ကြမ္မာရဟတ်

by Hla Soewai - Jan 27 2024

မန္တလေးတိုင်း မတ္တရာ မြို့နယ် သံဃ နာယက အဖွဲ့အတွင်းရေး မှုး သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ နှစ်ရှိ ဆရာတော် ဦးဝါယမ အား စစ်တပ်မှ ဇန်နဝါရီ ပထမ အပတ် အတွင်း လာရောက် ဖမ်းဆီးပြီး နှစ်ရက် အကြာ ဓါးဒဏ်ရာနှင့် အခြား နှိပ်စက်ထားသော ဒဏ်ရာဒဏ်ချက် များ နှင့် ချောင်း တခု အနီး လာရောက် စွန့်ပြစ်သွားသည်ကို တွေ့ခဲ့ကြရသည်။

 

ဆရာတော်အား ဆေးဝါးကုသပေးခဲ့ကြသော်လည်း ရရှိဒဏ်ရာများ နှင့် ပျံလွန်တော် မူသွားခဲ့ပြီ ဖြစ်သည်။

 

ထိုသတင်းဆိုးကြီး နှင့် အတူ ရက္ခိုင် တပ်မတော် လက်မှ လွတ်ရာလွတ်ကြောင်း အိန္ဓိယ ပြည်နယ် မီဇိုရမ် ပြည်နယ်ထဲ ထွက်ပြေး ဝင်ရောက်သွားသော စစ်ကောင်စီ တပ်သားများကို ပထမ အသုတ် အဖြစ်လာ‌ ရောက် ခေါ်ယူ‌ သော စစ်လေယာဉ်သည် အင်္ဂါ‌ နေ့ နံနက် ၁၀:၃၀ ခန့် တွင် အိုက်ဇောမြို လင်ဂူပီ လေဆိပ် အဆင်း ပြေးလမ်း‌ ပေါ်တွင် လမ်းချော်ပြီး တိမ်းမှောက်ကာ စစ်သား ရှစ်ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

 

လူ ၁၄ ဦး လိုက်ပါလာ သော တရုတ်လုပ် Shaanxi Y-8 လေယာဉ်သည်လည်း လုံးဝ နီးပါး ပျက်စီးသွားခဲ့သည်ဟု သိရသည်။ စစ်သားများ ပြန်ခေါ်မည့် အစီအစဉ်လည်း ရပ်ဆိုင်းသွားခဲ့သည်။

 

နှစ်သုပ်ခွဲ၍ ပြန်လည် ခေါ်ယူရန် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် အာဏာသိမ်း အဖွဲ့ အကြား သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်သည်။

 

အဆိုပါ လေယာဉ် ပျက် စီးသွားသည့် သတင်းမီဒီယာများတွင် အကျယ်တဝင့် ဖေါ်ပြလာကြ၍ စစ်ကောင်စီ တပ်သားများ အိန္ဒိယ ဖက် ထွက်ပြေး သွားမှု အား မီးမောင်းထိုးပြလိုက်သလို ဖြစ်သွား ပြန်၍ ပို၍ ပင် အရှက် တကွဲ ဖြစ်သွားရပြန်သည်။

 

ရဟန်း သံဃာ များ ပါမကျန် ပြည်သူများ အပေါ် မြန်မာ သမိုင်း တလျှောက် တခါမှ မကြုံဖူးလောက်အောင် နှိပ်စက်နေကြသူများ အတွ့က် ကြမ္မာရဟတ်သည် တဝှီးဝှီး ဖြင့် စတင်လည်ပတ်လာနေပြီ မဟုတ်ပါလော။

 

ကချင်ပြည်နယ် မန်စီ မြို့နယ် ရှိ မန်ဝိန်းကြီး ရွာ တိုက်ပွဲတွင် ခမရ ၄၂၄ မှ ဒုတပ်ရင်းမှုး အပါအဝင် စစ်ကောင်စီ တပ်သား ၃၀ ခန့်အား ကေအိုင်အေမှ လက်ရ ဖမ်းဆီးမိပြီး ရွှေလီ မြစ်ကို ဖြတ်၍ စစ်သား ၁၇ ယောက်ခန့် တရုတ်ပြည်နယ်ထဲသို့ ထွက်ပြေးသွားကြပြန်သည်၊ ၎င်းတို့အား တရုတ် အာဏာပိုင်များမှ မူဆယ်ဂိတ် တွင် စစ်ကောင်စီ ဖက်သို့ ပြန်လွဲပေးခဲ့သည်ဟု ဆိုသည်။

 

လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ရက္ခိုင် တပ်တော််သည် ဇန်နဝါရီ ၁၄ ရက့် တွင် ပလက်ဝ မြို့ကို၎င်း၊ ယခုအခါ စစ်တွေ တဖက်ကမ်းရှိ ပေါက်တော မြို့ကို၎င်း သိမ်းပိုက်ထားနိုင်ပြီး ဖြစ်သည်။ နောက်ထပ် မြို့ ငါးမြို့ အထိ ဆက်လက် သိမ်းယူရန် ရည်ရွယ်ထားသည်ဟု သိရသည်။

 

