စိုးဝင်း၏ BGF ခရီးစဉ် မအောင်မြင်

by Hla Soewai - Jan 27 2024

စစ်ကောင်စီ ဒု ခေါင်းဆောင် စိုးဝင်းသည် ဖားအံ သို့ အင်္ဂါ‌ နေ့က ရောက်ရှိလာပြီး ကရင် နယ်ခြားစောင့် တပ်ဖွဲ့ ခေါင်းဆောင်ပိုင်း နှင့် တွေ့ဆုံပြီး ၎င်းတို့နှင့် လက်တွဲ မဖြုတ်ရန် နားချ ခဲ့သော်လည်း အောင်မြင်ခြင်း မရှိဟု သိရသည်။

 

BGF ဥက္ကဌ ဗိုလ်ချုပ် စောထွန်းလှိုင်မှ မိမိတို့ ဖာသာ သီးခြားရပ်တည်ပြီး ကြားနေသွားမည့် ရပ်တည်ချက် ကို ပြင်ဆင်ရန် အကြောင်းမရှိဟု ဆိုကာ စိုးဝင်းအား ပြောခဲ့ကြောင်း ကရင် ပြန်ကြားရေး ဌာ န ၏ သတင်းအား ကိုးကားပြီး ဧရာဝတီ တွင် ဖေါ်ပြထားသည်။

 

နယ်ခြားဒေသ သတင်းအရင်းအမြစ်များ အဆိုအရ လှိုင်းဘွဲ့ နှင့် အခြားဒေသများရှိ ရှေ့တန်းစခန်း မှ BGF တပ်များ ရုပ်သိမ်းသွားပြီး မြို့ပေါ် စစ်ဆေးရေး ဂိတ်များ တွင်လည်း မတွေ့ရတော့ဟု ဆိုသည်။ မြဝတီ တွင် မူ ဆက်၍ ကင်းလှည့် နေဆဲဟု သိရသည်။

 

ဗိုလ်ချုပ်စောထွန်းလှိုင်မှ စစ်တပ်သည် ၎င်းတို့ဖာသာ မနည်းရပ်တည်နေရ၍ မိမိတို့အား ဒုက္ခပေးလာမည် မဟုတ်ဟု ယုံကြည်ကြောင်းလည်း ပြောခဲ့သည်။

 

စစ်တပ်အဖို့က BGF ၏ ထောက်ခံမှု မရှိတော့ခြင်းသည် အကြီးအကျယ် ထိုးနှက် ခံလိုက်ရခြင်း ပင် ဖြစ်သည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။ တော်လှန်ရေး တပ်များအတွက် ကရင်ပြည်နယ် အတွင်း မြို့များကို သိမ်းပိုက်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်ဟု ဆိုသည်။

 

ထိုင်းစစ်ဦးစီးချုပ် နှင့် မင်းအောင်လှိုင်တို့ အွန်လိုင်းမှ တဆင့် တွေ့ဆုံခဲ့ရာတွင် ထိုင်းဖက်မှ အာဏာသိမ်း အဖွဲ့အား မြဝတီ နှင့် ရွှေက္ကိုကို မြို့သစ် ရှိ လောင်းကစားဝိုင်းများ နှင့် အွန်လိုင်း လူလိမ်ဂိုဏ်းများ အား နှိမ်နှင်းပေးရန် တောင်းဆိုလာသည်ကို မင်းအောင်လှိုင်မှ သဘောတူ ပူးပေါင်းသွားမည်ဟု ကတိပေးခဲ့ပြီးနောက် BGF မှ ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပုံရသည်။

 

ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ မှလည်း မြဝတီ ရှိ ဒုစရိုက်ဂိုဏ်းများအား တရုတ်၊ ထိုင်း အာဏာပိုင်များ နှင့် လက်တွဲပြီး နှိမ်နှင်းသွားမည်ဟု ကတိပေးခဲ့ပြီး ဖြစ်သည်။

 

