ကမ္ဘာတဝှမ်း ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်သူ ပေါင်း ၁၄၀၀ ရှိလာပြီဖြစ်

by Hla Soewai - Jan 26 2020

တရုတ်နိုင်ငံ အတွင်း ကူးစက်ခံရသူပေါင်း ၁,၃၇၂ ဦး အား ဆေးရုံတင်ကုသပေးနေသော်လည်း ၃၉ ဦးသာ ဆေးရုံ ဆင်းခွင့်ရသေးသည်ဟု သိရသည်။ သေဆုံးသူ အရည်
အတွက်သည် ၄၁ ဦး မှ တိုး မလာသေးဟု သတင်းများက ဆိုသည်။

 

သို့သော် ကမ္ဘာတဝှမ်း ၁၄ နိုင်ငံတွင် ရောဂါပိုး ကူးစက်ခံရသူ ပေါင်း ၁,၄၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်အထိ ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်က ကမ္ဘာတဝှမ်း အရေးပေါ် အခြေအနေ မကြေငြာသေးပဲ အခြေအနေကို စောင့်ကြည့်နေသည် ။

 

 

ထိုအထဲတွင် ဗြိတိန် နိုင်ငံ၌ ၃၁ ဦးထိ ရှိလာခဲ့သည်ဟု ဂါဒီယန်း သတင်းစာတွင် ဖေါ်ပြထားသည်။

 

 

တရုတ်ပြည်ရှိ ပြည်နယ် ၃၀ တွင် ကျန်းမာရေး စိုးရိမ်ရေမှတ် အမြင့်ဆုံးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ စီချွမ်ပြည်နယ်တွင် လူအများစုဝေးခြင်း နှင့် စားသောက်
ဆိုင်များတွင် ဧည့်ခံပွဲများ ပြုလုပ်ခြင်းတို့ကို ပိတ်ပင် တားမြစ်ထားသည်။

 

 

ဗိုင်းရပ် စတင်ဖြစ်ပေါ်ရာ ဝူဟန် မြို့ ရှိရာ ဟူဘေး ပြည်နယ်တွင်းရှိ မီးရထား ဘူတာရုံ ၇၂ ခုကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းများလည်း
ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

 

 

တရုတ် သမ္မတရှီ ကျင် ဖျင့် သည် နှစ်သစ်ကူးနေ့တွင် အစိုးရ အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက် ပြီး ရုပ်မြင်သံကြားမှလည်း ဗိုင်းရပ်စ်ပိုးသည် လျှင်မြန်သော နှုန်းဖြင့် ပျံ့နှံ့နေပြီးအခြေအနေသည် စိုးရိမ်စရာ ဖြစ်လာနေသည်ဟု သတိပေးလာခဲ့သည်။ သို့သော် တိုက်ပွဲ ကို အနိုင် တိုက် နိုင်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရို မှလည်း ရောဂါပျံ့နှံ့မှုအား ကိုင်တွယ်ရန် လုပ်ငန်းကော်မီတီ တခု ဖွဲ့စည်းခဲ့သည်။

 

 

ဝူဟန် မြို့တွင်း မြို့ပြင်သို့ ဝင်ရောက်ခွင့်နှင့် ထွက်ခွာခွင့်ကို တားမြစ်လိုက်ပြီ ဖြစ်သည်။ အခြေအနေကို ကိုင်တွယ်နိုင်ရန် အရေးပေါ် Prefabricated ဆေးရုံများကို ဆောက်လုပ်သွားမည် ဖြစ်ပြီး ပထမတခုကို ဆယ်ရက် နှင့် ဒုတိယ တခုကို ခြောက်ရက်နှင့် ဆောက်လုပ်သွားမည်ဟု သိရသည်။ ၂၀၀၃ ခုနစ် SARS ရောဂါ ဖြစ်ပွားစဉ်ကလည်း ဘီဂျင်းတွင် ဆေးရုံ တရုံကို ခြောက်ရက်နှင့် အပြီးဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။ (ပုံတွင်‌မြေတူးယာဉ် များ အလုံးအရင်း အသုံးပြုနေကြသည်ကို တွေ့နိုင်သည်)

 

 

မြို့ကြီးများအား အဝင်အထွက် ပိတ်ဆို့ထားမှုကို နောက်ထပ် ၁၆ မြို့သို့ ထပ်မံတိုးမြင့် လိုက်ပြီ ဖြစ်သည်။

 

 

အမေရိကန်သည် ဝူဟန်မြို့တွင်း ပိတ်မိနေသော နိုင်ငံသား တထောင်ခန့်အား လေယာဉ် စင်းလုံးငှားပြီး ခေါ်ထုတ်နိုင်ရန် စီစဉ်လျက် ရှိနေသည်။ သို့သော် လေယာဉ်သည် ခုံ ၂၃၀ သာရှိ၍ သံဝန်ထမ်း နှင့် မိသားစုများမှ လွဲ၍ လိုက်ပါမည့်လူများ စရိတ် ကျခံရမည်ဟုဆိုသည်။ လေယာဉ်ပေါ်တွင် ကျန်းမာရေး ဝန်
ထမ်းများ ရှိနေပြီး ကူးစက်ခံထားရသူများကို စစ်ဆေးကုသပေးသွားမည်ဖြစ်သည်။ ၎င်းတို့အားလုံး အား အမေရိကန် အနောက်ဖက် ကမ်းခြေ ရှိ တနေရာသို့ ခေါ်ဆောင်သွားမည်ဟု သိရသည်။

 

 

ပြင်သစ်မှလည်း ဘတ်စ်ကား ဖြင့် ၎င်း၏နိုင်ငံသားများကို သယ်ထုတ်နိုင်ရန် တရုတ် အာဏာပိုင် များနှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်။ ၎င်းတို့အားလုံး အား တရုတ်ပြည်တွင်းရှိ တနေရာသို့ ရွှေပြောင်းပေးကာ ၁၄ ရက် ကြာ ခြေချုပ်ထားရှိသွားမည် ဖြစ်သည်ဟု ဆိုသည်။

 

 

ထိတ်လန့်စရာ ကောင်းလာရသည်က ‌အချို့သော ကူးစက် ခံရသည့် လူများတွင် ကူးစက် ခံထားရသည့် လက္ခဏာ မပြသခြင်း ဖြစ်သည်ဟု Lance ဆေးသုတေသနဂျာနယ်တွင် ပညာရှင်များက ရေးသားထားသည်။

 

 

တရုတ်သိပ္ပံပညာရှင်များမှ ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ လက္ခဏာ အမှတ်အသားကို အလျှင်အမြန် ရှာဖွေတွေ့ရှိခဲ့ကြပြီး ရက်အနည်းငယ်အတွင်း တရားဝင် ကြေငြာနိုင်ခဲ့
၍ ကာကွယ်ဆေးများ စတင်တီထွင် နေကြပြီဖြစ်သည်ဟု ဆိုသည်။

 

 

ကိုးကား။။ ။ The Guardian (UK), New York Times, Wall Street Journal, France 24