ဒေါ်နယ် ထရန့် - ရီပတ်ဘလီကင်- ဒေါ်အောင်ဆန်းစုကြည်

by Hla Soewai - Jan 03 2020

“ဘယ်သူ မဆို တရားဥပဒေ အထက် မှာ ရှိသင့်လား”

 

‘အပြင်းထန်ဆုံး မတရားမှု တွေကို ကျုးလွန်ခဲ့တဲ့ ဒီလို လူ‌ကော တရားဥပဒေ အထက် မှာ ရှိသင့်လား’

 

အဆိုပါ မေးခွန်းကို ဖီလာဒဲဖီယားရှိ ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကြီး တခုလုံး ဟိန်းထွက်သွားအောင် ဟစ်အော် မေးမြန်းလိုက်သူကတော့ ဂျော့ချ် မေဆင် ဆိုသူ ဖြစ်ပါတယ်၊ သူသည် သမ္မတ အား တရားစွဲ ဆို နိုင်သည့် အပိုဒ် ကို ဖွဲ့စည်းပုံထဲ ထည့်သွင်း ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။

 

ယခုအခါ ရီပတ်ဘလီကင် အောက် နှင့် အထက် လွှတ်တော်အမတ် များ အလည်း အလားတူ မေးခွန်းမျိုး နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

 

ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အောက်လွှတ်တော် တရားရေး ကော်မီတီ မှ သမ္မတ ထရန့်အား အာဏာကို အလွဲသုံးစား လုပ်မှု၊ ကွန်ဂရက်၏ လုပ်ငန်းများကို နှောက်ယှက်မှု အစရှိတဲ့ အမှု နှစ်မှု နဲ့ တရားစွဲ ဆို လိုက်ပြီ ဖြစ်ပါတယ်။

 

သို့သော် လုပ်ငန်းစဉ် အရ အထက်လွတ်တော်ကို တင်သွင်း ရဖို့ ရှိနေပြီး သမ္မတ ကို ဖြုတ်ချဖို့ လွှတ်တော် အမတ် စုစုပေါင်း ၁၀၀ မှာ သုံးပုံ နှစ်ပုံက ထောက်ခံမှ ဖြစ်ပါတယ်။ ဒီမိုကရက် တွေ ဖက်က ၄၇ ဦး ရှိနေပြီ ဖြစ်တဲ့အတွက် ထရန့်ရဲ့ သမ္မတ ရာထူးသည် အလိုအလျောက် ရီပတ်ဘလီကင် အမတ် ၂၀ ရဲ့ လက်ထဲမှာ ရှိသွားပြီလည်း ဖြစ်ပါတယ်။

 

Image Credit: The Economist (December 12th 2019)

 

သို့သော် ရီပတ်ဘလီကင် အမတ်များဖက်ကတော့ တုတ်တုတ်မှ မလှုပ်ရဲ အောင် ငြိမ်ချက်သား ကောင်းနေပါတယ်။ သူတို့ ရဲ့ မဲဆန္ဒနယ်မြေများမှာ ရှိနေတဲ့ ထရန့် ကို ထောက်ခံနေကြတဲ့ မဲဆန္ဒရှင်များရဲ့ ညိုညင်တာ စိုးစိမျှ မခံရဲတာကြောင့်လည်း ဖြစ်ပါတယ်၊ အများစုက ထရန့် ရဲ့ လုပ်ရပ်တွေကို ရွံရှာ မုန်းတီးနေကြပေမယ့် ပြောင်ပြောင်တင်းတင်း မဲပေးတဲ့ အထိ တော့ မစွန့်စားရဲရှာပါဘူး။

 

