ကုလ လုံခြုံရေး ကောင်စီ ဆွေးနွေး

by Hla Soewai - Apr 17 2023

အပြစ်မဲ့ ပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့ရသည့် ကန့်ဘလူ မြို့နယ် ပဇီကြီး ကျေးရွာ ‌အား အကြမ်းဖက် စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်မှု အပေါ် ကုလ လုံခြုံရေး ကောင်စီ တွင် ဆွေး နွေး ကြသည်။

 

အမေရိကန် သံအမတ်ကြီး မစ္စက် လင်ဒါ သော

မတ်စ် ဂရင်းဖီလ် မှ မြန်မာ စစ်ခေါင်းဆောင်များ၏ ‌လူ့အသက် တချောင်းကို လားလားမျှ တန်ဖိုး မထား ဆိုသည်ကို ထင်ရှားစွာ ပြဆိုနေသော လုပ်ရပ် အဖြစ် ထောက်ပြသွားခဲ့သည်။

 

ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နှင့် အာဆီယံ အချက် ၅ ချက်အား အကောင်အထည် ဖေါ်ရေး နှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများ အား တရားဥပဒေ ကြောင်းအရ အရေးယူ နိုင်ရေး များအတွက် ထောက်ခံပေးသွားရမည် ဖြစ်သည်ဟုလည်း ဆိုသည်။

 

ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ ကျန်ရှိနေသော မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးပါရန် ကုလသမဂ္ဂ အား ပန်ကြားခဲ့သည်။

 

ယခုအခါ ပဇီကြီး ရွာ တွင် သေဆုံးသူ အရည်အတွက် စုစုပေါင်းသည် ၁၆၀ ရှိလာပြီ ဖြစ်သည်ဟု မြေပြင် ကယ်ဆယ်ရေး သတင်း အရင်းအမြစ်များက အတည်ပြုခဲ့ပြီ ဖြစ်သည်။

 

ယခု တကြိမ်တည်းလည်း မဟုတ်၂၀၂၃ နှစ်စ မှ စ‌၍ အကြမ်းဖက် စစ်တပ်သည် လေကြောင်းမှ အရပ်သား ပစ်မှတ်များ အား ၂၃ ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။

 

ထိုကဲ့သို့ အရပ်သားများ အား လေကြောင်းမှ တိုက်ခိုက်ခြင်းသည် မည်သို့သော အကြောင်းပြချက် နှင့် မျှ ဆင်ခြေ ပေး၍ မရသော ပြစ်မှု ကြီး ဖြစ်နေသော်လည်း နိုင်ငံတွင်းရှိ ပညာရှိ ကဝိကျော် အချို့ကမူ စစ်ဆင်ရေး နယ်မြေ အတွင်း လူစုလူဝေး လုပ်သည့် အတွက် NUG က လူထုကို တောင်းပန်ရမည်ဟု စစ်တပ် အပေါ် ကျိတ်မနိုင် ခဲမရ ဖြစ်နေသော လူထု ၏ ဒေါသ ကို လမ်းလွှဲပေးခဲ့ကြသည်။

 

၎င်းတို့ကိုယ် ၎င်းတို့ ပညာရှိ ကဝိကျော် များဟု ခံ

ယူထားကြသည် နှင့် အမျှ အတွေးများကို အများ နှင့် မတူအောင် ဘယ်လို ပြောရပါ့ ဆိုကာ မိုးကုတ် စက်ဝိုင်း အထိ ဆန့်ထုတ်တတ်ကြသူများ ဖြစ်သည်။

 

၎င်းတို့ အပြောရ ဆိုလျှင် ပစ်မည် မှန်း သိသိကြီး နှင့် လမ်းပေါ်ထွက် ဆန္ဒပြ ခဲ့သူများပင် အပြစ်ရှိနေသလို ဖြစ်လာနေသည်။ ထိုလူများကို လမ်းပေါ် ထွက်လာအောင် အကယ်၍ စည်းရုံးသူ ရှိခဲ့မည်ဆိုက ထိုသူသည် တောင်းပန်ရပေတော့မည်။

 

ဇော်မင်းထွန်း ကလည်း NUG သည် ရွာသူ ရွာသား များကို အတင်းအကျပ် လာရောက်ခိုင်းကြောင်း၊ ထိုမျှမကသေး ထို နေရာတွင် လက်နက်သိုလှောင်ရုံများ ရှိနေပြီး မြေပြင်တွင်လည်း မိုင်းများ ထောင်ထား၍ ယခုလို ဖြစ်ရသည်ဟု သွေးရူးသွေးတမ်း ပြောလာခဲ့သည်။ သို့ဆိုက ထိုသို့ အတင်းအကျပ် လာရောက် ခိုင်း၍ ရောက်လာသော လူစုလူဝေး ကြီး ရှိနေမှန်း သိသိကြီး နှင့် ကျုးလွန်ခဲ့ခြင်း ဖြစ်မှန်း ပေါ်လွင် ထင်ရှားလာခဲ့ပြန်သည်။

 

ယခု အခါ အာဆီယံ သည် အပြင်းအထန် ဝေဖန်ခံနေရပြီ ဖြစ်သည်၊ အင်ဒိုနီရှား အား အထင်တကြီး ရှိခဲ့သော်လည်း လက်တွေ့တွင် သုံးစားမရ ဖြစ်လာနေ၍ နိုင်ငံတကာ မှ ဝင်ရောက်ဖြေရှင်း မှ ဖြစ်တော့မည်ဟု ပြောလာကြပြီ ဖြစ်သည်။

 

