် နည်းပညာပိုင်းဆိုင်ရာ Supply Chain ရဲ့ ခပ်ပါးပါး လောက်ကိုသာ လွှမ်းမိုးထားနိူင်ဆဲ ဖြစ်ပြီး 5G နဲ့ Big-data processing တွေ အတွက် အရေးပါလှတဲ့ နည်းပညာများ နဲ့ ချစ်ပ် တွေကိုသာ အာရုံထား လုပ်ကိုင်နေကြပါတယ်၊ ဟောင်ကောင် နဲ့ စင်္ကာပူ သည် တရုတ် နဲ့ ကမ္ဘာတဝှမ်းကြား ဘဏ္ကာရေး ပေါင်းကူး တံတားကြီး သဖွယ် ရပ်တည်လာခဲ့ကြပါတယ်။ ထို့အတွက် တရုတ် ၏ အတက် နှင့် အကျ သည် အဆိုပါ နှစ်နိူင်ငံ အတွက် အထိမခံ ရွှေပန်းကန်လို ဖြစ်လာခဲ့ရပါတယ်။ ကျားလေးကောင် စလုံး အဖို့ ဘူမီနိူင်ငံရေး အနေအထား ငြိမ်သက်မှု ကို အားပြုနေရတာ ဖြစ်တဲ့ အတွက် လက်ရှိ အင်အားလွန် နိူင်ငံကြီးက အသစ်နေရာယူလာတဲ့ ပြိုင်ဖက် ကို နေရာ မပေးချင် ဖြစ်လာနေမှုများအကြား အဆင်ပြေ အောင် ထိမ်းညှိဆက်ဆံနေကြရပါတယ်။

တဖက်မှာလည်း ၎င်းတို့အားထားနေတဲ့ ဘဏ္ကာရေး နဲ့ နည်းပညာတွေမှာ အလွန်အကျွံ ဖွံ့ဖြိုးကြီးထွားလာပါကလည်း လူအနည်းငယ်လောက်ကို ချမ်းသာသည်ထက် ချမ်းသာအောင် ဖန်တီးပေးနေသလိုသာ ရှိခဲ့ပြန်ပါတယ်။ ဥပမာ အားဖြင့် တောင်ကိုရီယားရှိ ချစ်ပ်များ ထုတ်လုပ်ရေး ကို ထိမ်းချုပ်ထားတဲ့ chaebol လက်တဆုပ်စာ ကုမ္ပဏီမျာနဲ့ ဟောင်ကောင်မှာ ဆိုရင်လည်း အိမ်မြေယာ သူဌေးကြီးများကိုသာ အကျိုးပြုနေသလို ဖြစ်နေပါတယ်။ ထိုအခြေအနေက စိတ်မချရတဲ့ အနေအထားများ ကို ဖြစ်ပေါ်လာစေနိူင်ပါတယ်။ ကျားလေးကောင် စလုံး ပြီးခဲ့သည့် ၂၅ နှစ်အတွင်း ကမ္ဘာ ဘဏ္ကာရေး အကျပ်အတည်း နဲ့ နှစ်ကြိမ်တိတိ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။စမတ်ဖုန်း နဲ့ ကွန်ပြူတာ တွေအတွက် လိုအပ်တဲ့ ဆီမီးကွန်ဒပ်တာ များ ကာလကြာမြင့်စွာ ကတည်းက ဝယ်လိုအား တဟုန်ထိုး တိုးတက်လာနေခဲ့ခြင်းသည် ယခုအခါ တောင်ကိုရီယား နဲ့ တိုင်ဝမ်ကို ထိခိုက်လာခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့အဖို့ အဓိက စိုးရိမ်နေတာကတော့ တရုတ် နှင့် အမေရိကန်အကြား ‘စစ်အေးတိုက်ပွဲ အသစ်” ကြီး သည် သူတို့နိူင်ငံတွေ ရဲ့ အောင်မြင်မှု နဲ့ လုံခြုံမှု အခြေခံ အုတ်မြစ် ကို လှုပ်ခါလာနေမယ့် အဖြစ်ကို မြင်တွေ့လာရလို့ဘဲ ဖြစ်ပါတယ်။