ထိုသို့ ရီပတ်ဘလီကင် အမတ်များရဲ့ သူရဲဘောကြောင်လှတဲ့ လုပ်ရပ်ကို ကိုယ်ကျင့်တရား ပျက်ပြားမှု အဖြစ် မည်သည့် လူ့အခွင့်အရေး အဖွဲ့များ၊ မီဒီယာများက ပြောင်ပြောင်တင်းတင်း မတိုက်ခိုက်ရဲကြပေမယ့် ငြိမ်းချမ်းရေး နိုဘဲဆုရှင် အမျိုးသမီးကြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အပနာမ ပြောဆို ရှုတ်ချဖို့ ဝန်မ‌လေးခဲ့ကြပါဖူး၊

 

ဒေါ် အောင်ဆန်းစုကြည်ကို တိုက်ခိုက်သလို ရီပတ်ဘလီကင် အမတ်များကို အုံနဲ့ကျင်းနဲ့ ပြောဆို တိုက်ခိုက်ကြမယ်ဆိုရင် အခြေအနေတွေ တမျိုး ပြောင်းသွားနိုင်ပါတယ်၊

 

မြန်မာတို့က မူဆလင်များကို မမုန်းတီးကြပေမယ့် မိမိတို့ နိုင်ငံထဲ ရွှေ့ပြောင်းလာကြပြီး အင်အား သန်းချီ ရှိလာတဲ့ အခါ အမည်တခုတပ်ပြီး တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုလာတဲ့ အထိ အတင့်ရဲလာမှုကို မည်သို့မျှ လက်မခံနိုင်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်၏ အဆင်ခြင်မဲ့စွာ ပြုမူခဲ့မှုကို အခွင့်ကောင်းယူပြီး လူသောင်းချီ သတ်ဖြတ်ခံရကြောင်း၊ ထောင်ချီတဲ့ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရကြောင်း ပုံကြီးချဲ့ ကာ မိမိတို့နိုင်ငံအား လူမျိုးတုန်း သတ်ဖြတ်သည်ဟု စွပ်စွဲချက်နဲ့ နိုင်ငံတကာ, တရားရုံးအထိ ခြေဆန့်လာခဲ့ကြခြင်းဖြင့် ဘယ်လိုမှ ပြန် အဆင်ပြေစရာ အကြောင်းမရှိတဲ့ အနေအထားကို အရေမရ အဖတ်မရ ဖန်တီးလာခဲ့ကြပြန်ပါတယ်၊

 

ထိုသို့သော အနေအထားတွင် ရခိုင်ပြည်နယ်ရှိ မူဆလင်များဖက်က ကာကွယ်မပေးရကောင်းလား ဆိုပြီး ဝေဖန်ရှုတ်ချနေကြတာ ဖြစ်ပါတယ်။ ထိုသို့ ဝေဖန်ပြောဆိုနေသူများက တကယ်တမ်းတွင် electoral calculation အရ သူတို့ မဲဆန္ဒ ရှင်များ ညိုညင်မှာ ကို လုံးလုံး မခံရဲကြသူများ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မြန်မာပြည်သူများရဲ့ ခံယူချက်နဲ့ ပြောင်းပြန်ဖြစ်စေမယ့်အရာတွေကို ပြောဖို့ အတင်းအကျပ် ဖိအားပေး၊ ဆုတွေ ရုတ်သိမ်း လုပ်လာခဲ့ကြပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမည်တပ် မခံရတာက လွဲပြီး နိုင်ငံ ခေါင်းဆောင်အဖြစ် ရပ်တည်နေရတဲ့ သူမအဖို့ စစ်တပ်ကို မထိမ်းနိုင်တဲ့ အတွက် ဖြစ်ခဲ့ရပါတယ်လို့ မည်သည့်အခါမှ ထုတ်ဖေါ် ဝန်ခံမည် မဟုတ်ပေ၊ သို့သော် ဟိဂ် တရားရုံးတွင် မြန်မာ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပြီး တာဝန်ရှိသူတွေကို အပြစ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ တော့ ပြောသွားခဲ့ပါတယ်၊ သို့သော် ၎င်းတို့ မျော်လင့်ထားသလို စစ်တပ်ကို ပြတ်ပြတ်သားသား မဝေဖန်ခဲ့တဲ့ အတွက် ထပ်မံပြီး ရှုတ်ချခဲ့ကြပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အဖို့ စစ်တပ်ကို လည်း ကာကွယ်တဲ့ သဘောမျိုး မရောက်အောင်ရယ်၊ ၎င်းတို့ မျှော်လင့်သလို အပြစ်ကို ဝန်ခံတဲ့ ပုံစံမျိုးလည်း မဖြစ်အောင် လိမ္မာပါးနပ်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် မြန်မာပြည်သူများ အဖို့ လုံးဝအားရ ကျေနပ် ခဲ့ကြပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် က သူမ နိုင်ငံအတွင်း အခြေအနေများ တိုးတက် ကောင်းမွန်လာတာကို မြင်လိုပေမယ့် ဒီလို ဖြစ်လာအောင် ပြည်ပ မှ စွက်ဖက်လာတာမျိုးကို လက်ခံမယ့် သဘောမရှိပါဖူး၊

