ယာယီ သမ္မတကြီးမှ တရုတ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆက်ဆံရေး၊ စစ်ရေး မဟာဗျူဟာ၊ လက်ရှိ အောင်မြင်မှုများနှင့် အနာဂတ် အတွက် အစီအစဉ် များ ရှင်းလင်း

by Hla Soewai - Mar 26 2023

အာဏာသိမ်း တပ်ဖွဲ့များ၏ အနေအထား သည် အကျအဆုံး များစွာ နှင့် အရူးမီးဝိုင်း အဖြစ် နှင့် ကြုံနေရချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ အထက်ပါ အကြောင်းအရာများ နှင့် ပတ်သက်၍ The Frontier နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ယခုလို ရှင်းလင်း ပြောကြားသွားသည်။

 

Q; တရုတ်ရဲ့ မကြာမီက မြောက်ပိုင်း အဖွဲ့တွေနဲ့ ဆွေးနွေးလာတာက NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ဆက်ဆံရေးကို ဘယ်လို သက်ရောက်မှု ရှိနိုင်ပါလဲ။

 

တရုတ်က သူတို့ နယ်စပ်နဲ့ ကပ်နေတဲ့ နေရာက တိုင်းရင်းသား အဖွဲ့တွေ ဆက်ဆံရေး ကို ဦးစားပေးနေတဲ့ သဘော ဆိုတာ ကျွန်တော်တို့ သိထားပါတယ်၊ တရုတ်ဖက်က နယ်စပ်ဒေသ တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေး ဆိုတာ အမြဲလို ပြောနေတာလဲ ဖြစ်တော့ ဒီလိုပဲ လုပ်လိမ့်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ၊ မြောက်ပိုင်း အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ဆက်ဆံရေး ကောင်းပြီးသားပါ၊ သူတို့ဖက်မှာ အခက်အခဲတွေ ပြဿနာတွေ ရှိလာရင် ကျွန်တော်တို့ဆီ ရောက်လာတတ်တာကြောင့် အရေးကြီးတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့ပါတယ်၊ အသေးစိတ်တော့ မပြောလိုပါဘူး၊

 

Q: UWSA နဲ့ NDAA တို့က စစ်တပ်နဲ့ တွေ့တဲ့ အခါတိုင်း သူတို့ နယ်မြေတွေကို အသိအမှတ် ပြုဖို့ နဲ့ SSPP ကလည်း မြန်မာ ပြည်မ ကို ပြည်နယ် တခု အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတာ မျိုး တွေ ရှိနေတော့ ဒီကိစ္စတွေ အပေါ် NUG ရဲ့ သဘောထား။

 

အခုလို ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မှာ ဒီကိစ္စတွေ အပေါ် အသေးစိတ် ဆွေးနွေးဖို့ စစ်တပ် ကို ဖယ်ရှားပြီးမှ ဆွေးနွေး သင့်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်၊ ကျွန်တော်တို့ရဲ့ လမ်းပြမြေပုံ မှာလည်း ဒီအတိုင်း ရည်ညွှန်းထားပြီး ပါပြီ၊ မျှမျတတ ဖြစ်အောင် ဆုံးဖြတ်သွားမှာပါ၊ NUG အနေနဲ့ အဲ့ဒီဒေသတွေမှာ ရှိတဲ့ ပြည်သူတွေ နဲ့ မတိုင်ပင်ရသေးပဲ ဆုံးဖြတ်တာမျိုး မလုပ်ချင်ဘူး၊ မင်းအောင်လှိုင်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေ အတွက် ဒီတောင်းဆိုမှု တွေကို လက်ခံတယ်လို့ ပြောပေမယ့် သူက ပြည်သူတွေ အာဏာ လွှဲအပ်ခံထားရတဲ့ လူမှ မဟုတ်တာ၊ ဒါကြောင့် အခုလို အချိန်မှာ သူနဲ့ သွား ဆွေးနွေး ပြောဆိုတာမျိုးက အချိန်ကုန် လူပမ်းယုံပဲ ရှိမှာ ပဲ။

