ကုလ သံအမတ်ကြီး အဖြစ် ဦးကျော်မိုးထွန်း ဆက်၍ အသိအမှတ်ပြု

by Hla Soewai - Dec 25 2023

တနင်္လာနေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ ကိုယ်စားလှယ် ရွေးချယ်ရေး ကော်မတီမှ မြန်မာအား မည်သူ ကိုယ်စားပြုမည်ကို ဆုံးဖြတ်ရမည့် အ‌ ရေး အား ရွှေ့ဆိုင်းရန် တင်သွင်းလာသည့် အဆိုအား မဲမခွဲပဲ ထောက်ခံ အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။

 

ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရဖက်မှ ရပ်တည်ပေး‌နေသည့် ဦးကျော်မိုးထွန်းသည် ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် ဆက်၍ တာဝန်ထမ်းဆောင် သွားရမည် ဖြစ်သည်။

 

လက်ရှိတွင် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ညီနောင်မဟာမိတ် အဖွဲ့၏ ထိုးစစ်သည် မည်သူမျှ မျှော်လင့် မထားသည့် အောင်မြင်မှု များ ရလာနေပြီ ဖြစ်သည်။ လက်ရှိ အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၅၀ ခန့် နိုင်ငံတဝှမ်းတွင် အလံဖြူ ထောင် လက်နက်ချလာခဲ့ကြသည်။

 

ထိုသို့ အောင်မြင်မှု များ ရလာခဲ့ခြင်းသည် နိုင်ငံ တဝှမ်းရှိ တော်လှန်ရေး တပ်ဖွဲ့များ မှ မကြုံစဖူး အောင် ပူးပေါင်း ပါဝင် ထောက်ခံလာကြခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာ အရေး တာဝန်ခံ ဂျေဆန် တာဝါက အယ်ဂျာဇီယားအား ပြောခဲ့သည်။

 

ထိုသို့ အနေအထားများ ကြောင့် စစ်ဆင်ရေး၏ ခေါင်းဆောင် အဖြစ် ယူဆခံထားရသည့် MNDAA အား တပြည်လုံးက အာရုံစိုက် စောင့်ကြည့်နေကြပြီ ဖြစ်၍ ၎င်းတို့ အနေဖြင့် စစ်ခေါင်းဆောင်ပိုင်း နှင့် သဘောတူညီချက် တစုံတရာ ရယူနိုင်ဖို့ အရေး အတွက် လွန်စွာမှ ခက်ခဲလာနေရပြီ ဖြစ်သည်ဟု ဆိုသည်။

 

မိမိ အမြင်အရ ဆိုလျှင် ညီနောင်မဟာမိတ် အဖွဲ့များ မည်သို့မျှ သဘောတူ လိုက်နာမည် မဟုတ်သည်ကို တရုတ်မှ ဟသိသိကြီးနှင့် အာဏာသိမ်း အဖွဲ့အား ချွေးသိပ်နိုင်ရန် ဆွေး‌‌နွေးပွဲ ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ပြီး တဖက်တွင်လည်း ဆက်လက် ဖြစ်ပျက်နေမှုများ အပေါ် ထိန်းချုပ်ရန် အများထင်သလို မိမိတို့ ဩဇာ သက်ရောက်နိုင်ခြင်း မရှိဆိုသည်ကို ပြသလိုခြင်းလည်း ဖြစ်ပုံရသည်။

 

MNDAA အပါအဝင် ရှမ်းမြောက်ရှိ တိုင်းရင်းသား တပ်များသည် စစ်မြေပြင်တွင် အောင်ပွဲများ ရရှိရန်ရှမ်းပြည်နယ် နှင့် မန္တလေး ဒေသ အတွင်းရှိ ပြည်သူ တော်လှန်ရေး အဖွဲ့များ အပေါ် အမှီသဟဲ ပြုနေရသဖြင့် ထိုသို့ စစ်ကောင်စီ နှင့် အပေးအယူ လုပ်လာပါက ရည်မှန်းချက်တူ တိုက်ပွဲဝင်‌ နေသူများ နှင့် ဆက်ဆံရေးများ ထိခိုက်သွားမည့် အပြင် ကတိကဝတ်များ ပါ ဖေါက်ဖျက်ရာ ရောက်သွားမည်ဟုလည်း ၎င်း၏ ထင်မြင်ချက်ကို ပြောပြခဲ့သည်။

 

မန္တလေး PDF တပ်များသည် MNDAA အား တိုက်ခိုက်ရန် စစ်ကူ နှင့် ထောက်ပို့ ပစ္စည်းများ ပံ့ပိုးနိုင်သည့် လမ်းကြောင်းမှန်သမျှ ကို ဖြတ်တောက်ပေးခဲ့ပြီးလည်း ဖြစ်သည်။

