အခွန် မဆောင်လျှင် ပတ်စ်ပို့ သက်တမ်း တိုးမပေး

by Hla Soewai - Oct 28 2023

နိုင်ငံခြားငွေကြေးများ ‌တ နေ့တခြား တိုး၍ ပြတ်လတ်လာနေပြီ ဖြစ်သည့် အာဏာသိမ်း အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နေ့က ပြည်ထောင်စု အခွန် ဥပ‌ဒေ ကို မင်းအောင်လှိုင် သဘောတခုတည်း ဖြင့် ပြင်ဆင်သည် ဆိုကာ ပြည်ပတွင် လုပ်ကိုင်နေသော မြန်မာ နိုင်ငံသား များ နှင့် သင်္ဘောသားများ လစဉ် အခွန်ထမ်းဆောင်သည့် လက်မှတ် မပြနိုင်ပါက ပတ်စ်ပို့ သက်တမ်း တိုးပေးတော့မည် မဟုတ်ဟုနိုင်ငံ ကူး လက်မှတ် ထုတ်ပေးရေး ရုံးမှ ကျေညာချက် ထုတ်ပြန်လာခဲ့သည် ဟု မြန်မာ

နောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

JP နှင့် PS ပတ်စပို့များ ကိုင်ဆောင်ထားသူ အားလုံး နှင့် အကျုံးဝင်ပြီး မပေးဆောင်ပါက သက်တမ်း တိုးမပေးယုံမက ဖျက်သိမ်းခြင်း၊ အသစ် ထုတ်မပေးခြင်း၊ အခွန်ဥပဒေ ဖြင့် တရားစွဲဆိုခြင်းများ အထိ ပြုလုပ်မည်ဟု ဆိုကာ ပြည်ပ မှ ပြန်လွှဲငွေများကို မှီခိုနေရသည့် မိသားစု များ၏ ငွေများကို မင်းအောင်လှိုင်မှ လက်နက် အားကိုးဖြင့် ခေါင်းပုံ ဖြတ်လိုက်ပြီ ဖြစ်သည်။

 

ထို့မတိုင်မီက အလုပ်သမား အေဂျင်စီ များမှ တဆင့် သွားရောက်လုပ်ကိုင်သူများ အား ဝင်ငွေ၏ ၂၅ ရာနှုန်းအား ၎င်းတို့ပိုင် ဘဏ်များထံ လွှဲပေးရမည်ဟု အမိန့်ထုတ်ထားခဲ့ပြီး ဖြစ်သည်။ လွှဲငွေများကိုတရားဝင် သတ်မှတ်ထားသော တဒေါ်လာ ၂,၁၀၀ ဖြင့် မိသားစု ကို ထုတ်ပေးမည်ဟု သိရသည်။ အလုပ်သမား တယောက်သည် ဥပမာ ၂၅% အဖြစ် ဒေါ်လာ ၅၀၀ လွှဲပေးလိုက်သည် ဆိုက စစ်ကောင်စီ မှ တဒေါ်လာလျှင် ပြင်ပ ပေါက်ဈေးထက် ကျပ် ၁,၀၀၀ ခန့် နှိမ်ယူလိုက်၍ မိသားစု သည် ကျပ် ငါးသိန်း နစ်နာသွားရပြီ ဖြစ်သည်။

 

မြန်မာသည် အခွန်နှစ်ဖက် ပေးဆောင်စရာ မလိုသည့် double Taxation avoidance ‌သဘောတူညီချက်မျိုးကို အိန္ဓိယ၊ လာအို၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ ဗြိတိန်၊ ဗီယက်နမ်တို့ နှင့် လက်မှတ်ရေးထိုးထားပြီ ဖြစ်သော်လည်း မင်းအောင်လှိုင် ပြင်ဆင်သည့် ဥပဒေသည် အဆိုပါ သဘောတူညီချက် နှင့် မည်သို့ ယှက်နွယ်လာမည်ကို သဲသဲ ကွဲကွဲ မသိရသေးဟု အခွန်ရေးရာ ကျွမ်းကျင်သူ တဦး က ပြောပြသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုအထဲတွင် ပြည်ပတွင် နေထိုင်ပြီး စီးပွား ရေး လုပ်ကိုင်ရင်း ရသော ဝင်‌ငွေများ၊ ပုတ်ပြတ် ကန်ထရိုက် ယူလုပ်၍ ရသော ဝင်ငွေ non-salary များကိုလည်း ယခင်ကလို ကင်းလွတ်ခွင့် ပေးတော့မည် မဟုတ်ဟု သိရသည်။

 

ယခင် ဗိုလ်သန်းရွှေ ခေတ်က ထို ဥပ‌ဒေကို လက်တလုံးခြား လိမ်လည်ပြီး သံရုံး ၏ ဝန်ဆောင်ခ adminstrative fee သဘောမျိုး ကောက်ခံခဲ့ကြသည်။

 

စီးကရက်၊ အရက် ဘီယာကိုပင် အတင်းအကျပ် ဆိုင်တင် ရောင်းချ ခိုင်းနေရသူ များ အဖို့ ထိုနည်းဖြင့် ရမည့် ဝင်ငွေသည် လွန်စွာ မက်မောလောက်စရာပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!