ထိုင်း ရွေးကောက်ပွဲ ရလဒ် မြန်မာ အပေါ် သက်ရောက်မှု ရှိနိုင်မည်လော - ဩစတေးလျှ ပညာရှင် နှစ်ဦး ၏ အမြင် / တွန် အင်ဒရူး၏ "မရဏ ကုန်သွယ်ရေး" အစီရင်ခံစာ

by Hla Soewai - May 19 2023

ပြီးခဲ့သည့် အပတ် အတွင်း အာဆီယံ ခေါင်းဆောင်များ၏ ထိပ်သီး ‌တွေ့ဆုံပွဲအား အင်ဒိုနီရှား နိုင်ငံ ဖလောရက်စ် ကျွန်းတွင် တွေ့ဆုံခဲ့ကြရာတွင် အာဏာသိမ်းပြီး နောက် ဖြစ်ပွားလာသော မြန်မာ အကျပ်အတည်း ကြီး ဖြေရှင်းရန်ထက် ၎င်းတို့ အကြား သဘောထား တူညီ မှု ရှိရေး အပေါ်သာ ဦးစားပေးနေကြောင်း ထင်ရှားလာခဲ့သည်။

 

အချို့ အာဆီယံ အဖွဲ့ဝင်များက မြန်မာ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေသော်လည်း အချို့က ပြီးတာတွေ ပြီးပစေ ဟုဆိုကာ မြန်မာအား ခွင့်လွှတ်ပြီး အဖွဲ့အစည်းထဲ ပြန်လည် ခေါ်သွင်းရန်ပင် အားသန် နေကြသည်။

 

ထိုင်း စစ်အာဏာသိမ်း ခေါင်းဆောင် ပရာရွတ် ချန် အိုချာသည် NUG နှင့် ဆက်ဆံဖို့ အင်ဒိုနီရှား နှင့် မလေးရှား အစိုးရများလောက် စိတ်ပါလက်ပါ မရှိပဲ သူလို အာဏာသိမ်း လမ်းစဉ် နောက် လိုက်လာသည့် မင်းအောင်လှိုင်၏ အကျပ်အတည်းကို နားလည်မှု ပေးနေခြင်းမှာလည်း အံ့အားသင့်စရာ တော့ မဟုတ်ပေ။

 

ယခုအခါ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထွက်ပေါ်လာသော ထိုင်း ရွေးကောက်ပွဲ သည် အာဆီယံ၏ မူဝါဒ သိသိသာသာ ပြောင်းလဲလာရေး အတွက် အဓိက ကျသော သော့ချက် နေရာတွင် ရှိလာသည်။ ထွက်ပေါ်လာသော ရလဒ်များအရ လစ်ဘရယ် သဘောထားရှိ ရှေ့သို့ချီ ပါတီ Move Forward သည် ပါလီမန်တွင် အမတ်နေရာ အများဆုံး ရရှိလာခဲ့သည်။

 

ထိုင်း စစ်အာဏာသိမ်း အဖွဲ့က ဖန်တီးထားသော ‌ဖွဲ့စည်း ပုံ ပိုင်း အဟန့်အတားများကို ကျော်လွှားနိုင်ခဲ့မည် ဆိုလျှင် လူကြိုက်များသော ပါတီ ခေါင်းဆောင် လူငယ် တဦး ဖြစ်သည့် ပီတာ လင်ဂျရိုနတ် သည် ဝန်ကြီးချုပ် ဖြစ်လာရန် အလားအလာ လွန်စွာ ကောင်းသူ ဖြစ်လာခဲ့သည်။

 

သူ၏ ပါတီသည် စစ်တပ် နှင့် ၎င်းတို့ ၏ လက်ဝေခံ ပါတီများ အား ပြတ်ပြတ်သားသား ဆန့်ကျင်ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ သူသည် တဖက်နိုင်ငံရှိ စစ်အာဏာသိမ်း အဖွဲ့ နှင့် မည်သို့မျှ အစေးကပ်မည့်သူမျိုးလည်း မဟုတ်ပေ။

 

