စင်္ကာပူ သတင်းစာ မှ အာဆီယံ ယာဉ်တန်း ပစ်ခတ် ခံရမှု စစ်ကောင်စီ လက်ချက်ဟု ဆို

by Hla Soewai - May 19 2023

ယင်း နှင့် ပတ်သက်၍ စထရိတ်တိုင်း သတင်းစာ ခေါင်းကြီး ပိုင်း မှ ယခုလို ရေးသားလာခဲ့သည်။

 

၄၂ ကြိမ် မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အကြို နေ့ ဖြစ်သော မေလ ၇ ရက်နေ့ တွင် ကယ်ဆယ်ရေး ပစ္စည်း များ နှင့် အတူ အင်ဒိုနီရှား နှင့် စင်္ကာပူ သံအရာရှိများ လိုက်ပါလာသည့် ယာဉ်တန်းအား ရှမ်းပြည်နယ် တနေရာတွင် အမည် မသိ သေနတ်သမား များ၏ ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

 

ယင်းသည် စနစ်တကျ ကြိုတင် ကြံစည်ကာ နေပြည်တော် အနေဖြင့် မိမိတို့၏ ပြည်တွင်းရေး ကိစ္စကို ကိုင်တွယ် ဆောင်ရွက်နေ မှု အပေါ် မည်သို့မျှ ဝင်ရောက် စွက်ဖက်ခွင့် ပြုမည် မဟုတ်ဟု ခြိမ်းချောက် သတိပေးလိုက်ခြင်း ဖြစ်သည်ဟု အများက ထင်မြင်ချက် ပေးခဲ့ကြသည်ဟု ပါရှိလာခဲ့သည်။

 

ယင်းသည် မြန်မာ စစ်ခေါင်းဆောင်များ၏ ခေါင်းမာမှု၊ အကြမ်းဖက်ရန်သာ စိတ်အား ထက်သန်နေမှု များသည် အာဆီယံ ၏ သည်းညည်း ခံနိုင်မှု အတိုင်းအတာ ကို အပြင်းအထန် စမ်းသပ်ခံလိုက်ရခြင်း ပင် ဖြစ်သည်ဟု ဆိုသည်။

 

အာဆီယံ၏ ၄၂ ကြိမ်မြောက် အစည်းအဝေး တွင် မြန်မာပြဿနာ ကို မည်သို့မည်ပုံ ဖြေရှင်းမည်နည်းဟု အကြံသစ် ညဏ်သစ်များ ထွက်မလာခြင်း ကပင် ပြည်သူတို့၏ တော်လှန်‌ရေး အတွက် မိမိတို့ လုပ်စရာ ရှိသည်များ ကို ပြတ်သားစွာ ဆက်၍ လုပ်ကိုင်ခွင့် ရသွားစေရန် လမ်းဖွင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

နိုင်ငံတကာကလည်း အာဆီယံ အချက် ငါးချက် ဆိုသည့် တေးဘုမ္မာ ကြီးကို လည်း သီဆို တီးမှုတ်ခွင့် မရရှာတော့။

 

လက်ရှိ မိုခါ မုန်တိုင်း ကိုင်တွယ်ပုံ နှင့် ဆက်၍ လေကြောင်းမှ တိုက်ခိုက်မှု များ ကျုးလွန်နေမှု နှင့် ပြည်သူကို ရန်သူ အဖြစ် သဘောထားစေကာ ရှုးတိုက် လွှတ်ပေးနေသော အဖြစ်များကို ကြည့်မည်ဆိုက မြန်မာ ပြည်သူများသည် မင်းအောင်လှိုင် လက်အောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်ခွင့် ရလာနိုင်သည်ဟူသော အတွေးများသည် မိမိကိုယ် မိမိ အရူးလုပ် လှည့်စားနေခြင်း သက်သက်သာ ဖြစ်မည် ဆိုသည်က ထင်ရှားသည်ထင်ရှားလာနေသည်။

 

မင်းအောင်လှိုင်၏ မဲသမာမှု ခေါင်းစဉ်တပ်ကာ အာဏာလုယူခဲ့မှု ကြောင့် အပြစ်မဲ့ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ကြရခြင်း၊ မိသားစုပေါင်းများစွာ ၏ ဘဝများ ဖျက်ဆီး ခံခဲ့ရခြင်း၊ အိုးအိမ် စည်းစိမ် များ ဆုံးရှုံးခဲ့ကြရခြင်း အစရှိသည် တို့ ကြုံခဲ့ကြရပြီး ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးလည်း ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။

 

မြန်မာပြည်သူတို့ က မင်းအောင်လှိုင် နှင့် သူ၏ လက်ပါးစေ စစ်တပ်၏ ထင်တိုင်းကြဲလာနေမှု အပေါ် Enough is enough ဟု ယူဆခဲ့ကြပြီ ဖြစ်သည်။

 

ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်ရန် နိုင်ငံများ အားလုံးက အင်နှင့် အား နှင့် မူဝါဒ အမျိုးမျိုး ချမှတ်ကာ ရုန်းကန် နေကြချိန်တွင် မိမိတို့ အနီးအနားတွင် ဆိုမာလီ၊ ဆူဒန် ကဲ့သို့ နိုင်ငံမျိး ပေါ်ပေါက်လာမည့် အရေးကို မည်သူက ကြည်ကြည်ဖြူဖြူ လက်ခံထားနိုင်ကြပေမည်နည်း။

 

အားလုံးက သဲထဲ ခေါင်းစိုက်ကာ မည်သို့မျှ ပြောင်းလဲခြင်း မရှိသော လက်ရှိ အနေအထား ကို ဆက်၍ သွားခွင့် ပြုမည် ဆိုက မိမိတို့ အကျိုးစီးပွား များ ပျက်စီးရာ ပျက်စီးကြောင်း ဖန်လာဖို့ ရှိသည်ကို တရုတ်က အစ သဘောပေါက်လာကြပြီ ဖြစ်၍ နောက်ကွယ် မှ ၎င်းအား ဖြုတ်ချ နိုင်ရန် တစိတ်တဝမ်း တည်း ပူးပေါင်းလာကြတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင် အတွက် အဆုံး၏ အစ သည် ရောက်ရှိလာပေတော့မည်။

 

နောက်ဆုံးရရှိသော CNN သတင်းအရ မုန်တိုင်းဒဏ်ကြောင့် စစ်တွေရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းအတွင်း လူပေါင်း ၄၀၀ နီးပါး သေဆုံးက အမြောက်အမြား ပျောက်ဆုံးလျက် ရှိနေသည်ဟု သိရသည်။ မင်းအောင်လှိုင် အဖို့ နိုင်ငံတကာ မှ အကူ အညီ များ ပေးရန် စိုင်းပြင်းလာမည့် အရေးကို စိုးရိမ်ပူပန်လာနေပြီ ဖြစ်သည်။

 

လက်နက်များ ဝယ်ယူခြင်း၊ ကျပ်ဘီလီယံ ပေါင်း များစွာ သုံးကာ အရည်မရ အဖတ်မရ ပွဲလမ်း များ ပြုလုပ်နေသူ လက်ထဲသို့ ထည့်မည် မဟုတ်သည်က သေချာနေခြင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