BGF စစ်ခေါင်းဆောင် ဗိုလ်မှုးကြီး စောချစ်သူသည် ၎င်းလက်အောက်ရှိ တပ်ရင်း ၁၀၁၁ မှ ၁၀၂၃ အထိ ရှိသော ၁၃ ရင်းအား မြဝတီ နှင့် ရွှေက္ကိုကို အား ကာကွယ်ရန် တပ်များကို စုရုံးခိုင်းထားပြီးဟု ဆိုသည်။

 

ကရင်နီ ပြည်နယ် တွင် စစ်ကောင်စီ တပ်ရင်း များ ဘက်ပြောင်းရန် သဘောတူ

 

ကရင်နီ ပြည်နယ် အတွင်း အခြေစိုက်ထားသော စစ်ကောင်စီ တပ်ရင်းများ အားလုံး ဘက်ပြောင်းပြီး တော်လှန်ရေး တပ်ဖွဲ့များ နှင့် လက်တွဲ တိုက်ခိုက်သွားရန် သဘောတူညီချက် အပြီးသတ် ရေးဆွဲနေပြီ ဖြစ်သည်ဟု ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ မှ ဗုဒ္ဓဟူးနေ့က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

 

ဘက်ပြောင်းလာသူများကို လက်ရှိ ရာထူး၊ လစာ အတိုင်း ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ပြုမည်ဟု လည်း ဆိုသည်။ ထို့ပြင် အထူး ခံစားခွင့်များ ပါ ပေးအပ်သွားမည်ဟု သဘောတူညီချက်တွင် ပါရှိသည်။

 

စစ်ကောင်စီ တပ်များသည် ရိက္ခာ နှင့် စစ်ကူများ ရောက်မလာသည့်အပြင် တခါတရံ တွင် မှားပြီး ဗုံးကြဲ ခံနေရသည့်အတွက် ၎င်းတို့ အား အဓိပ္ပါယ်မဲ့ အသေခံ တိုက်နေရခြင်း ဖြစ်သည်ကို တပ်မှုး များက သဘောပေါက်လာကြ၍ ဖြစ်သည်ဟု KNDF ပြောခွင့်ရ က ရှင်းပြခဲ့သည်။ သို့သော် မည်သည့်တပ်ရင်းများ နှင့် အင်အား မည်မျှ ပါမည်ကို မူ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသွားခဲ့သည်။

 

မိမိတို့မှ ဘက်ပြောင်းလာသူများကို အတင်းအကျပ် တိုက်ရမည် ဟု မဆိုလို၊ ၎င်းတို့ ဆန္ဒ အတိုင်း ဖြစ်စေရမည်ဟုလည်း ဆိုသည်။

 

ကရင်နီ လူငယ်များသည် ၂၀၂၁ မေလ မှ စ၍ အာဏာသိမ်း တပ်များ အား ရရာလက်နက်စွဲကိုင်ပြီး စတင် တော်လှန်လာခဲ့ရာမှ ၂၀၂၃ နိုဝင်ဘာလ တွင် ၁၁၁၁ ထိုးစစ်ကြီး ဖြင့် စစ်စခန်း ဒါဇင်ပေါင်း များစွာ ကို သိမ်းယူ နိုင်ခဲ့သည့် အပြင် ကရင်နီ ပြည်နယ် အတွင်း နယ်မြေ အများစု ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။

 

ကေအိုင်အေ မှ ယနေ့ ထုတ်ပြန်သော သတင်းအရ နမ့်ဖတ်ကာ ရှိ စစ်စခန်း အားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီးများ၊ လေယာဉ်ပစ် အမြှောက်များ နှင့် Jammer ရွေ့လျားစက်များ အပါအဝင် စစ်လက်နက် ပစ္စည်းများ မရေတွက်နိုင်လောက်အောင် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်၊ ထို့ပြင် နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ်အတွင်း အနီးအနား တွင် ပစ်ချခံခဲ့ရသော စစ်ကောင်စီ တိုက်လေယာဉ်၏ အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဓါတ်ပုံ နှင့် တကွ သတင်းထုတ်ပြန်လာသည်။ (ပုံတွင် တွေ့ရစဉ်)

