အင်ဒိုနီရှား၏ အကြိမ်ပေါင်း ၆၀ တွေ့ဆုံမှု

by Hla Soewai - May 19 2023

အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မှ မိမိတို့၏ သံခင်း တမန်ခင်း ကြိုးပမ်းမှု သည် အော်လံ သာ မသုံးသော်လည်း သက်ဆိုင် ပတ်သက်နေသူ များ နှင့် အကြိမ်ပေါင်း ၆၀ ခန့် နောက်ကွယ်တွင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲ တွင် ပြော‌ဆိုခဲ့သည်။

 

ထိုအထဲတွင် အာဏာသိမ်းအဖွဲ့၊ တိုင်းရင်းသား အဖွဲ့များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ အိန္ဒိယ၊ ထိုင်း နှင့် တရုတ် နိုင်ငံ တို့ ပါဝင်သည်ဟု ဆိုသည်။

 

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ နီးကပ်လာသည် နှင့် အမျှ အားလုံးက ၎င်း၏ quiet diplomacy ပေါ် မေးခွန်းထုတ်လာကြပြီး တိုးတက်မှု တစုံတရာ ရှိမရှိ သိချင်လာနေကြသည်။

 

သို့သော် ဘန်ကောက် နှင့် နယူးဒေလီတို့တွင် Track 1.5 ဆိုကာ ခွဲထုတ် ပြုလုပ်‌ခဲ့ခြင်းကပင် အကြိမ် ၆၀ သည် လေကုန်ခြင်း သက်သက်သာဟု ယူဆကြ၍ ဖြစ်ပေမည်။

 

လက်ရှိ ပြည်သူတို့ ၏ လက်နက်စွဲကိုင် တော်လှန်နေမှု ကြီးသည် NUG က လူသူစုရုံး လက်နက် တပ်ဆင်‌ပေး၍ ပေါ်ပေါက်လာခြင်း မဟုတ်ဆိုသည်ကို ပြတ်သာ ရှင်းလင်းစွာ ရှုမြင်တတ်ဖို့ လို‌အပ်နေသည်။

 

စစ်အာဏာသိမ်း အဖွဲ့ ၏ လူမဆန်အောင် ရက်စက် ကြမ်းကြုပ်မှု များ ကြောင့် နာကျည်းစိတ် အပြည့် နှင့် တွန်းလှန်နေသူများ ရှိနေသလို၊ အနာဂတ် ပျောက် ဆုံးသွားရသော တိုင်းပြည်ကို နှမျောတသ ယူကြုံးမရ စိတ်ဖြင့် ပြန်လည် အဖတ်ဆယ် နိုင်ရန် တိုက်ပွဲ ဝင်နေကြသူများလည်း ရှိသည်။

 

ထိုသို့သော ပြည်သူများ၏ ဆန္ဒကို လစ်လျုရှူ မည့် မည်သို့သော ကြိုးပမ်းမှု မျိုး မဆို အောင်မြင်ဖို့ လမ်းမမြင်။

 

နှစ်နှစ် ကျော်လာသော်လည်း မည်သို့မျှ အောင်မြင်မှု မရခဲ့သည့် အချက် ငါးချက် ကိုလည်း စွဲကိုင်နေမှု ကပင် အနောက်နိုင်ငံသားများ အမြင်တွင် အာရှ သားတို့၏ collective psyche သည် သုံးစား၍ မရ ဆိုသည်က ဗူးပေါ်သလို ပေါ်နေပြီ ဖြစ်သည်။ စိတ်ပညာအရ ဆိုလျှင် monoculture ဟု ခေါ်ဆိုကြသည်၊ ပြဿနာ တခုကို အခြား ဖြစ်နိုင်ခြေများ မစဉ်းစားပဲ single mindset တခုတည်း ဖြင့် ဇောက်ချ ဖြေရှင်းရန် ကြိုးစားနေကြခြင်း မျိုး ကို ခေါ်ဆိုသည်။ ထိုစကားလုံးသည် သီးနှံ တမျိုးတည်းကိုသာ တနေရာတည်းတွင် စိုက်ပျိုးနေခြင်း ဆိုသည့် အဓိပ္ပါယ်ရပေသည်။

 

ဥက္ကဌ ဖြစ်နေသော အင်ဒိုနီးရှားသည် အထူးသံတမန် ကို ဥက္ကဌ လုပ်ရသည့် နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး မှ တာဝန် ယူနေသည်ထက် မြန်မာ အရေးကို ပိုင်ပိုင်နိုင်နိုင် သိထားသူ တဦးအား အမြဲတမ်း ခန့်အပ် နိုင်မှ ဖြစ်ပေမည်။

 

သို့မဟုတ်က သိတ်မကြာမီ မှာပင် လာအို လက်ထဲ အပြီးအပိုင် ထိုးအပ်လိုက်ရပေတော့မည်။

 

အခုလာမည့် အစည်းအဝေး တွင် အနည်းဆုံး ထို အချက်ကို သဘောတူ အကောင်အထည် ဖေါ်နိုင်ခဲ့မည် ဆိုလျှင် ကြီးမားသော တိုးတက်မှု တခု ဖေါ်ဆောင် နိုင်ခဲ့ခြင်းဟု ‌ဆိုကာ ကျေးဇူးတင်ရမလို ဖြစ်နေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!