ဂျပန်၏ “သင့်တင့်လျှောက်ပတ်စွာ ကိုင်တွယ် သွားမည်” ဟူသော မူဝါဒသည် စစ်အာဏာသိမ်း အဖွဲ့ အတွက် အကျိုး ဖြစ်ထွန်းနေ

by Hla Soewai - Mar 01 2023

အမေရိကန် နှင့် အနောက်အုပ်စုသည် စစ်အာဏာသိမ်း အဖွဲ့အား Bad cop အဖြစ် ပြုလုပ်လေ့ရှိသော်လည်း ဂျပန် ကို ၎င်းတို့ အုပ်စုထဲ မသွင်းပဲ good cop အဖြစ် အမြဲလို ချန်ထားလေ့ ရှိခဲ့သည် ချည်း ဖြစ်သည်။

 

ထို့အတွက် ဂျပန်သည် စစ်အာဏာသိမ်း အဖွဲ့၏ လူမဆန်သော လုပ်ရပ်များကို ပြစ်တင် ရှုတ်ချ ခဲ့သော်လည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်သည့် အဆင့် အထိ တခါဖူးမျှ တက်လှမ်းလာခဲ့ခြင်း မရှိပေ။

 

ဖေဖေါ်ဝါရီ ၂၂ ရက် နေ့ ဂျပန် အောက်လွှတ်တော် ဒိုင်းယက်တွင် နိုင်ငံ၏ ဘတ်ဂျက် ရေးရာ များ ဆွေးနွေးသည့်အခါ အတိုက်အခံ လေဘာ အမတ် တဦး မှ ပဲခူး မြစ်ကူး တံတား ဆောက်လုပ်ရေး ကိစ္စ နှင့် ပတ်သက်၍ ဒေါ်လာငွေများ စီးဝင်နေမှု ကို လူသိရှင်ကြား မေးခွန်းထုတ်လာခဲ့ပြီ ဖြစ်သည်။

 

သူ၏ မေးခွန်းကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာ ဟာရာရှီ မှ ပြန်လည် ဖြေကြားရာတွင် မြန်မာပြည်အား ပေးနေသည့် ဖွံ့ဖြိုးရေး အကူအညီများကို “သင့်တင်လျှောက်ပတ်စွာ ကိုင်တွယ်နေသည်” ဟု ပြန်လည် ဖြေကြားသွားခဲ့သည်။ ယင်းသည် ဂျပန် ဝန်ကြီးချုပ်၏ သဘောထားကို သံယောင်လိုက် ဖြေဆိုသွားခြင်းလည်း ဖြစ်သည်။

 

သို့သော် သူ၏ သင့်လျှော်သလို ကိုင်တွယ်သွားမည် ဆိုသည်ကား မြန်မာ စစ်အာဏာသိမ်း အဖွဲ့ အတွက် အကျိုး ဖြစ်ထွန်းနေသည်ဟု မြန်မာ နောင်းက ၂၀၂၁ မတ်လ တွင် ဖေါ်ပြခဲ့သည့် သတင်းတွင် ယိုကိုဂါဝါ တံတား ဆောက်လုပ်ရေး ကော်ပိုရေးရှင်းမှ တာဝန်ယူ ဆောက်လုပ်ပေးနေသည့် ပဲခူး မြစ်ကူး တံတား အတွက် သံရိုင်းများကို စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ၏ သံမဏိ စက်ရုံ မှ သွင်းနေသည့် အတွက် ‌ဒေါ်လာ နှစ်သန်း၊ ၂၀၂၂ တွင် ဒေါ်လာ တသန်း လွှဲပြောင်းပေးခဲ့ရသည်ဟု ပါရှိလာခဲ့သည်။ ယင်းအားလည်း အမေရိကန် အစိုးရ ၏ ခွင့်ပြုချက် ဖြင့် လွှဲပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဒေါ်လာ သန်း ၂၄၀ တန် ပဲခူး မြစ်ကူး တံတား စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ဂျပန်၏ အကူအညီပေးရေး အေဂျင်စီ JICA ၏ အကူအညီ ဖြင့် စတင် အကောင်အထည် ဖေါ်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်း ပြီး သုံးလ အကြာ ရပ်ဆိုင်းခဲ့ပြီး နောက် ပြန်လည် စတင်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

MEC အား အမေရိကန်၊ အီးယူ၊ ကနေဒါ နှင့် ဩစတေးလျှ တို့မှ ပိတ်ဆို့ ဒဏ်ခတ်ထားခဲ့ပြီးလည်း ဖြစ်သည်။

 

ကမ္ဘာလူ့အခွင့်အရေး အဖွဲ့၏ အာရှ ဌာနခွဲ ပရိုဂရမ် ဒါရိုက်တာ Teppei Kasai မှ မြန်မာ နိုင်ငံ အတွက် ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို အလျှင်အမြန် ပြန်လည် သွတ်သွင်း ရန် ကြိုးပမ်းသွားမည် ဆိုသော ပြောထားသည့် ကတိကဝတ်များကို ဖြည့်ဆည်းသည့် အနေဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည် ဟု ပြောဆိုလာခဲ့သည်။

 

ထို့အတွက် MEC သို့ ပေးနေမှုများကို ရပ်ဆိုင်းပြီး လူသားချင်း စာနာ ထောက်ထားမှု နှင့် မဆိုင်သည့် အကူအညီမှန်သမျှ ကို ရပ်ဆိုင်းရမည်ဟုလည်း တောင်းဆိုလိုက်သည်။

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် မှ မြန်မာ စစ်ခေါင်းဆောင်များသည် ထိုသို့ ပိတ်ဆို့ ဒဏ်ခတ်မှုများ၊ ဖယ်ကျဉ်ခံနေရမှုများကို လွန်စွာမှ ခံနိုင်ရည် ရှိသူများဟု တခါက ပြောခဲ့ဖူးသည်။

 

ထိုသို့ ကြားပေါက် ရနိုင်စရာ များ ရှိနေ၍လည်း ဖြစ်ပေမည်။

 

နိုင်ငံတကာ မှ မြန်မာ ပြည်သူများ ကာလကြာမြင့်စွာ တိုက်ပွဲဝင်နေသည့် တရားမျှတမှု ရရှိ‌ရေး ကို သံဓိဌာန် ခိုင်မာစွာ ဖြင့် လက်တွဲ ဆောင်ရွက်သွားမည် ဆိုလျှင် နိုင်ငံသည် ၎င်းတို့ လက်တွင်းမှ လွတ်မြောက်လာနိုင်မည် ဖြစ်သည်ဟု ပြီးခဲ့သည့် အပတ် အတွင်း ထွက်ရှိခဲ့သည့် အိုလီဗာ စနိုး၏ “Return of the Junta: Why Myanmar’s military must go back to the barracks” စာအုပ်တွင် တိုက်တွန်းခဲ့ပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!