ဂျပန် အမျိုးသမီးကြီး အသက် ၁၁၇ ဖြင့် ကမ္ဘာ အသက်အရှည်ဆုံး စံချိန်ချိုး

by Hla Soewai - Jan 06 2020

ဂျပန်အမျိုးသမီးကြီး ကာနီ တာနာကာ သည် ဂျပန်နိုင်ငံတောင်ပိုင်း ဖူကုအိုကာ ရှိ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွင် ၂၀၂၀ ဇန်နဝါရီ ၂ ရက်နေ့၌ သူမ၏ ၁၁၇ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းနှင့်အတူ ကမ္ဘာ ဂင်းနစ် စံချိန် ချိုးသွားခဲ့ပြီ ဖြစ်ပါတယ်၊ 

 

 

 

ဂေဟာ ဝန်ထမ်းများ၊ မိတ်ဆွေ အပေါင်းအသင်းများ ရှေ့မှာ သူမရဲ့ မွေးနေ့ ကိတ်မုန် တချပ်ကို စားရင်း အရသာ ရှိတယ်၊ ထပ်လိုချင်တယ်ဟု ပြောခဲ့ပါတယ်၊

 

 

တာနာကာ ၏ သတင်းသည် ဂျပန်နိုင်ငံတွင် လျင်မြန်စွာ ကြီးထွားလာနေတဲ့ သက်ကြီးရွယ်အို များ နဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းလာနေမှုများကြောင် အလုပ်သမား များ လိုအပ်လာနေမှု နဲ့ စီးပွားရေး တိုးတက်မှု များမှာ စိုးရိမ်မကင်း ဖြစ်နေရကြောင်း ထပ်မံ မီးမောင်းထိုးပြနေပါတယ်။

 

REUTERS