ချင်းတိုင်းရင်းသားများ အကြမ်းဖက် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှု ဒဏ် အလူးအလဲ ခံနေရပြီ

by Hla Soewai - Mar 14 2023

ချင်း တိုင်းရင်းသား များသည် နိုင်ငံတွင်းရှိ လူမျိုးစု ကြီး ခုနှစ်စု ထဲတွင် တစုအပါအဝင် ဖြစ်သည်၊ လွတ်လပ် ရေး ရပြီး နောက် ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသည်၊ သို့သော် ဖွံဖြိုးမှုတွင် အား အနည်းဆုံး ဒေသ ဖြစ်နေသည်။ အမျိုးသား ဒီမိုကရေစီ အစိုးရ မှ ဖွံ့ဖြိုးမှု များကို အားသွန်ခွန်စိုက် လုပ်ဆောင်ပေးလာ‌၍ လေယာဉ်ကွင်း ပင် ဖွင့်လှစ်လာနိုင်ခဲ့သည်။

 

ယခုအခါတွင်တော့ စစ်အာဏာသိမ်း အဖွဲ့အား ချင်း အမျိုးသားတို့ က လက်နက်ကိုင် ပုန်ကန်လာပြီ ဖြစ်၍ စစ်တပ်မှ ရက်စက်စွာ နိုင့်ထက်စီးနင်း ပြုကျင့်ခြင်းကို ခံနေကြရပြီ ဖြစ်သည်။

 

ချင်း လူ့အခွင့်အရေး အဖွဲ့များ၏ မှတ်တမ်းများအရ 

ဇန်နဝါရီ နှင့် ဖေဖေါ်ဝါရီ လများ အတွင်း လေကြောင်းမှ အကြိမ်ပေါင်း ၅၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံး အလုံးရေ ၁၄၀ ကြဲချ သည်ဟု သိရသည်။

 

အဓိက အားဖြင့် ချင်းပြည်နယ် အနောက်ပိုင်းရှိ ဟားခါး၊ မင်းတပ်၊ မတူပီ နှင့် ထန်တလန် မြိုနယ်များကို တိုက်ခိုက်နေခြင်း ဖြစ်ပြီး နှစ်လ အတွင်း တနေ့လျှင် ပျမ်းမျှ တကြိမ် နှုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ ထိုအထဲတွင် ထန်တလန်သည် အပြင်းထန်ဆုံး ခံနေရပြီး နှစ်လ အတွင်း လေကြောင်းမှ တိုက်ခိုက်မှု ၄၁ ကြိမ် နှင့် ဗုံးအလုံးရေ ၁၁၂ လုံး ကြဲချ ခဲ့သည်ဟု လည်း သိရသည်။

 

 ထိုသို့ ကျုးလွန်နေသူများအား လေယာဉ်ဆီ ‌ဆက်လက် ရောင်းချနေသူများ အပေါ် ပြင်းထန်သည့် ဒဏ်ခတ်မှု များ ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

 

အကြမ်းဖက် စစ်တပ်သည် တော်လှန်‌ရေး အဖွဲ့များနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများကို ရှောင်ရှားလာပြီး လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်ခြင်းကို တချိန်လုံး ပြုလုပ်နေခြင်း ဖြစ်သည်၊ ဤသည်ကို ကြည့်က လိုအပ်၍ ပစ်ကူ ခေါ်ခြင်းမျိုး မဟုတ်တော့ပဲ ချင်း တမျိုးသားလုံးကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်သည်၊ ထိုသို့ အမိန့်ပေး နိုင်သူများသည့် စစ်တပ်၏ အကြီးအကဲများသာ ဖြစ်သည်။ ချင်းတော်လှန်ရေး တပ်ဖွဲ့များသည်‌ မြေစာပင် ဖြစ်နေရရှာသော ပြည်သူများ အတွက် ဗုံးခိုကျင်း များ တည်ဆောက်ပေးမည်ဟု ဆိုသည်။

 

တဖက်တွင် စစ်ကောင်စီ အတွက် အမြတ်ထွက်လာရသည်က ၎င်းတို့ကြောင့် စားဝတ်နေရေး ခက်ခဲနေသူများ အား အခွင့်ကောင်းယူကာ အစားအသောက် နှင့် လစာ အတွက် မပူရ ဆိုကာ သွေးဆောင်ဖြားယောင်း ၍ စစ်သား စုဆောင်းနေသည်ဟုလည်း ဖေါ်ပြထားသည်။ 

 

ကယားပြည်နယ် တွင်လည်း အာဏာသိမ်းပြီးချိန်မှ စ၍ လေကြောင်းမှ ယနေ့ထိ အကြိမ်ပေါင်း ၁၇၇ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

 

နောက်ထပ် ရရှိသော စီးပွားရေး သတင်းများအရ စင်္ကာပူ ရှိ ကက်ပဲလ် ကော်ပို ရေးရှင်းသည် ရန်ကုန်ရှိ ဆီဒိုနား ဟော်တယ်အား ဒေါ်လာ ၅၇.၄ သန်း ဖြင့် ရောင်းချ တော့မည်ဟု သိရသည်၊ အခြား အကျိုးအမြတ် ရှိမည့် လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံ နိုင်ရန် ‌ငွေပေါ်အောင် လုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ကက်ပဲလ်သည် ဗီယက်နမ် ရှိ နည်းပညာ ကုမ္ပဏီများ အား ထိုးဖေါက်နိုင်ရန် ကြံစည်နေခြင်းလည်း ဖြစ်သည်။

 

ဝယ်ယူမည့် ကုမ္ပဏီသည်လည်း စင်္ကာပူရှိ Spring Blossom ဖြစ်သည်၊ ထိုကုမ္ပဏီသည် venture သဘောမျိုး ဖြစ်၍ အမြတ်အစွန်း ရသည် နှင့် ထုတ်ရောင်းမည် ဖြစ်သည်။ လောလောဆယ်တွင် ဟိုတယ်အား ကြီးကြပ်လုပ်ကိုင်ပေးမည့် ကုမ္ပဏီကို ရှာဖွေနေသည်ဟုလည်း သိရသည်။

 

လီကွမ်းယု ပြောခဲ့သလို ကုန်စုံဆိုင်ပင် ဖြစ်ဖြစ်မြောက် မြောက် စီမံ ခန့်ခွဲနိုင်ခြင်း မရှိသူများက တိုင်းပြည်အာဏာ ကို မတရား ရယူကာ ခုတမျိုး တော်ကြာ တမျိုး နှင့် ဥပဒေစည်းကမ်းများအားထုတ်ပြန်နေသည်ကို မည်သူက ကြာရှည် သီးခံနိုင်ပေမည်နည်း။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!