တရုတ် နိုင်ငံသား များ လောက်ကိုင် ကို စွန့်ခွာရန် တရုတ် သတိပေး

by Hla Soewai - Nov 26 2023

ရန်ကုန်ရှိ တရုတ် သံရုံးမှ ‌လောက်ကိုင် ဒေသ ရှိ ၎င်းတို့ နိုင်ငံသားများကို ချက်ခြင်း ထွက်ခွာရန်‌ သောကြာနေ့ ညပိုင်းတွင် သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

 

ယင်းသည် မဟာမိတ် ညီနောင် တပ်ပေါင်းစု အား လောက်ကိုင် အား သိမ်းပိုက်ရန် အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု ယူဆရပေသည်။ (ပုံတွင် လောက်ကိုင် မြို့အား တွေ့နိုင်သည်။)

 

TNLA သည် သောကြာနေ့ နံနက် တွင် လာရှိုးရှိ မိုင်းကျက် စစ်စခန်းကြီး အား အပြီးအပိုင် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းနှင့် အတူ သိမ်းဆည်းရမိခဲ့သော လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ ကို ပြသထားသည့် ဗီဒီယို ဖိုင်အားလည်း ထုတ်ပြန်ခဲ့သည်။

 

ရှမ်းပြည် မြောက်ပိုင်းတွင် ယခုအခါ စခန်းပေါင်း ၁၈၀ နှင့် မြို့ ၆ မြိူကို မဟာမိတ်တပ်များက သိမ်းယူ နိုင်ခဲ့ပြီး ဖြစ်သည်။

 

ချင်းပြည်နယ် ရှိ လိုင်လင်းပီ မြို့အားလည်း ချင်း အမျိုးသား တပ်ဦးမှ သိမ်းပိုက် နိုင်ခဲ့ပြန်သည်။

 

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ် ချင်ဟိုင်းနှင့်‌ နေပြည်‌ တော်ရှိ စစ်‌ ကောင်စီ မှ တာဝန်ရှိ သူများ နှင့် နယ်စပ် တည်ငြိမ် ရေး ဆွေး‌ နွေး နေစဉ် မူဆယ် မြို ကျင်စန်းကျော့ ကုန်ကား ရပ်နားရာစခန်းဝင်း အတွင်း မီးထလောင်ခဲ့ပြီး ယာဉ် အစီးပေါင်း ၂၅၈ စီး အနက် ၁၂၀ ခန့် မီးလောင်ပျက်စီးသွားသည်ဟု စစ်ကောင်စီ မှ သတင်း ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက် သမားများ လက်ချက်ဟု စွပ်စွဲလာခဲ့သည်။ ထိုစွပ်စွဲချက်အား မဟာမိတ် တပ်ပေါင်းစု ပြောခွင့်ရ လီကျာဝင်းမှ "မိမိတို့မှ လူထု အကျိုးစီးပွား ထိခိုက်ပျက်စီး အောင် မလုပ်ခဲ့ဟု" ဆိုကာ ငြင်းဆိုခဲ့သည်။

 

မန္တလေး တဝိုက် ရှိ မြင်းခြံ နှင့် မတ္တရာ မြို့များတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိသည်။

 

ဧရာဝတီ တိုင်း အတွင်း ထိုးစစ် ဆင်နိုင်ရန် အဝေးရောက် ဧရာဝတီ တိုင်းသား များ အစည်းအဝေးကို မဲဆောက်တွင် ပြုလုပ်ခဲ့ကြောင်း ခေတ်သစ် မီဒီယာ သတင်းက ဆိုသည်။

 

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်အရ မဟာမိတ် တပ်ပေါင်းစု၏ ထိုးစစ်ကြီး စတင်လာခဲ့ချိန်မှစ၍ ယနေ့အထိ အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၃၃၃, ၅၀၀ ရှိသွားပြီဟု သိရသည်။

 

အင်ဒိုနီးရှားသည် ပဋိပက္ခတွင် အဓိက ပါဝင် ပတ်သက်နေသူများ ထဲမှ အချို့နှင့် တွေ့ဆုံ ခဲ့ရာမှ အားလုံး ပါဝင်လာမည့် ဆွေးနွေးပွဲ ဖြစ်လာနိုင်သည့် အပြုသဘော ဆောင်သော တုန့်ပြန်ချက်များ ရရှိခဲ့သည်ဟု အင်ဒို နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

နိုဝင်ဘာ ၂၀-၂၂ ရက်များ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲသို့ အာဏာသိမ်း အဖွဲ့ တက်ရောက်ခဲ့ခြင်း မရှိပဲ "ကြားခံလူများ" သာ စေလွှတ်ခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ကမူ "စစ်တပ်သည် အနာဂတ် မြန်မာ နိုင်ငံရေး မျက်နှာစာ တွင် နေရာ ယူပိုင်ခွငိ့ မရှိ၊ အရပ်ဖက် အစိုးရ အုပ်ချုပ်မှု အောက်တွင်သာ ရှိရမည်" ဟူသော မူ ဖြင့် သာ ဆွေးနွေးသွားမည်ဟု ဆိုသည်။