 

ယခုအခါ အွန်လိုင်း လူလိမ် ဂိုဏ်းများ အရေးကို ထိရောက်စွာ ကိုင်တွယ် နိုင်ပြီဟု ယူဆလာ၍ တရုတ် အစိုးရသည် နယ်ခြား ဒေသ တည်ငြိမ်ရေး ဖက် လှည့်လာခြင်း ဖြစ်သည်။

 

သို့သော် တနိုင်ငံလုံး နှစ်ဆတိုး၍ တိုက်ပွဲဝင်လာကြပြီ ဖြစ်၍ နယ်စပ်ဒေသတွင် အပစ်အခတ်များ ရပ်သွားသည့် တိုင် ပြဿနာ က ၎င်းတို့ မျှော်လင့်ထားသလို ပြီးဆုံးသွားမည် မဟုတ်ပေ။

 

TNLA တပ်များသည် ရက် သုံးဆယ်ကြာ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ရသည့် စခန်းသစ်ကုန်း တိုက်ပွဲတွင် တနင်္လာနေ့ ည တွင် ကရိန်းကား များ နှင့် သယ်ယူရသည် အထိ လက်နက်များ တောင်ပုံရာပုံ သိမ်းယူ နိုင်ခဲ့၍ စိတ်ဓါတ်များ တဟုန်ထိုး မြင့်မားလာနေပြီ ဖြစ်သည်။ (ပုံတွင်ရှူ့)

 

တရုတ်၏ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အဖြစ် လျာထား ဆောက်လုပ်နေသည့် ရမ်းဗြဲ ကျွန်း ပင်လယ်နက် ဆိပ်ကမ်း အနီးတဝိုက်တွင် ရက္ခိုင်တပ်တော် နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်မှ ထုံးစံ အတိုင်း လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။

 

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဝန်ကြီး ဒေါက်တာ ဆာဆာ မှ စစ်ဗိုလ်ချုပ်များ အာဏာ တွင် ဆက်ရှိနေသရွေ့ တရုတ်ပြည် အတွက် အန္တရာယ်သည် ကြီးထွားသည်ထက် ကြီးထွားလာဖို့သာ ရှိနေ၍ မြန်မာပြည်သူ တရပ်လုံး၏ ဆန္ဒကို လက်ခံပြီး အမျိုးသား ညီညွတ်ရေး အစိုးရအား အသိအမှတ်ပြုရန် အချိန်ရောက်ပြီဟု အယ်ဂျာဇီယား နှင့် အင်တာဗျုးတွင် တိုက်တွန်းသွားခဲ့သည်။

 

ယနေ့ထုတ် အီကော်နောမစ် မဂ္ဂဇင်းကြီးကမူ တရုတ်အစိုးရ မှ ဟိုဖက်ရပ်လိုက်၊ ဒီဖက်ရပ်လိုက် လုပ်‌နေခြင်းသည် မြန်မာလူထု ၅၄ သန်း ကြုံတွေ့နေရသော ဘေးဒုက္ခများ အတွက် တာဝန် ရှိယုံမျှမက ပို၍ ဆိုးဝါး အောင် လုပ်နေသလို ဖြစ်နေသည်ဟု ရေးသားထားသည်။

 

ယခုအခါ မစားရသည့် အမဲ သဲနှင့် ပက်လို၍ တကြောင်း၊ တပ်တွင်း စိတ်ဓါတ်မြှင့်တင်လို၍ တကြောင်း လောက်ကိုင် မြို့နယ် အတွင်းရှိ MNDAA တပ်စခန်းများကို မင်းအောင်လှိုင် လေတပ်မှ စတင် ဗုံးကြဲတိုက်ခိုက်လာသည့် အတွက် တိုက်ပွဲများ ရှစ်ရက်ကြာ ငြိမ်သက်သွားပြီးနောက် ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာ‌နေသည်ဟု သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး ၏ အသီးအပွင့်များ အဖြစ် နိုင်ငံ အနှံ့တွင် စစ်စခန်း ပေါင်း ၄၀၀ ကျော်၊ မြိုပေါင်း နှစ်ဆယ် ကျော် နှင့် အရေးပါသော ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

 

ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ဌာနချုပ်၏ ယမန်နေ့ (ဒီဇင်ဘာ ၁၉) ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ "မဆုတ်တမ်း" စခန်းတစ်ခုကို ယခုရက်ပိုင်းအတွင်း တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကာ သံလွင်မြစ်ကမ်းဘေးတွင် စစ်တပ်စခန်းကုန်သလောက်ရှိပြီဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!