ဝဋ် ဆိုသည်မှာ

by Hla Soewai - Oct 28 2023

၂၀၂၀ တွင် ထောက်လှမ်းရေး အကြီးအကဲ အဖြစ်မှ ပြည်ထဲရေး ဝန်ကြီး ဖြစ်လာပြီး အာဏာသိမ်းရာတွင် ရဲချုပ် ကျော်စိုးဝင်း နှင့် အတူ သမ္မတကြီး ဦးဝင်းမြင့် အိမ်အား ဝင်ရောက် ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ စိုးထွဋ်သည် လာဘ်စားမှု ပေါင်းများစွာ ကျုးလွန်မှုဖြင့် မိသားစု တစုလုံး ဖမ်းဆီး စစ်ဆေးခံနေရပြီ ဖြစ်သည်ဟု အတွင်း သတင်းရပ်ကွက်များ အား ကိုးကားပြီး ဧရာဝတီ တွင် ရေးသားထားသည်။

 

စိုးထွဋ်သည် အာဏာသိမ်း အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် အထိ တက်လှမ်းလာခဲ့သူ ဖြစ်သည်။ ဇနီးဖြစ်သူ နီလာစိန် သည် ၎င်းအား ကြိုးကိုင် ချယ်လှယ်နေသူ ဖြစ်ပြီး လာဘ်ကို လက်ခံရာတွင်ပင် အိမ်ပေါ်သို့ အထုတ်ကိုင်ပြီး တက်လာသူ မှန်သမျှ အား ဆယ်မိနစ်ထက် ပို၍ ပြောခွင့် မရှိ၊ လုပ်ပေးရမည့် ကိစ္စ မှန်သမျှ သတ်မှတ်ထားသော အချိန်အတွင်း ပြောဆိုရပြီး၊ အချိန်ပြည့်ပါက မောင်းချတတ်သူ ဖြစ်သည်ဟု ဆက်ဆံခဲ့ဖူးသည့် စီးပွားရေး လုပ်ငန်းရှင် တဦး က ပြောပြခဲ့သည်ဟု ရေးသားထားသည်။

 

စိုးထွဋ်သည် မင်းအောင်လှိုင် နှင့် နှစ်ကိုယ်တစိတ် ဟု ပြောရလောက်အောင် ရင်းနှီးသူဟု ယူဆခံထားရသူ ဖြစ်၍လည်း ယခုလို မောက်မာပြီး ထင်ရာစိုင်းခဲ့သူလည်း ဖြစ်သည်။

 

ယခုအခါ ပြည်ထဲ‌ ရေး ဝန်ကြီးဌာန လက်‌ အောက်ရှိ ဆောက်လုပ်ရေး၊ လုပ်ငန်း တင်ဒါများအား ၎င်း၏ သားနှစ်ဦး ပိုင်သည့် ကုမ္ပဏီများကိုသာ ချပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ ထံမှ လာဘ် ယူခြင်း အစရှိသည့် အမှု များ ဖြင့် သူတင်သာမက ဇနီး နှင့် သား များလည်း ဖမ်းဆီး စစ်ဆေးခံနေရပြီ ဖြစ်သည်။

 

စိုးထွဋ်၏ သားများသည် ဆောက်လုပ်ရေး၊ ဆေးရုံ၊ စားသောက်ကုန် နှင့် သွင်းကုန် လုပ်ငန်း များ ပိုင်ဆိုင်ထားကြသူများလည်း ဖြစ်သည်။

 

နီလာစိန် နှင့် သားများ အား သွားရောက် ဖမ်းဆီးရာတွင် အဖမ်းမခံပဲ တင်းခံနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

 မြို့ပေါ်ရှိ ပျောက်ကြား တပ်ဖွဲ့များ မီးကို ရေနှင့် ငြိမ်းလိုက်သလို ငြိမ်ကုပ်သွားလိမ့်မည်ဟု အတွေးဖြင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့အား ကွပ်မျက်ရာတွင် ကိုယ်တိုင်ကိုယ်ကျ စီမံ ကြီးကြပ်ခဲ့သူ စိုးထွဋ်အား ထင်သလို ဖြစ်မလာသည့် အခါ ထိုကိစ္စအပေါ် အပြစ်ပုံချ ရမည့် လူလည်း ရသွားခဲ့ပြီ ဖြစ်သည်။

