(မြန်မာ မပါ) အာရှသားတို့ ဆင်းရဲတွင်းမှ လွတ်လာကြပြီ

by Hla Soewai - Sep 25 2023

"စက်ရုံဆိုလျှင် အာရှ၊ အာရှဆိုလျှင် စက်ရုံ" ဟူသော Factory Asia ဆိုသည့် စကားသည် အာရှတိုက်သား တို့ ၏ သမိုင်းတ လျောက် လက်ဖျားခါရလောက်အောင် စီးပွားရေး အောင်မြင်တိုး တက်နေမှု များကို ပြဆိုနေမှု ပင် ဖြစ်သည်။

 

ပြီးခဲ့သည့် ရာစု နှစ်ဝက်အတွင်း ဂျပန်၊ တောင်ကိုရီယား၊ တိုင်ဝမ် နှင့် နောက်ပိုင်းတွင် တရုတ်ပြည်တို့သည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာ အချက်အခြာ ဒေသများ ဖြစ်လာပြီး ချမ်းသာ ကြွယ်ဝသော အနောက်နိုင်ငံများသို့ တင်ပို့ ရောင်းချ လာနိုင်ခဲ့သည်။ ယင်းနှင့်အတူ သန်းပေါင်းများစွာသော အာရှ တိုက်သားတို့ ဆင်းရဲတွင်းမှ ရုန်းထွက်လာနိုင်ကြသည့် အပြင် ကြွယ်ဝချမ်းသာ လာကြသည်။

 

ထိုသို့ ပို့ကုန် ကို ဗဟိုပြု ထားသော စီးပွားရေး ပုံစံသည် နောက်တကြိမ် ထပ်မံ ရွေ့လျားလာပြန်သည်။

 

အာရှသည် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည် လုပ်ငန်းများ တဟုန်ထိုး ဖွံ့ဖြိုးစည်ပင် လာမှု နှင့် အတူ ဒေသတွင်း အပြန်အလှန် ကုန်သွယ်ရေး ပါ တိုးတက်လာခဲ့သည်။ ၁၉၉၀ တွင် အာရှအတွင်း အချင်းချင်း ကုန်သွယ်မှုသည် ၄၆ ရာနှုန်း ရှိခဲ့ရာမှ ၂၀၂၁ တွင် ၅၈ ရာနှုန်းအထိ ရောက်လာခဲ့သည်။

 

ဥရောပ ပြီးလျှင် ဒေသတွင်း ကုန်သွယ်မှု အများဆုံး တိုက်ကြီးလည်း ဖြစ်လာခဲ့သည်။ အာရှ နိုင်ငံများသည် ပို၍ ချမ်းသာကြွယ်ဝ လာကြပြီး ကုမ္ပဏီကြီးများ လည်း ငွေပင်ငွေရင်း တောင့်တင်းလာကြပြီ ဖြစ်၍ ဒေသတွင်းမှာပင် အချင်းချင်း လှည့်ပတ် မြုပ်နှံမှု များ စတင်လာနေပြီ ဖြစ်သည်။

 

ယခုအခါ နိုင်ငံ အချင်းချင်းအကြား မြုပ်နှံမှု သည် အနောက်နိုင်ငံများ ဝင်ရောက် မြုပ်နှံမှု ပမာဏ ထက် နှစ်ဆခန့်များပြားလာပြီ ဖြစ်သည်။ အများအားဖြင့် ချမ်းသာပြီး အိုမင်းရင့်ယော်လာနေသည့် ဂျပန် နှင့် တောင်ကိုရီယား အပါအဝင် တရုတ်နိုင်ငံများမှ ၎င်းတို့ထက် ပို၍ ဆင်းရဲပြီး ပျိုမြစ်နေသည့် နိုင်ငံများ ထံသို့ ဖြစ်သည်။

 

၂၀၂၁ စာရင်းဇယား များအရ စင်္ကာပူ နှင့် ဟောင်ကောင် ကို ဖယ်ထုတ်ထားမည် ဆိုလျှင် အာရှ နိုင်ငံများသည် ပြည်ပရင်းနှီးမြုပ်နှံမှု များ၏ ရှယ်ယာများကို ၅၉ ရာနှုန်းအထိ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ အနောက်တိုင်း၏ ရှယ်ယာပိုင်ဆိုင်မှု ကျဆင်းလာခဲ့ သည်။

 

ထို့ပြင် အာရှ နိုင်ငံများ အချင်းချင်း ငွေချေးဌားမှု နှုန်းသည်လည်း ၂၀၁၀ တွင် ၄၀ ရာနှုန်း မှ ၂၀၂၁ တွင် ၅၄ ရာနှုန်း ထိ ရောက်လာခဲ့သည်။ အထူးသဖြင့် ဂျပန် နှင့် စင်္ကာပူ ဘဏ်များမှ ဖြစ်သည်။ အနောက်အုပ်စု ရှိ ဘဏ်များ တဖြေးဖြေး နောက်ဆုတ်သွားခဲ့သည်။

 