 

Q: တရုတ်နဲ့ စစ်တပ်က ပိုနီးစပ်နေပုံရတယ်၊ NUG နဲ့ကော တိုက်ရိုက်ဆက်သွယ်မှု ရှိသလား။

 

တရုတ် နဲ့ နိုင်ငံရေး ကိစ္စတွေ အပါအဝင် ဆွေးနွေးဖို့ ဆက်သွယ်‌ရေး လမ်းကြောင်း နှစ်ခု သုံးခု ရှိထားပြီး ဖြစ်ပါတယ်၊ သူတို့နဲ့လည်း စကားပြောဆိုနေပါတယ်၊ သူတို့ဖက်ကတော့ ယဉ်ကျေးမှု ပိုင်း ကနေ ဆက်သွယ်လာပါတယ်၊ တရုတ်က သူတို့ အကျိုးစီးပွား ဖြစ်ထွန်းဖို့ မြန်မာကို တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်စေချင်တယ်၊ ဒီအတွက် စစ်တပ်ကို ဖိအားပေးနိုင်မယ် ဆိုရင် အများကြီး အကျိုးရှိမှာပါ၊ စစ်တပ်ကို ဆက်ထောက်ခံနေမယ်ဆိုရင်တော့ တရုတ် နဲ့ ဆက်ဆံ‌ရေး ကောင်းအောင် ထိန်းသိမ်းဖို့ အများကြီး အခက်အခဲတွေ ရှိလာမှာ ဖြစ်ပါတယ်၊ မြန်မာပြည်သူတွေဖက်က ရပ်တည်ပြီး စစ်တပ်ကို ဖိအားပေးလာမယ် ဆိုရင်တော့ ကျွန်တော်တို့ အများကြီး ကျေးဇူးဥပကာရ တင်နေမှာ ဖြစ်ပါတယ်။

 

Q: တောင်ပိုင်းတိုင်း စစ်ဌာနချုပ် သည် အညာ ဒေသများထက် လက်နက်အင်အား ပိုမို ပြည့်စုံနေမှု နှင့် NUG နှင့် ပို၍ ထိစပ်နေမှု အနေအထား

 

တိုက်ပွဲ တပွဲကို ဆင်နွှဲတဲ့ နေရာ မှာ မဟာဗျုဟာ ကျတဲ့ အချက်တွေကို ထည့်စဉ်းစားရပါတယ်၊ တောင်ပိုင်း နှင့် အလယ်ပိုင်းတိုင်း ဒေသ နှစ်ခုစလုံး ဟာ အင်မတန်မှ အရေးပါတယ်လို ယူဆပါတယ်၊ နှစ်နေရာစလုံးကို တပြိုင်တည်း အင်အား တောင့်တင်းလာအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဖြစ်အောင် ကြိုးစားနေပါတယ်။ အဲ့တာကြောင့် တောင်ပိုင်း ဟာ အလယ်ပိုင်းထက် အင်အားတောင့်တင်းနေတယ် လို့ ကျွန်တော် မယုံကြည်ပါဘူး၊

 

အလယ်ပိုင်း မှာ ရှိတဲ့ တိုင်း စစ်ဌာနချုပ် အမှတ် (၁) အတွက်လည်း ကျွန်တော်တို့ အင်အားတွေ ဖြည့်တင်းထားပါတယ်၊ အဲ့ဒီဒေသမှ လက်နက်တွေ တင်ပို့ဖို့ နယ်ခြား လို မရှိ ဖြစ်နေပါတယ်၊ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခံထားရတဲ့ အတွက် တော်လှန်ရေး စိတ်ဓါတ်တွေ အမြင့်မားဆုံး ရှိတဲ့ ဒေသတွေ လို့ ပြောလို့ရပါတယ်၊ စစ်စည်းကမ်းအရ ဆိုရင်တော့ တိုက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိထားတဲ့ KNU, KNPP တွေနဲ့ တွဲပြီး ရှိနေတဲ့ အတွက် တောင်ပိုင်းက ပိုအားသာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံး ဟာ တပြိုင်နက်တည်း စစ်တပ်ကို ချေမှုန်းသွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်၊ လက်နက်အင်အား ငွေအင်အား အလုံအလောက် ရှိလာတာနဲ့ တော်လှန်ရေး အလျင်အမြန် ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။