အမေရိကန်သည် ဒေသတွင်း အာဆီယံ ၏ ကြားနေမှု အား အတင်းအကျပ် ဖိအားပေးသလို ဖြစ်က ၎င်းတို့ကို ငြိုညင်လာမည် စိုး၍ အရိပ်အခြေ ကြည့်ကာ အလိုက်သင့် အလျားသင့် အချက် ငါးချက် ကို လိုက်ပြောနေရခြင်း ဖြစ်သည်၊ ထို့ပြင် အမေရိကန် ၏ မြှောက်ပင့် ပေးမှု ကြောင့် နိုင်ငံတွင်း အခြေအနေ များ ပိုဆိုးသွားရခြင်း ဖြစ်သည်ဟု အပြောခံရမည် အရေးကိုလည်း ရှောင်ရှားလိုပုံရသည်။

 

အမေရိကန် သည် အာဆီယံကြောင့် မြန်မာ အရေး အပေါ် အတတ်နိုင်ဆုံး ချုပ်တည်းနေရခြင်း ဖြစ်သည်။ ယူကရိန်း စစ် တွင်ပင် မြန်မာမှ လွဲ၍ အာဆီယံ အဖွဲ့ဝင် နိုင်ငံ အားလုံး ကြားနေကုန်ကြ၍ အမေရိကန် တို့ တုန်လှုပ်သွားခဲ့ပြီး သတိကြီးစွာ ထားနေကြခြင်းလည်း ဖြစ်သည်။

 

လက်ရှိ မြန်မာ အရေး တွင် အာဆီယံ အဖို့ အကြီးအကျယ် နာမည်ပျက်လာနေ၍ ရှေ့လျောက် မြန်မာ စစ်ဗိုလ်ချုပ် များကိုပဲ ရင်ခွင်ပိုက်ပြီး ‌ဖြေရှင်းဖို့ ကြိုးစားဦးမည်လော၊ သို့မဟုတ် နိုင်ငံတကာ နှင့် ပူးပေါင်းပြီး ပြတ်သားသည့် အရေးယူ မှုများ ပြုလုပ်မည်လော ကို ဆုံးဖြတ်ရတော့မည်ဟု ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံတကာ လုံခြုံရေး နှင့် လေ့လာရေး ဌာန ပါမောက္ခ သစ်တီနန် ပေါင်ဆူဒီရက်က ပြောသည်ကို စင်္ကာပူ ချန်နယ်နယူးစ် တွင် ဖေါ်ပြထားသည်။

 

လက်ရှိ အနေအထားသည် အာဆီယံ အဖို့ စစ်ဗိုလ်ချုပ်များကို ရင်ခွင် ပိုက် ဖြေရှင်းသည့် နည်းလမ်း မျိုး နှင့် ခရီးဆက်၍ မရအောင် ဖြစ်လာနေပေပြီ။

 

မလေးရှား၏ မြန်မာအရေး အကြံပေး အဖွဲ့ မှ အာဏာသိမ်းပြီး နောက်ပိုင်း အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်းပြီး နိုင်ငံတကာ လူ့ကျင့်ဝတ် ဥပဒေ များ နှင့် ဂျီနီဗာ ကွန်ဗင်းရှင်း ကို ဖေါက်ဖျက်လာသည်မှာ ယခုအခါ အထိ ထိတ်လန့် ကြောက်ရွံ့ဖွယ် အကောင်းဆုံး အဖြစ်ဆိုးကြီးပင် ဖြစ်ပြီး အာဆီယံ၏ အချက် ငါးချက် သည် ကျရှူံးသွားခဲ့ရပြီ ဆိုသည်ကိုလည်း ရှင်းလင်းစွာ ပြဆိုလိုက်ခြင်း ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ထို အကြောင်းနှင့် ပတ်သက်၍ Free Burma Ranger တည်ထောင်သူ ဒေ့ဖ် အူဘင့်ခ် မှ ယခုလို သုံးသပ်သွားခဲ့သည်။

 

မြန်မာ စစ်ခေါင်းဆောင်များသည် ပြည်သူတို့ ၏ ရရာလက်နက်စွဲကိုင် ခုခံ တွန်းလှန်လာမှု အား မည်သို့မျှ နိုင်အောင် နှိမ်နှင်း နိုင်စွမ်း မရှိတော့သည်ကို ယမန် နှစ် နှစ်လည်ပိုင်းကတည်းက သဘောပေါက်ပြီး ဖြစ်နေသော်လည်း ပြေးစရာ မြေမရှိ လည်း ဖြစ်နေပြန်သည်။

 

တိုက်ခိုက်‌ ရေး ဖက်တွင်လည်း ထိရောက်မှု မရှိ ဖြစ်နေပြန်သဖြင့် လူထုအား စိတ်ဓါတ်ကျဆင်းပြီး တော်လှန်ရေး အင်အားစု များကို ထောက်ခံရဲခြင်း မရှိစေရန် ယခင်လို စစ်ရေး ပစ်မှတ်များကို မဟုတ်တော့ပဲ စာသင်ကျောင်းများ၊ ဆေးခန်းများ ကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လာကြသည့် ဗျုဟာကို နှစ်စပိုင်း မှ စ၍ ပြောင်းလဲ ကျင့်သုံးလာကြသည်ဟု ဆိုသည်။

 

အကြမ်းဖက် စစ်တပ် မှ စစ်ရေး အရှိန် မြှင့်တင်လာခြင်းသည် နိုင်ငံတကာ၏ ပြင်းထန်စွာ ရှုတ်ချ ခံရမှု ကြောင့် ပွဲဦးထက်တွင်ပင် တပ်လန် သွားခဲ့ရပြီ ဖြစ်သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!