သူ၏ အောင်မြင်မှု သည် တိုးတက်မှု ကို လိုလားပြီး နိုင်ငံတကာ ကို လှမ်းမျှော်ကြည့်တတ်လာသည့် မျိုးဆက်သစ် လူငယ်များ ၏ ရည်မှန်းချက်များ နှင့် အဖန်တရာတေနေ‌သော အာဏာရှင် စနစ် လမ်းကြောင်း ပေါ် လျှောက်ရန်သာ စိတ်ကူးစိတ်သန်း ရှိနေသူများ အကြား ကွာဟချက် ကြီးမား‌လာနေပြီ ကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုင်း လူငယ်များသည် စစ်တပ် နှင့် ထီးနန်းကို မကျေနပ်ကြောင်း ၎င်းတို့၏ ဆန္ဒကို အကြီးအကျယ် ထုတ်ဖေါ်ပြသခဲ့ကြပြီးလည်း ဖြစ်သည်။ ယခုအခါတွင် တော့ ၎င်းတို့ မဲပြားများဖြင့် ထပ်မံ ထုတ်ဖေါ်လိုက်ခြင်းလည်း ဖြစ်သည်။

 

ပီတာ သည် စကားပြောရာတွင် ချက်ကျလက်ကျ ပိုင်ပိုင်နိုင်နိုင် ပြောနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်တဦး ပီပီ ကမ္ဘာ တွင် လက်ရှိ ကျင့်သုံးနေသော စနစ် အကြောင်းကိုလည်း နှံ့စပ်သူ ဖြစ်သည်။ ၎င်းသာ ဝန်ကြီးချုပ် ဖြစ်လာမည် ဆိုက အာဆီယံ ၏ ကွန်ဆာဗေးတစ် အယူအဆများကို ဆွဲကိုင် လှုပ်ရမ်းလာမည့် သူလည်း ဖြစ်သည်။

 

ညွှန်ပေါင်း ပုံစံဖြင့် အကြိတ်အနယ် ရှိလာမည့် ထိုင်း နိုင်ငံရေးသာမက စစ်တပ် မှ အချိန်မရွေး ဝင်ရောက် နှောက်ယှက်လာမည့် အန္တရာယ်များ အကြား သတိကြီးစွာ ထား၍ လှုပ်ရှားရမည် ဖြစ်သော်လည်း ရှေ့သို့ချီ ပါတီ သည် ၎င်းတို့ ၏ နိုင်ငံခြားရေး မူဝါဒ အမှတ် တံဆိပ် ကို မြန်မာအရေး အား ကိုင်တွယ်ရာတွင် ဗွေဆော်ဦး ခပ်နှိပ် လာဖို့ ရှိနေသည်။

 

ထိုနေရာတွင် အာဆီယံအား ရေရှည်လာမည့် လူသားတို့၏ အကျပ်အတည်းများ၊ မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒ ဖက်ဆီ အပါဆွဲခေါ်နိုင်မည်လော။

 

ဘန်ကောက်ရှိ နိုင်ငံခြားရေး မူဝါဒ ပိုင်းဆိုင်ရာ ပညာရှင်များကမူ မြန်မာတွင် စစ်အာဏာရှင် စနစ် အမြစ်တွယ်လာပါက အားလုံး အတွက် အန္တရာယ် ရှိနေပြီ ဆိုသည်ကို ကောင်းစွာ သိမြင်ထားကြပြီး ဖြစ်သည်။ မြန်မာရှိ လူငယ်များကလည်း ထိုင်း ရွေးကောက်ပွဲအား စိတ်ရှည် ပြီး ဇွဲရှိရှိ ဖြင့် မလျော့တမ်း လုပ်ကိုင်သွားမည်ဆိုက နောက်ဆုံးတွင် အောင်ပွဲ ခံနိုင်မည် ဆိုသည့် နမူမာ အဖြစ် ရှူမြင်လာကြမည်လည်း ဖြစ်သည်။

 

ရှေ့သို့ချီ ပါတီသည် ၎င်းတို့၏ မဲပုံးမှ ပေါ်ထွက်လာ‌သော ရလဒ်ကို ကြည့်၍ အာဏာဆီသို့ တက်လှမ်း နိုင်အောင် လုပ်နိုင်ခဲ့မည် ဆိုက ကျန် အာဆီယံ နိုင်ငံများ သတိမပြုပဲ နေ၍ မရအောင် ဖြစ်လာပေမည်။