 

Q: လက်နက် တွေ ပံ့ပိုးရေးပိုင်း မှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ၊ ဒါကို NUG ရဲ့ နယ်မြေ ထိန်းချုပ်နိုင်မှု နဲ့ ဆက်စပ်နေပါသလား၊

 

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နယ်မြေ တွေကို ပေါင်းစပ်မယ် ဆိုရင် နိုင်ငံတဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်၊ ပြဿနာက လက်နက်ရဖို့ ခက်ခဲနေတာပါပဲ၊ လက်နက် စက်ရုံ ဆိုတာမျိုးလည်း မရှိတော့၊ အချို့ဆို သူတို့ရဲ့ လက်ဝတ်ရတနာတွေ ပေါင်နှံ ရောင်းချပြီး တော်လှန်ရေး အတွက် ရံပုံငွေ ထည့်ဝင်နေကြပါတယ်၊ ဒီတော့ ဘဏ္ဍာရေးပိုင်းမှာ သိပ်မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပြီး ၆၀ မမ၊ ၉၀ မမ လက်နက်တွေကိုလည်း ဂျင်ဇီးတွေက တီထွင် ထုတ်လုပ်ပေးနေတာတွေကို စစ်မြေပြင်မှာ သုံးနေပါပြီ။

 

Q: မင်းအောင်လှိုင်ရဲ့ အဓိက ရည်မှန်းချက် ကတော့ ရွေးကောက်ပွဲ လုပ်ဖို့ပဲ၊ ဒါအပေါ် NUG ရဲ့ သဘောထား။

 

ရွေးကောက်ပွဲ မဖြစ်အောင် တားဆီးသွားဖို့က ကျွန်တော်တို့ရဲ့ ဒီနှစ် အစီအစဉ်ထဲမှာ ပါပြီးသားပါ၊ မင်းအောင်လှိုင်က ရွေးကောက်ပွဲ လုပ်နိုင်မှ သူ သမ္မတ ဖြစ်မယ် ဆိုတဲ့ မဟုတ်တမ်းတရား အတွေး က ရှိနေပြီ၊ သူ အာဏာသိမ်း လုပ်ရပ်ကလည်း နေရာအနှံ့ ဆန့်ကျင်နေတာကြောင့် မအောင်မြင် ခဲ့ဖူးဆိုတော့ သူ့အတွက် နိုင်ငံတကာ အသိအမှတ် ပြု ခံရအောင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာလာတာပဲ၊ ဒီလိုမျိုး ဖြစ်မလာအောင် ကျွန်တော်တို့ တားဆီးရမယ်၊ ပြည်သူတွေ သိလာအောင် နဲ့ နိုင်ငံတကာ က အသိအမှတ် ပြုတာမျိုး၊ ထောက်ခံတာမျိုး ဖြစ်မလာအောင် ကျွန်တော်တို့ လုပ်နေတယ်၊ ကျွန်တော်တို့ဟာ အစိုးရ ဖြစ်နေတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စားဝတ်နေရေး တွေ မထိခိုက်အောင်တော့ အသေအချာ ဂရုတစိုက် လုပ်သွားဖို့ အစီအစဉ်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

 

Q: စစ်တပ် နဲ့ ဆွေးနွေးဖို့ NUG ရဲ့ ခံယူချက်

 