 

စိုးထွဋ်သည် ကျန်းမာရေး မကောင်းဟူသော သတင်းများ ထွက်ပေါ်ပြီး နောက်တွင် ဩဂုတ်လထဲတွင် ပြည်ထောင်စု ဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် မူလစစ်ဝာာဝန်များ ပြန်လည် ထမ်းဆောင်ရန် အမိန့်ထုတ်ခံခဲ့ရသူ ဖြစ်သည်။

 

ယခု အခါ ၎င်းအား စစ်ဆေးနေဆဲ ဖြစ်ပြီး အမိန့်ချမှတ်ခြင်း မရှိသေးဟုလည်း သိရသည်။

 

စိုးထွဋ်သည် contract-looting ဟု ခေါ်သော အစိုးရ တင်ဒါများကို မိမိ မိသားစု အား ပေးအပ်နေခြင်းသည် မင်းအောင်လှိုင်လည်း လုပ်နေကျ ဖြစ်၍ လုပ်ရိုး လုပ်စဉ် အဖြစ် ယူဆလာခဲ့ခြင်းပင် ဖြစ်သည်။

 

သို့သော် သူမေ့နေသည်က မင်းအောင်လှိုင်သည် သူ့ အထက်တွင် မည်သူမျှမရှိသည့် အပြင် စစ်တပ်တတပ်လုံး သေဆိုသေ ရှင်ဆိုရှင် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စိုးထွဋ် အဖို့က သူ့အထက်တွင် မင်းအောင်လှိုင် ရှိနေခြင်းပင် ဖြစ်သည်။

 

‌မင်း‌ အောင်လှိုင်သည် မိုးမြင့်ထွန်း နှင့် စိုးထွဋ် တို့အားမည်သို့သော ရည်ရွယ်ချက်မျိုး ဖြင့် အရေးယူခိုင်းခဲ့စေကာမူ ထိုပုဂ္ဂိုလ်များသည် အနီးကပ် ယုံကြည်အားထားသူ များ ဖြစ်နေခဲ့ခြင်းကပင် ၎င်း၏ သုံးသပ် ဆုံးဖြတ်မှု သည် ‌လွန်စွာ ညံ့ဖျင်းနေသည့် poor judgement အဖြစ်သည်ထင်ရှား ပေါ်လွင်သွားရပေသည်။

 

ထို ပုဂ္ဂိုလ်များ နှင့် မိသားစု များသည် အာဏာရှင်၏ အမျက်တော်ရှ၍ ပိုင်ဆိုင်မှု များ ဆုံးရှူံးသွားရသည့် အပြင် လူတောထဲ မဝင်ရဲတော့သည့်ဘဝ၊ မည်သူမျှ ဆေးဖေါ်ကြောဖက် မလုပ်ရဲတော့သည့် ဘဝမျိုးဖြင့် အသက်ထက်ဆုံး နေသွားကြရတော့မည်သာ ဖြစ်သည်။

 

ခုခံတွန်းလှန်စစ် ဆင်နွှဲနေသည့် ပြည်သူ့ဘက်တော်သား များ အဖို့ မင်းအောင်လှိုင်လို ခေါင်းဆောင်မျိုး ရှိနေချိန်ကို အခွင့်ကောင်းယူ၍ တော်လှန်ရေးကို အမြစ်ဖြတ်နိုင်မှ ဖြစ်ပေမည်။

 

အုပ်ချုပ်နေသူများ၏ ဂုဏ်သိက္ခာ မဲ့ အကျင့်ပျက်လာမှု များကြောင့် ပြည်သူ တရပ်လုံး၏ ကိုယ်ကျင့်တရား ခံယူချက်များသည်လည်း အဆိပ်သင့် ခံရစမြဲ ဖြစ်သည်ဟု အမေရိကန် သမ္မတ ဟားဘတ် ဟူးဗား (၁၉၂၉-၁၉၃၃) က ပြောခဲ့ဖူးပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