လောက်ကိုင် ကိစ္စသာ အဓိက ထား ဆွေးနွေးလိုပုံရ

by Hla Soewai - Dec 20 2023

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ မြို့တော် ဖြစ်သော လောက်ကိုင် အား MNDAA မှ အကောင်းပကတိ ထိန်းချုပ်သွား နိုင်ရန် မျှော်လင့်ချက်ဖြင့် စစ်ကောင်စီ နှင့် ဆွေးနွေးရန် သ‌ဘောတူခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ နောင်း မှ ၎င်းတို့ ဖတ်ရှူ့ခဲ့ရ‌ သော လေးမျက်နှာ ခန့်ရှိ စာရွက်စာတမ်းများ အပေါ် ‌အ ခြေ ခံ ပြီး ရေးသားထားသည်။

 

MNDAA သည် လောက်ကိုင် မြို့အား အလွယ်တကူ သိမ်းယူနိုင်သည့် အခြေအနေ ရှိနေသော်လည်း အာဏာသိမ်း စစ်တပ် လက်အောက်ခံ တပ်များက လေကြောင်းပစ်ကူ ဖြင့် တိုက်ခိုက်လာလျှင် လွိုင်ကော် မြို့ ကဲ့သို့ အထိနာ ကျန်ရစ် မည်ကို စိုးရိမ်နေပုံ ရှိသည်ဟု ယူဆရသည်။

 

ဒီဇင်ဘာ ၁၃ ဗုဒ္ဓဟူးနေ့က မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့မှ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီ ဆိုသော ကောလဟလ များ ကို ငြင်းဆိုလိုက်ပြီး စစ်အာဏာရှင် များ လက်အောက်မှ လွတ်မြောက်ရန် ပြင်းပြစွာ လိုလားနေသော မြန်မာ ပြည်သူများ၏ ဆန္ဒကို လျစ်လျူ မရှူ ပါ၊ ၎င်းတို့၏ စစ်ဆင်ရေး များကိုလည်း ရပ်ဆိုင်းမည် မဟုတ်၊ နောက်လှည့် ၍လည်း သွားမည် မဟုတ်ဟု (ယခု X ဖြစ်လာသည့်) တွစ်တာ ပြောလာခဲ့သည်။

 

သို့သော် တရားဝင် ထင်မြင်ချက် ရရှိရန် ရိုက်တာ အပါအဝင် သတင်းဌာနများက အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင် သေးဟု သိရသည်။

 

MNDAA ၏ စစ်ရေး လှုပ်ရှားမှုများ ရပ်တန့်သွားသယောင် ရှိသော်လည်း TNLA နှင့် AA တပ်များ သည် အပြင်းအထန် ဆက်လက် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ် အား စစ်ကောင်စီသည် ဖြတ် လေး ဖြတ် ဖြင့် ပိတ်ဆို့ပြီး လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေခြင်းကို မဟာမိတ် ညီ‌ နောင် အဖွဲ့ဝင် ရက္ခိုင် တပ် တော် ခံနေရချိန်တွင် ငြိမ်းချမ်းရေးကို တဖက်သတ် ယူသွားဖို့ ဆိုသည်က မဖြစ်နိုင်ပေ။ 

 

နောက်ထပ် အဖွဲ့ဝင်တဦး ဖြစ်‌ သော တအောင်း တပ်တော် TNLA နှင့် လည်း တိုက်ပွဲများ ဖြစ်ပွားနေရာ နမ်ဆန် မြို့မ ရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး ကစင့်ကလျား ဆုတ်ခွာသွားသော ရဲ နှင့် တပ် ပူးပေါင်းစစ် ကြောင်းကို လိုက်လံရှင်းလင်းရာ ဒုရဲမှုးကြီး၊ စစ်ကြောင်းမှုး ဗိုလ်မှုး အပါအဝင် စုစုပေါင်း ၄၀ ခန့် အသေရမိခဲ့သည်ဟု သိရသည်။