စစ်တပ်ရဲ့ တွေးခေါ် လုပ်ပုံကိုင်ပုံ တွေကို ပြည်သူတွေ က သိထားပြီး ဖြစ်ပါတယ်။ ဘယ်တုန်းကမှလည်း (လူထုအပေါ်) ရိုးသားခဲ့သူတွေ မဟုတ်ပါဘူး၊ ၁၉၆၃ ကတည်းက ငြိမ်းချမ်းရေး စကား ပြောပြီး ဟန်ဆောင်လာခဲ့ကြတာပါ၊ ငြိမ်းချမ်းရေးလည်း မလိုလားဘူး၊ ပြည်သူတွေ ကို ငဲ့ရကောင်းမှန်းလည်း သိတဲ့ လူတွေ မဟုတ်ဘူး။ သူတို့ အကျိုးပဲ သူတို့ကြည့်တတ်တဲ့ လူစားမျိုးတွေပါ၊ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အစိုးရ ဖြစ်နေလို့ ပြည်သူတွေ ဖက်က သူတို့နဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိမရှိ ပေါ် မူတည်ပြီး ဆုံးဖြတ်သွားပါမယ်။

 

Q: လက်ရှိ NUG ၏ အောင်မြင်မှု နှင့် နှစ်ကုန်ပိုင်း အလားအလာ။

 

၂၀၂၃ တွင် တော်လှန်‌ရေးကြီးသည် ကျွန်တော်တို့ စီမံထားသည့်အတိုင်း အရှိန်မြင့်တက်လာနေပြီ ဖြစ်ပါတယ်။ အကြီးမားဆုံး အောင်မြင်မှု က တော့ တော်လှန်ရေး အတွက် ခိုင်မာတောင့်တင်းတဲ့ အုတ်မြစ်တွေ ချပေးနိုင်ခဲ့တာပဲ လို့ ပြောချင်ပါတယ်။ ဒီ အုတ်မြစ်တွေရဲ့ အရေးကြီးဆုံး အပိုင်းကတော့ မင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့ လုပ်ရပ် မအောင်မြင်အောင် ပြည်သူ တရပ်လုံး ပါဝင်နိုင်ခဲ့မှုပါပဲ။ နောက်ထပ် အောင်မြင်မှု တရပ်ကတော့ PDF တွေကို တူမီးတွေ နေရာမှာ စက်သေနတ် တွေ နဲ့ ပြောင်းပေးနိုင်ခဲ့တာပါပဲ။

 

ကျွန်တော်တို့ဖက်က “မအောင်မြင်ခဲ့လို့ ရှိရင်” ဆိုတဲ့ စကား ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး၊ တော်လှန်ရေးကြီး အောင်ကို အောင်ရမယ်၊ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့ မင်းအောင်လှိုင် နဲ့ စစ်တပ်ကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

 

Q: NUG ဖက်က ခုထိ “ခုခံစစ်ပွဲ” လို့ပဲ ကျေညာထားတာမျိုး ရှိပါတယ်၊ ဒါကို အရှိန်မြှင့်ဖို့ ထပ်ပြီး ကျေညာချက် ထုတ်ဖို့ ရှိပါသေးလား။

 

ကျွန်တော်တို့ စဉ်းစားနေပါတယ်၊ D-Day ကိုတော့ ခုထိ မကျေညာသေးပါဘူး၊ တော်လှန်ရေးကို အရှိန်မြင့်ဖို့ လိုအပ်လာရင် ကျေညာသွားဖို့ ရှိပါတယ်။ ၂၀၂၁ မှာ ကျေညာခဲ့တာ က အတော်လေး အောင်မြင်မှု ရခဲ့တဲ့ အတွက် တော်လှန်‌ရေးကို အရှိန်မြှင့်သွားဖို့ နောက်ထပ် ကျေညာချက်တခု ထပ်ထုပ်ဖို့ လိုကောင်း လိုလာနိုင်ပါတယ်၊ ဒါကလည်း နိုင်ငံရေး အခြေအနေပေါ် မူတည်နေတယ်။

 

(ကယားပြည်နယ် ဒီမောဆိုး မြို့တွင် အောင်ပွဲခံခဲ့သော ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ၏ အံ့မခန်း အောင်မြင်မှုများကို ဂုဏ်ပြုသည့် အနေဖြင့် အလှုငွေများ ထည့်ဝင်လှုဒန်းပေးကြပါရန် နှိုးဆော်အပ်ပါသည် ... မိမိ၏ စကားချပ်)

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!