အမေရိကန်-အီရန် အရေး အာရှ နိုင်ငံများ အပေါ် ရိုက်ခတ်မှု

by Hla Soewai - Jan 07 2020

အမေရိကန်-အီရန် ထိတ်တိုက်ရင်ဆိုင်နိုင်မှု အပေါ် အာရှနိုင်ငံများက စိုးရိမ်တကြီး စောင့် ကြည့်လျက် ရှိနေပြီး ဖီလစ်ပိုင် သမ္မတ ဒူတာ
တေးမှ အရှေ့အလယ်ပိုင်းရှိ ၎င်း၏ နိုင်ငံသားများကို ပြန်လည် ခေါ်ထုတ်နိုင်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။

တနင်္ဂနွေနေ့က စစ်ဖက် နှင့် ရဲဖက် မှအကြီးအကဲများနှင့် အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ထိတ်တိုက်ရင်
ဆိုင်တွေ့မှုများ ဖြစ်ပွားလာပါက နိုင်ငံသားများကို ရွှေ့ပြောင်းပေးနိုင်ရေး ပြင်ဆင်ထားကြရန် ရေတပ် နှင့် လေတပ်ကို တာဝန်ပေး
လိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

အီရတ်ရှိ ဖိလစ်ပိုင် နိုင်ငံသား ၆,၀၀၀ နှင့် အီရန်ထဲရှိ လူ ၁,၆၀၀ တို့ ၏ အသက်အန္တရာယ် လုံခြုံရေး အတွက် ဦးစားပေး ဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖေါ်ပြထားသည်။

အီရန်မှ အမေရိကန် ပြစ်မှတ်များကို လက်တုန့်ပြန် တိုက်ခိုက်သွားမည်ဟု ကြိမ်းဝါးထားသလို ဒေါ်နယ်ထရန့်မှလည်း ၁၉၇၉ အတွင်း
ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် သံဝန်ထမ်း၅၂ ဦးအတွက် ပြစ်မှတ် ၅၂ ခုကို ရွေးချယ်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

အီရန်သည် ၂၀၁၅ အတွင်း ကမ္ဘာအင်အားကြီး နိုင်ငံများနှင့် ချုပ်ဆိုခဲ့သော နျူကလီယား ဆိုင်ရာ သဘောတူညီချက်များကို လုံးဝ
လိုက်နာတော့မည် မဟုတ်ဟု တနင်္ဂနွေနေ့ကကြေငြာချက် ထုတ်ပြန်လိုက်သဖြင့် ဓဒသတွင်း နျူကလီယား ပြိုင်ဆိုင်ပွဲကြီး စတင်
လာမယ့် အရေးလည်း စိုးရိမ်လျက် ရှိနေကြသည်။

အခြား အာရှနိုင်ငံများလည်း ဖိလစ်ပိုင်နည်းတူ စိုးရိမ်ပူပန်ခဲ့ကြသည်။

မြန်မာမှလည်း ဒေသတွင်း ရှိ မိမိနိုင်ငံသားများ ဘေးလွတ်ရာတွင် နေကြရန်နှင့် ဆော်ဒီအာရေးဗီးယား မြို့တော် ရီယတ် ရှိ မြန်မာသံ
ရုံးကို ဆက်သွယ်နိုင်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှား မှလည်း အီရတ်တွင်ရှိသော ၎င်းတို့၏ နိုင်ငံသား ၈၆၄ ဦး အား သတိဝိရိယကြီးကြီး ဖြင့် နေကြရန် နှင့် လိုအပ်က ဘဂ္ဂဒက် ရှိ သံရုံးကို ဆက်သွယ်ရန် ကြေငြာချက်ထုတ်ပြန်ထားသည်။ ဂျကာတာရှိ ပြည်ပ နိုင်ငံသားများ ၏ လုံခြုံရေးသာ မက ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ရုပီယား
ငွေတန်ဖိုး အပေါ် ထိခိုက်လာမည်ကိုလည်း စိုးရိမ်မကင်း ရှိနေပုံရသည်။ သောကြာနေ့က ငွေတန်ဖိုးသည် ဒေါ် လာနှင့် လဲလှယ်နှုန်းတွင်
၀.၅% ခန့် ကျဆင်းသွားခဲ့သည်။ တနင်္လာနေ့အထိ ဆက်တိုက် ကျဆင်းလာနေသဖြင့် ဗဟိုဘဏ်မှ ငွေဈေးကွက်ကို ဝင်ရောက်ထိမ်းသိမ်း
ပြီး ဈေးနှုန်းတည်ငြိမ်ရေး အတွက် ပြုလုပ်သွားနိုင်ဖွယ်ရှိသည်ဟု ရိုက်တာ သတင်းကဆိုသည်။

