နှလုံးသွင်းကြည့်ပါ

by Hla Soewai - Oct 18 2023

အာဏာသိမ်း စစ်တပ်သည် ယခုအခါ တနေ့တခြား ကျယ်ပြန့်လာနေသော ခုခံတွန်းလှန်ရေး စစ်ပွဲကြီးအား တဖါဖူးမျှ မကြုံခဲ့ရဖူးသည့် အတိုင်းအတာ ဖြင့် ရင်ဆိုင်နေရပြီ ဖြစ်သည်၊ နိုင်ငံအနှံအပြားရှိ လူထု လူတန်းစား အသီးသီး မှ စစ်အာဏာသိမ်း အဖွဲ့အား ဖြုတ်ချရေး ဟူသော တခုတည်းသော ရည်မှန်းချက်နှင့် ပါဝင်လာကြယုံမျှအမက မြန်မာ ပြည်တွင် စစ်အာဏာသိမ်းမှု ဆိုသည်ကို အပြီးအပိုင် ပပျောက်သွားနိုင်ရန် ပထမဆုံး နှင့် နောက်ဆုံး အခွင့်အရေး ကြီး အဖြစ်လည်း မှတ်ယူထားကြသည်။

 

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု မှ တနိုင်ငံလုံးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တပ်ရင်းပေါင်း ၃၀၀ ခန့် ရှိနေပြီး နောက်ထပ် တပ်ရင်းပေါင်း ၆၃ ခုသည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ တရားဝင် အသိအမှတ်ပြုခံရရန် စောင့်ဆိုင်းနေသည်ဟု ဖေါ်ပြထားသည်။ တပ်ရင်း တခုလျှင် အင်အား ၂၀၀ မှ ၅၀၀ အထိ ရှိနေသည့် PDF များအပြင် ဒေသ ကာကွယ်ရေး တပ်ဖွဲ့ ပကသ ခေါ် LPDF များလည်း ရှိနေပြန်သည်။ ထိုအဖွဲ့များနှင့် လက်တွဲ တိုက်ခိုက်နေကြသည်က စစ်တပ်အား ဆယ်စုနှစ်ပေါင်း များစွာ တိုက်ခိုက်နေကြသည့် ပို၍ အင်အားတောင့်တင်းသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပင် ဖြစ်သည်။

 

အဓမ္မ ဝါဒီများ မြန်မာ မြေပေါ် မှ အပြီးအပိုင် ကွယ်ပျောက်သွားသည့် နေ့ရောက်လျှင် မိမိတို့ ပြည်သူများ မည်မျှ အထိ ပျော်ရွှင်ကြပေမည်နည်း ဟူသော စိတ်ကို နှလုံးသွင်း နိုင်က လောလောဆယ် မပြေလည်မှု များ ကို ခေတ္တ ခဏ မေ့ထားနိုင်ကြပြီး တော်လှန်ရေး ကြီး အမြန် အောင်မြင်မှ ဖြစ်မည်ဟု ခံယူချက် များ အလိုလို ပေါ်ပေါက် လာကြလိမ့်မည်ဟု ကျွန်တော် ယူဆမိသည်။

 

ယခုအခါ ပြည်သူများကို ကျောခိုင်းကာ စစ်အာဏာရှင်များ နှင့် လူပေါင်း မှားပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သူများကို ကြည့်က ရှစ်နှစ်သာ တိုင်လာသည် ၎င်းတို့ ၏ တောင်းဆိုချက်များကို ဘာတခုမျှ မယ်မယ်ရရ လိုက်လျောပေးခဲ့ခြင်း မရှိပဲ ဒုံရင်းက ဒုံရင်းသာ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ဤသည်ကို မိန်းမောနေကြယုံမက အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းသည်ကိုပင် ပျော်ပျော်ကြီး ပါဝင်နေကြပြန်သည်။

 

အချို့ကလည်း မြန်မာစစ်တပ် ကို ကြောက်ရွံ့စိတ်များကြောင့် လက်တွဲနေကြခြင်း ဖြစ်၍ ၎င်းတို့၏ စေစားခိုင်းစေမှု များကို မလွန်ဆန်ရဲအောင် ဖြစ်နေရှာသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ တရားဝင် အစိုးရလည်း မရှိ၊ ပါလီမန်လည်း မရှိ၊ ဖွဲ့စည်းပုံလည်း မရှိတော့ပဲ ၎င်းတို့ အတွက် လက်ရှိ ရင်ဆိုင်‌နေရသော အကျပ်အတည်းများ မှ သက်သာရာ ရလိုရငြား အတင်း ဖက်တွယ်နေခြင်းသာ ဖြစ်သည်ဟု ကရင်အမျိုးသား သမဂ္ဂ ဖဒို စောတော်နီး က ပြောခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!