 

မြန်မာ၏ အနာဂတ် သည် ထိုင်း အပေါ် အတော်များများ တည်မှီလာနေပြီ ဖြစ်သည်။ လက်ရှိ စစ်ခေါင်းဆောင်များသာ အာဏာကို စွန့်လွှတ်သွားခဲ့လျှင် မြန်မာနှင့် ပတ်သက်၍ အာဆီယံ၏ လက်ရှိ ရပ်တည်မှုသည် အပြောင်းအလဲများ ပေါ်ထွက်လာနိုင်မည် ဖြစ်သည်ဟု ဩစတေးလျှ တက္ကသိုလ် များမှ အဒမ် ဆင်ဆန် နှင့် နီကိုလပ်စ် ဖါရယ်လီ တို့မှ Australian Strategic Policy Institute တွင်ရေးသားထားသည်။

 

တွန် အင်ဒရူး၏ "မရဏ ကုန်သွယ်ရေး" အစီရင်ခံစာ

********

 

ဆန်အိပ် ရာပေါင်းများစွာ ကို လေကြောင်း၊ရေကြောင်းမှ စစ်တွေသို့ တင်ပို့ထားပြီ ဟု အာဏာသိမ်း အဖွဲ့မှ ကျေညာထားသော်လည်း မြို့ခံ လူထု သည် သောက်သုံးရေ နှင့် ဆန်များ ရရှိရေး တန်းစီ စောင့်စားနေရဆဲ ဖြစ်ပြီး ကုလ အရာရှိများက စစ်တွေသို့ ဝင်ရောက်ခွင့်ရရန် ညှိနှိုင်းနေရဆဲ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

 

ထိုအချိန်တွင် ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး မှ စစ်‌ ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ အနည်းဆုံး ဒေါ်လာ တစ်ဘီလီယံ ဖိုး လက်နက်များ နှင့် ထုတ်လုပ်ရာတွင် သုံးမည့် ကုန်ကြမ်းများ တင်သွင်းခဲ့သည်ဟု ပါရှိဟု ယနေ့ ထုတ်ပြန်သော ၎င်း၏ အစီရင်ခံစာ တွင် အသေးစိတ် ပါရှိလာခဲ့သည်။

 

မြန်မာ ပြည်သူများ အား နှိမ်နှင်းရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း နှင့် စင်္ကာပူ တို့ ပံ့ပိုးပေးလျက် ရှိသည်ဟု ဆိုသည်။

 

ရုရှား မှ ဒေါ်လာ ၄၀၆ သန်း ဖိုး၊ တရုတ် မှ ၂၆၇ သန်း ဖိုး တင်သွင်းခဲ့သည်၊ အဓိက အားဖြင့် စင်္ကာပူ ကုမ္ပဏီ ပေါင်းများစွာ မှ ဒေါ်လာ ၂၆၀ သန်း ဖိုးကို ကပစ တွင် လက်နက် ထုတ်လုပ်ရန် ကုန်ကြမ်း များ တင်သွင်းခဲ့သည်ဟု လည်း ပါရှိသည်။

 

သတင်း‌ဆိုး ဖြစ်သော်လည်း ကောင်းသည့် ဖက်မှ ကြည့်လျှင် မည်သူတို့ ပါဝင် ပတ်သက်နေသည်ကို ယခုအခါ အတိအကျ သိနိုင်ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

 

လက်နက် ကုန်သည်များသည် စင်္ကာပူ ဘဏ်များကို အဓိက ထား သုံးစွဲ နေကြသဖြင့် စင်္ကာပူ အစိုးရ ခေါင်း‌ ဆောင် များ အနေဖြင့် ယခု အစီရင်ခံစာ ပါ အချက်အလက်များကို အသုံးပြု၍ အတတ်နိုင်ဆုံးတားမြစ်ပေးပါရန် မိမိ အနူးအညွတ် ပန်ကြားလိုကြောင်းလည်း အင်ဒရူးက ပြောဆိုခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!