 

ရန်ကုန်တွင်လည်း စစ်တပ်မှ လူငယ်များအား ပေါ်တာ ဆွဲနေသည်ဟူသော သတင်းများကြောင့် ကျီးလန့်စားစား ဖြစ်နေကြပြီး၊ သင်္ကန်းကျွန်း၊ တောင်ဒဂုံ နှင့် လှိူင်သာယာ စာသင်ကျောင်းဝင်း အတွင်းသို့ စစ်တပ်မှ ဝင်ရောက်တပ်စွဲလာသဖြင့် မိဘများက ကလေးများကို ကျောင်းသို့ မလွှတ်ကြတော့ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။ တဆက်တည်း တွင် အစားအသောက်များ ဝယ်ယူ စုဆောင်းလာကြ၍ ပြည်တွင်း ဆန်ဈေးများ အဆမတန် မြင့်တက်လာနေသည်ဟု ဆိုသည်။

 

နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် The Indian Express တွင် ဆောင်းပါးရှင် အမ် ကေ ဘာဒရာကူးမား မှ လက်ရှိ ထိုးစစ်ကြီး ဖြစ်ပေါ်လာအောင် အနောက်တိုင်း ‌ထောက်လှမ်းရေး အေဂျင်စီ များမှ လိမ္မာပါးနပ်စွာ လုပ်ဆောင်ခဲ့၍ ဖြစ်သည်ဟု စွပ်စွဲ ရေးသားလာခဲ့သည်။

 

တိုင်းရင်းသား လက်နက်ကိုင်များသည် ယခုလို ညီညွတ်ခဲ့ကြခြင်း မရှိ၍ နှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်နေကြရခြင်း ဖြစ်ပြီး ယခုအခါ ပြည်ပ အင်အားစုများ၏ ကြားဝင်စေ့စပ် ပေးမှု ဖြင့် ယခုလို အနေအထား ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် လက်နက်များ သိုသိုသိပ်သိပ် ထောက်ပံ့ပေးနေသည်ဟု လည်း စွပ်စွဲထားသည်။

 

၎င်းမှ ရုရှား သတင်းစာကြီး တစောင် ဖြစ်သော အစ်ဇဗက်ရှား မှ အမေရိကန် တို့ မီးထိုးပေးလာခြင်း ဟူသော ဆောင်းပါးတွင် ပါရှိသည့် လက်ရှိတွင် အာဏာရ လာသော မြန်မာ စစ်တပ်သည် ယခုအခါ အကြီးမားဆုံး အန္တရာယ်ကြီး နှင့် ရင်ဆိုင်နေရပြီဟု ဆိုသည်ကို လည်း ပြန်လည် ဖေါ်ပြထားသည်။

 

မြန်မာအား အမေရိကန်သည် ၎င်း၏ နိုင်ငံခြားရေး မူဝါဒ တွင် မည်သည့် အခါမျှ ထိတ်တန်း ဦးစားပေး မထားခဲ့သော်လည်း ယခုအခါ တရုတ်နှင့် ရုရှားကို ထိန်းချူပ်ဟန့်တားနိုင်ရန် အတွက် ပြောင်းလဲလာပြီ ဖြစ်သည်ဟု ဆိုသည်၊ NUG ရုံးသည် အိမ်ဖြူတော် နှင့် သုံးလမ်းလောက် အကွာတွင် နေရာပေးလာသည် နယူး‌‌ ယောက်တိုင်း သတင်းစာ က ဖေါ်ပြထားခြင်း၊ NUG ဝန်ကြီးများ အမေရိကန် ကွန်ဂရက် ကြားနာပွဲများ သို့ တက်ရောက်နေကြခြင်းများကို ရည်ညွှန်းပြောဆိုလာသည်။

 

စစ်တပ် ပြိုကွဲသွားပါက ပတ်ဝန်းကျင် နိုင်ငံများ၏ တည်ငြိမ်ရေး နှင့် လုံခြုံရေး ကို ခြိမ်းခြောက်လာနိုင်သည်ဟု သတိပေးထားသည့် ဆောင်းပါးလည်း ဖြစ်သည်။

 

ဝါရှင်တန် ပို့စ် သတင်းစာတွင်လည်း ကေအင်ယူ ထံ သွားရောက် တွေ့ဆုံ သတင်းယူခဲ့သည့် ဆောင်းပါးရှည်ကြီး ပါလာသည်။

 

ယခုအခါ မြန်မာသည် နိုင်ငံတက သတင်းစာမျက်နှာ များ တွင် ပြန်လည် အသားပေး ဖေါ်ပြလာပြီး အဓိက အားဖြင့် စစ်အာဏာရှင် စနစ် အလွန် အရေး ကိစ္စများကို ဝေဖန်ရေးသား လာနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!