ကျားလေးကောင်သည် မတူညီသော ကွဲပြားမှုများ ရှိနေ‌သော်လည်း အတော်များများ က တူညီနေကြပြန်သည်။ နှစ်နိူင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် အချုပ်အခြာ အာဏာပိုင် နိူင်ငံများ ဖြစ်ကြပြီး ကျားတကောင်ကတော့ တရုတ် ပိုင် နယ်မြေတခု ဖြစ်နေပါတယ်။ တကောင်ကတော့ သံတမန် ဆက်ဆံရေး မှာ အောက်ဆုံး ရောက်နေပါတယ်၊ တိုင်ဝမ် နှင့် တောင်ကိုရီယား သည် ဒီမိုကရေစီ  စနစ်ကို နင်လားငါလား ကျင့်သုံးနေကြသော်လည်း ဟောင်ကောင်နှင့် စင်္ကာပူကတော့ သူံနိူင်ငံသားတွေရဲ့ အဆုံးအဖြတ် အပေါ် ယုံကြည်မှု အားနည်းနေဆဲ ဖြစ်ပါတယ်၊ နှစ်နိူင်ငံက စက်မှု ထုတ်ကုန်များအပေါ် အားပြုနေပြီး နှစ်နိူင်ငံကတော့ အဆင့်မြင့် ဝန်ဆောင်မှု အပိုင်းကို ပံ့ပိုးပေးလျက် ရှိနေပါတယ်။

ကမ္ဘာကုန်သွယ်ရေူး မှာ တံခါး အဖွင့်ထားဆုံး နိူင်ငံများ ဖြစ်နေသဖြင့်လည်း ထိလွယ်ရှလွယ် အနေအထားမှာ ရှိနေပြန်ပါတယ်။ သူတို့နိူင်ငံများ တွင် အလုပ်အကိုင်ရရှိနေမှုနှုန်းထားများက အမြင့်ဆုံး ဖြစ်နေပြန်ပြီး အသုံးအစွဲ ချွေတာပေမယ့် နိူင်ငံသားများ၏ လူနေမှု အဆင့် သည် မြင့်မား တိုးတက်လာနေပါတယ်။ တရုတ် နဲ့ အမေရိကန်အကြား ညပ်နေမှု အတိုင်းအတာ ကတော့ တနိူင်ငံ နှင့် တနိူင်ငံ မတူညီကြတာ  တွေ့ရပါတယ်၊ နိူင်ငံလေးနိူင်ငံစလုံး ပြီးခဲ့တဲ့ ရာစုနှစ်ဝက်ကျော် စီးပွားရေး တိုးတက်လာမှုများ နှင့်အတူ ပေါ်ပေါက်လာတဲံ့ ရှုပ်ထွေးလှသော လူမှုရေး ပြဿနာများ ရှိနေပါတယ်။ သို့သော် သူတို့အားလုံး ကြွယ်ဝချမ်းသာလာမှုများကို မိန်း‌မောမနေကြပဲ အစွမ်းကုန်ကြိုးစားလျက် ရှိနေကြပြန်ပါတယ်။

သူတို့ရဲ့ ကြိုးပမ်းမှုများသည် ရှေ့‌လျောက်အောင်မြင်မည် ကို အာမ မခံ နိူင်သော်လည်း စိတ်ဝင်စားဖို့ ကောင်းမည်ကတော့ သေချာလှပါတယ်။

ဒီအကြောင်းများကို အသေးစိတ် ဆက်လက်တင်ပြပါမယ်။

ရည်ညွန်း။   ။ ASIAN TIGERS from the Economist special report (Dec 7th 2019)