ဖွံဖြိုးရေး အကူအညီ ‌ငွေချေးငှားမှုများအား အမေရိကန် သည် အများအားဖြင့် နိုင်ငံတကာ ဘဏ်များမှ တဆင့် လုပ်ကိုင်ခဲ့သော်လည်း အာရှ နိုင်ငံများကမူ တိုက်ရိုက် ထုတ်ချေး ခဲ့ကြပြီး ပမာဏ အများဆုံး လည်း ဖြစ်သည်။ ၂၀၁၅ နှင့် ၂၀၂၁ အကြားတွင် တရုတ်သည် နှစ်စဉ် ဒေါ်လာ ၅.၅ ဘီလီယံ ထိ ထုတ်ချေးပေးခဲ့ပြီး ဂျပန်သည် ၄ ဘီလီယံ၊ တောင်ကိုရီယားသည် ၂.၉ ဘီလီယံ ရှိခဲ့သည်။ ထိုထုတ်ချေးငွေများအား နည်းပညာ လွှဲပြောင်းပေးမှု များ နှင့် အတူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

ဂျပန်မှ ဖွံ့ဖြိုးရေး အကူအညီများဖြင့် ဗီယက်နမ် ရှိ ဟိုချီမင်း မြို့ကြီးတွင် စင်္ကာပူ ကဲ့သို့ MRT ရထား ပင် စတင် ပြေးဆွဲ နိုင်တော့မည် ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)

 

အာရှ နိုင်ငံများ အချင်းချင်း ပူးပေါင်းလာမှုသည် ပို၍ နက်ရှိုင်းလာဖို့ ရှိနေသည်။ ‌"ဒေသတွင်း အလုံးစုံ စီးပွားရေး အကျိုးတူ ပူးပေါင်းမှု" သဘောတူညီချက်ဖြင့် ကုန်သွယ်‌ ရေး အတားအဆီးများကို ဖယ်ရှားပစ်ခဲ့ကြသည်။

 

ဒေသတွင်းရှိ ကုမ္ပဏီများသည် supply chain အား တရုတ်ပြည် အပေါ် မှီခိုနေရမှု မှ လွတ်ကင်းလာနိုင်ရေး အတွက် အိန္ဒိယ နှင့် ဗီယက်နမ် တို့တွင် စက်ရုံများ ထူထောင်နိုင်ရန် ရှာဖွေ လာနေကြပြီ ဖြစ်သည်။

 

ယခုအခါ အာရှရှိ ဝယ်ယူ သုံးစွဲသူများ ချမ်းသာ ကြွယ်ဝလာကြသည်နှင့် အမျှ ဒေသတွင်း အပြန်အလှန် ပေါင်းစပ်မှု များလည်း တဟုန်ထိုး မြင့်မားလာခဲ့သည်၊ ယခုအခါ လူသုံးကုန်များသာ မဟုတ်တော့ပဲ စက်ရုံ အလုပ်ရုံများ နှင့် ကုမ္ပဏီများ အတွက် လိုအပ်သော ပစ္စည်းမှန်သမျှ ကို ထုတ်လုပ်လာကြသည်။

 

ကမ္ဘာငွေကြေး ရံပုံငွေ အဖွဲ့ မှ အာရှ စီးပွားရေးသည် ငါးနှစ် အတွင်း တနှစ်လျှင် ၄.၅ ရာနှုန်းဖြင့် ဖွံဖြိုးပြီး နိုင်ငံများထက် သုံးဆ ခန့် မြင့်တက်လာဖို့ ရှိနေသည်ဟု ခန့်မှန်းထားသည် အစရှိသဖြင့် ရေးသားထားသော ၂၀၂၃ စက်တင်ဘာ ၂၁ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "What Asia’s economic revolution means for the world" ဆောင်းပါးမှ ထုတ်နှုတ်တင်ပြလိုက်ပါသည်။

 

 အဓိကအားဖြင့် ရင်းနှီးမြုပ်နှံမှု များ တိုး၍ ရရှိလာခြင်း၊ အခြေခံ အဆောက်အအုံများ တိုးတက်လာခြင်း၊ လူလတ်တန်းစား များ များပြားလာခြင်း တို့အပေါ် မူတည် ခန့်မှန်းခဲ့ခြင်းပင် ဖြစ်သည်။

 

သို့သော် မြန်မာပြည်ရှိ စစ်ခေါင်းဆောင်များကတော့ ရှက်ရ ကောင်းမှန်းလည်း မသိ၊ ဘဏ်ငွေစာရင်းပင် အမည်ဝှက်ဖြင့် လျို့ဝှက်ဖွင့်နိုင်ရန် ကြံနေရပြီး တနိုင်ငံလုံး ကို ဗုံးမိုးရွာရင်း အလုပ်များနေသည်။

 

မင်းအောင်လှိုင်သည် ၎င်းအား အသိအမှတ်ပြုခံရသည်ဟု ဝါဒ ဖြန့်နိုင်ရန် သက်သက်ဖြင့်အောက်တိုဘာလထဲတွင် တရုတ်တွင် ကျင်းပမည့် ရပ်ဝန်း နှင့် လမ်းစီမံချက် ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားခြင်း ခံရရန် အသည်းအသန် လုံးပမ်းနေသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်။