 

မြန်မာဟာ သူမရဲ့ အမျှော်အမြင်ကြီးမှု နဲ့ အတူ မှန်ကန်တဲ့ လမ်းကြောင်းပေါ် စတင် ရွေ့လျားနေပြီ ဖြစ်ပါတယ်၊ သို့သော် ခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ ၁၉၆၀ နောက်ပိုင်း အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပွဲလို့ ယူဆထားမှုတွေ ရှိနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကတော့ continuity Vs Change တို့ရဲ့ အားပြိုင်ပွဲ ဖြစ်ပြီး စစ်တပ်နောက်မြီးဆွဲ ပြည်ခိုင်းဖြိုး ပါတီကို လွှတ်တော်ထဲက မောင်းထုတ်နိုင်ယုံ ဖြစ်တဲ့အတွက် ဆန္ဒခံယူပွဲ ပုံစံမျိုး နဲ့ သွားဆင်နေတယ်လို့ လေ့လာသူတွေက သတ်မှတ်ခဲ့ကြပါတယ်၊ ယခုအခါတော့ continuity အင်အားစုများက ပုံစံအမျိုးမျိုး နဲ့ အသင်းအဖွဲ့များ ထောင်ပြီး လုံးဝအနိုင်ရဖို့ မျှော်လင့်မထားရဲကြပေမယ့် အင်အယ်ဒီ အဖို့ သူတို့ မျက်နှာ ကြည့် လှုပ်ရှားရမယ့် လူနည်းစု ပုံစံမျိုး ဖြစ်အောင် တွန်းပို့ဖို့ ရည်ရွယ်နေပါတယ်၊ ဒါ့အပြင် စစ်တပ်ကလည်း ၂၀၂၀ မှာ အကောင်းဆုံး လုပ်သွားမယ်၊ ပြည်သူများ လက်တွဲကြဖို့ ပြောလာပြန်တဲ့ အတွက် ဘာတွေ စိတ်ကူးနေလဲ မသိနိုင်ပါဘူး၊ ဒီလို အနေအထားမျိုးမှာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ရေး ဆက်လက် တွန်းအားပေးနိုင်ရေး အတွက် ပေါ်ပေါက်လာနိုင်စရာ ရှိတဲ့ အနှောက်အယှက်တွေကို ပြည်သူ့အား နဲ့ အပြင်းအထန် ဖယ်ရှားသွားရဖို့ ရှိလာနေပါတယ်။

 

သို့မှသာ ၂၀၂၀ နောက်ပိုင်း မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေတဲ့ အရွေ့က ဆက်လက် ဦးဆောင်ပေးနိုင်ဖို့ နဲ့ စစ်တပ် ရဲ့ နိုင်ငံရေး မှာ ဆက်လက် လူတွင်ကျယ် လုပ်နေမှုများ အပြီး အပိုင် ချုပ်ငြိမ်းပြီး ပိုင်ရှင် အစစ်ဖြစ်တဲ့ ပြည်သူတွေ လက်ထဲ အချုပ်အခြာ အာဏာ ပြန် ထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။