 

တော်လှန်ရေး မဟာမိတ် အဖွဲ့ မှ ကားလမ်းခရီး ဆိုက နေပြည်တော် နှင့် နှစ်နာရီ ခန်သာ သွားရသော ဖြူး ရဲစခန်းကို လည်း သိမ်းယူနိုင်ခဲ့သည်။

 

ယခုအခါ ပဲခူး ရိုးမ အရှေ့ခြမ်းအား ပြည်သူ့ကာကွယ်ရေး တပ်၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်၊ ကရင် အမျိုးသား သမဂ္ဂ နှင့် ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ်တို့မှ ပူးပေါင်း ထိုးစစ်ဆင်လျှက် ရှိနေသည်။

 

အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်၊ ကချင် အမျိုးသား လွတ်လပ်ရေး တပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ပူးပေါင်း၍ အင်းတော မြို့နယ် အတွင်းရှိ မော်လူး မြို့အား လေးနာရီ ကြာ တိုက်ခိုက်ပြီး သိမ်းယူခဲ့ပြီ ဖြစ်သည်။ ထို့အတွက် ယခုအခါ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး နှင့် မော်လူး မြို့များသည် ပြည်သူများ ပြန်လည် ရရှိသွားပြီ ဖြစ်သည်။ (ပုံတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပျော်ရွှင်စွာ အောင်ပွဲ ခံ နေသည်ကို တွေ့နိုင်သည်။ - ဧရာဝတီ)

 

၁၀၂၇ နှင့် ၁၁၁၁ စစ်ဆင်ရေး များ ဖြင့် တော်လှန်ရေး ၏ အရှိန်အဟုန်ကို အစွမ်းကုန် မြှင့်တင် နိုင်ခဲ့သော်လည်း ယခု စစ်ကောင်စီ နှင့် မဟာမိတ် ညီနောင်များ ငြိမ်းချမ်းရေး ဆွေးနွေးနေသည် ဆိုသော သတင်းများသည် ပြည်သူများ အကြား အပြင်းအထန် ရိုက်ခတ်သွားခဲ့သည်၊ သို့လော၊ သို့လော အတွေးများ ဖြစ်လာခဲ့ရသည်။

 

စစ်ကောင်စီ ဖက်ကလည်း မည်သို့ပင် ဝါဒ ဖြန့်နေစေကာမူ ယခုလို တွေ့ဆုံခွင့် ရဖို့ ကြားဝင်ပေးပါရန် တရုတ် ကို ခခယယ သွားရောက် တောင်းဆိုခဲ့ရသည့် အဖြစ်ကို ၎င်းတို့ကိုယ်တိုင် ဝန်ခံခဲ့ရသည့် က စစ်တပ်သမိုင်းတွင် ဖျောက်ဖျက်၍ မရသော အမည်းစက်ကြီး စွန်းထင် ကျဆုံးသွားရတော့မည် ဖြစ်သည်။

 

ထိုအပြင် ထောင်ထဲတွင် တပ်မှ ထွက်ပြေးမှု အစရှိသည့် ပြစ်မှု မျိုးစုံ နှင့် ရှိနေကြသည့် အကျဉ်းကျ တပ်သားဟောင်းများကို ‌ခေါ်ထုတ် ပြီး ရှေ့တန်းသို့ပို့ရန် ကြံစည်နေကြသည့် အခြေအနေအထိ ဆိုက်လာခဲ့သည်။

 

ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ မကြာမီ က ပြုလုပ်ခဲ့သော ဗီအိုအေ နှင့် အင်တာဗျူးတွင် မိမိတို့တွင် လက်နက် မပြည့်စုံသေးသော်လည်း ၎င်းတို့တွင် မရှိသည့် ပြည်သူတရပ်လုံး၏ အင်အား ရှိနေသည်ဟု ပြောသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!