ထိုင်းမှ အစိုးရ အရာရှိကြီးများနှင့် စွမ်းအင်ကဏ္ကမှ ကုမ္ပဏီ အကြီးအကဲ များ တွေ့ဆုံပြီး ရေနံ အရေး ဆွေးနွေးကြရာတွင် စွမ်းအင် ဝန်ကြီး ဆွန်သီယတ် ဆွန်တီဂျီရာဝေါင်မှ ထိုင်းတွင် ရေနံ စိမ်း အရံ သိုလှောင်ထားမှု ၃ ဘီလီယံ လီတာ ခန့် ရှိနေပြီး ရက်ပေါင်း ၅၀ ဖူလုံကြောင်းနှင့် ၁၇ ရက်စာ လုံလောက်
သည့် LPG တန် တသိန်းရှိနေကြောင်း ထုတ်ဖေါ်‌ပြောဆိုသွားခဲ့သည်။

အခြေအနေ ပိုမို ဆိုးဝါးလာလျင် ထိုင်း ပို့ကုန်များ အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရဖို့ရှိနေကြောင်း၊ ယင်းသည် အရှေ့အလယ်ပိုင်း
သို့သာမက အာဖရိက ပို့ကုန်များပါ ထိခိုက်လာနိုင်သည်ဟု ကုန်သွယ်ရေး မူဝါဒ နှင့် မဟာဗျုဟာ ရေးရာ ညွန်ကြားရေးမှုးချုပ်
ပင်ချာနော့ ဗွန်ကောပွန်မှ ပြောကြားခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်တာရို အာဘေးမှ လည်းအခြေအနေများ အပေါ် သူ့အနေနှင့် လွန်စွာစိုးရိမ်မကင်း ဖြစ်လျက်ရှိကြောင်း တနင်္လာနေ့
က သတင်းထောက်များကို ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။ ဒီဇင်ဘာလအတွင်းက အာဘေးသည် အီရန် သမ္မတနှင့် တွေ့ဆုံခဲ့ရာတွင်
အရှေ့ အလယ်ပိုင်း၌ တင်းမာမှု အရှိန် ‌လျော့ချနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။ ဂျပန် ကက်ဘိနက်မှလည်း ယင်းဒေသရှိ
ဂျပန် ရေကြောင်းသွားလာမှု ကို စောင့်ကြပ်ကြည့်ရှုနိုင်ရန် ဂျပန်၏ Self-Defence Force (SDF) ကို ဖြန့်ကျက်ချထားရန် အတည်ပြုထားပြီး ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဂျိုင်ရှင်ကာ သည်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယို ထံ တယ်လီဖုန်း ဆက်သွယ်ပြီး
မိမိနိုင်ငံ အနေဖြင်ြ ပင်လယ်ကွေ့မှ ရေနံကိုသာ မှီခို အားထားနေရကြောင်း နှင့် အိန္ဓိယအတွက် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများ
ကို ပြောဆို ဆွေးနွေးသွားသည်ဟု သိရသည်။

တရုတ်ပြည်ကမူ ‌ဒေသအတွင်း မတည်ငြိမ်မှုကို ဆိုးသည်ထက် ဆိုးအောင် ပြုမူ ခြင်း ဖြစ်သည်ဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆို
သွားခဲ့သည်။ နှစ်ဖက်စလုံး ငြိမ်းချမ်းရေး နှင့်တည်ငြိမ်မှု ရရှိရန် ကြိုးပမ်းကြဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ
ပြောဆိုသွားခဲ့သည်။

တူရကီ သမ္မတ အာဒိုဂန်မှ ခေါင်းအေးအေးထား စဉ်းစားပြီး ချုပ်တည်းရန် နှင့် ပြဿနာကို အခြားနည်း ဖြင့် အဖြေရှာ၍ မရကြောင်း
အီရန် သမ္မတ ရိုဟာနီ အပါအဝင် ခေါင်းဆောင် အများအပြားအား တယ်လီဖုန်းဖြင့် ဆက်သွယ် အကြံပေးခဲ့သည်ဟု ဆိုသည်။

လူအချို့သည် မိမိတို့ ဒေသအား သွေးပင်လယ်ကြီး ဖြစ်စေရန် အချိန်ရှိသမျ အစွမ်းကုန် ကြိုးပမ်းနေကြောင်း မီဒီယာများကို ပြောဆိုရာတွင် အမေရိကန်အား စောင်းပါး
ရိပ်ခြေ ‌ပြစ်တင် ပြောဆိုသွားခဲ့သည်။

(ဗိုလ်ချုပ်ကြီး ဆူလေမန်နီး၏ ဈာပနသို့တက်ရောက်လာသူများကို တွေ့ရစဉ်)

ရည်ညွန်း။။ Nikkei Asian Review