 

စစ်ကောင်စီ ၏ အနေအထားသည် နစ်မြုပ်စ ပြုနေသော သင်္ဘောကြီးပေါ်တွင် အခမ်းအနား ကျင်းပရန် စားပွဲ ကုလားထိုင်များ ခင်းကျင်းနေပုံ နှင့် အလားသဏ္ဍန်တူနေပြီး အခြေအနေကို ရိပ်စားမိသူများက ရရာ အသက်ကယ်လှေများ ဆွဲကာ ခုန်ချနေကြပြီ ဖြစ်သည်။

 

ဗုဒ္ဓဟူးနေ့တွင် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် စစ်ကောင်စီသည် တရုတ် အစိုးရ ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ကြိမ် အဖန်ဖန် ချိုးဖောက် နေခြင်းဖြင့် တရုတ် အစိုးရကို စော်ကားမော်ကား လုပ်နေသည်ဟု ပါရှိခဲ့သည်။

 

သို့သော် တရုတ်သည် ၎င်းတို့ အကျိုးရှိနိုင်မည့် ဒေသများ တွင် တိုက်ပွဲများ ရပ်ဆိုင်းသွားလျှင်ပင် ကျေနပ်နေ၍ စစ်ကောင်စီဖက်မှ ချိုးဖောက်နေကလည်း ဂရုစိုက်မည် မဟုတ်ဟု ယူဆရသည်။ ရှေ့ဆက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် စစ်ကောင်စီ အကြား ကြားဝင်ဖို့ လည်း ရှိမည်မဟုတ်ဟု စထရိတ်တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ အိမ်အား ထုခွဲ ရောင်းချရန် စစ်ကောင်စီ တရားရုံး ဆုံးဖြတ်

 

စစ်ကောင်စီ သည် ယခုအခါ မြန်မာတို့၏ ဒီမိုကရေစီ တိုက်ပွဲတွင် သမိုင်းဝင်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ အိမ်အား ဒေါ်လာ သန်း ၉၀ ကြမ်းခင်းဈေး ဖြင့် လေလံပစ်ရန် ၎င်းတို့၏ ရန်ကုန် ရှိ ကမာရွတ် ခရိုင်တရားရုံးမှ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။

 

လေလံပွဲကို မတ်လ ၂၀ ရက်တွင် အိမ်တော် မြက်ခင်းပြင်တွင် ပြုလုပ်သွားမည်ဟုလည်း ပါရှိသည်။

 

ရန်ကုန် တက္ကသိုလ် ရိပ်သာ လမ်း အမှတ် (၅၄) နေအိမ်သည် ၁.၉၂၃ ဧက ကျယ်ဝန်းပြီး ဗိုလ်ချုပ် လုပ်ကြံခံရပြီး နောက် ယခင် တာဝါလိန်း အိမ်မှ ယခုနေရာသို့ ပြောင်းရွှေ့နေထိုင်ရန် အစိုးရမှ ဇနီး ဖြစ်သူ ဒေါ်ခင်ကြည်အား ပေးခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ သားကြီး ဖြစ်သူ မှ အဆိုပါ အိမ်အား လေလံတင် ရောင်းချပြီး ၎င်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အညီအမျှ ခွဲဝေရန် အကြိမ်ကြိမ် အယူခံလွှာ တင်သ္ငင်းခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ၏ ရှေ့နေများ သည် ယခုထိ တွေ့ဆုံခွင့် မရသေး၍ သူမ၏ သဘောထား ကို မသိရသေးဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ အိမ်တော်အား သမိုင်းဝင် အမွေအနှစ် အဖြစ် သတ်မှတ်လိုက်ပြီး ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ဖျက်ဆီးခြင်းများကို ဥပဒေအရ အရေးယူ အပြစ်ပေးသွားမည်ဟု ပါရှိသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!