ကရင် ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့သည် စစ်တပ်မှ ပေးသော လစာကိုလည်း မယူတော့၊ ၎င်းတို့နှင့် မပတ်သက်တော့ပဲ လက်ရှိ ပဋိပက္ခတွင် ကြားနေသွားမည်ဟု ခေါင်းဆောင်ဖြစ်သူ စောချစ်သူ က ‌ကြေငြာလိုက်သည်။ တဆက်တည်းမှာပင် KNLA တပ်မဟာ (၅) နယ်မြေ အတွင်းရှိ စစ်ကောင်စီ တပ်များ နှင့် ပူးတွဲ ကွပ်ကဲလျက် ရှိသော စခန်းမှ ၎င်း၏ တပ်သား ၃၀၀ ခန့်ကိုလည်း ရုပ်သိမ်းသွားခဲ့သည်။

 

ထိုသို့ မဟုတ်ပါက ၎င်းလက်အောက်ရှိ တပ်ရင်းများ ဘက်ပြောင်းသွားမည့် အရေး ကို စိုးရိမ်သည်က တကြောင်း၊ ရွှေကုက္ကူ လောင်းကစား မြို့အား အခိုင်အမာ ကာကွယ်ရန် ဖြစ်သည်ဟုလည်း ခန့်မှန်းနေကြသည်။

 

ထိုသို့ ရုပ်သိမ်းရန် ဇန်နဝါရီ ၁၉ ရက်နေ့တွင် စစ်ကောင်စီ ခန့် ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်း၊ ကရင်ပြည်နယ် ဝန်ကြီးချူပ် စောမြင့်ဦးတို့ အား ဖားအံတွင် တွေ့ဆုံပြီး အသိပေးခဲ့ပြီး ဟု သိရသည်။

 

ယခုအခါ စစ်တပ်မှ ၎င်းတို့ မျှော်လင့်ထားသော အပစ်အခတ် ရပ်စဲရေး မျိုး မဟုတ်၍ ထပ်တလဲလဲ ချိုးဖောက်လာနေပြီး TNLA ထိန်းချုပ် နယ်မြေ အတွင်းရှိ မိုးကုတ် နှင့် မိုးမိတ် မြို့နယ်များ အတွင်းရှိ ရွာများကို ဗုံးကြဲတိုက်ခိုက်လာသည်ဟု သိရသည်။တော်လှန်ရေး မဟာမိတ် တပ်များသည် မန္တလေး-မိုးမိတ်-ဗန်းမော်- မြစ်ကြီးနား လမ်းပေါ်ရှိ မဘိမ်းမြိုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့အတွက် တပူပေါ် နှစ်ပူဆင့် ဖြစ်လာရပြန်သည်က ရုရှား မှ ယူကရိန်း စစ်ပွဲအတွက် အရေးတကြီး လိုအပ်လာနေ၍ ၎င်းတို့ ပေးထား‌‌သော စစ် လက်နက် ပစ္စည်းများကို ပြန်တောင်းလာနေခြင်းပင် ဖြစ်သည်။ ဤသည်ကိုလည်း မင်းအောင်လှိုင် နှင့် အဖွဲ့ မဖြစ်မနေ လိုက်လျောရဖို့ ရှိနေသည်။

 

မင်းအောင်လှိုင် အား လာမည့် ဖေဖေါ်ဝါရီ လတွင် မည်သို့ လုပ်လာမည်နည်းဟု အားလုံးက စောင့်ကြည့်နေကြသော်လည်း ကလေးဆိုးကြီးသာသာ အသိဉာဏ် ရှိသူ ဖြစ်၍ မှန်းရခက်နေကြသည်။

 

လက်ရှိတွင် စစ်ကောင်စီ ဥက္ကဌ ရုံး ဝန်ကြီး ဌာန လေးခု အထိ တိုးချဲ့ ဖွဲ့စည်းလာခဲ့သည်၊ ဤသည်မှာလည်း ဝန်ကြီးဌာန (၁) နှင့် (၂) တွင် ဝန်ကြီးဆိုပြီး ချောင်ထိုး ခံထားရသော အောင်နိုင်ဦး နှင့် ကိုကိုလှိုင် တို့ အား ဖယ်ရှားလိုစိတ် မရှိ၊ သို့သော် ၎င်း၏ အနားတွင် စိတ်ချရသူ များ ဖြင့် ဝန်းရံထားလို၍ အမှတ် (၃) တွင် ဗိုလ်မှုးချုပ် အောင်ကျော်ဟိုး၊ အမှတ် (၄) တွင် ဦးအောင်သောင်းသား မိုးအောင်တို့ ခန့်ထားလာသည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ တပ်များ အကြီးအကျယ် အရေးနိမ့်နေသည်ကို မလုပ်တတ် မကိုင်တတ် ဖြစ်နေသော်လည်း အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ကိုမူ စီမံတတ်သူ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

ယင်းနှင့် ပတ်သက်၍ "သူ ကတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ဟစ်တလာလိုပဲ အာဏာရှင်ထုံးစံပေါ့ဗျာ၊ ဒုက္ခရောက်ကာမှရောက်ရော၊ နောက်ဆုံးအခြေအနေထိ တိုင်းပြည်ကို တရွတ်တိုက်ဆွဲပြီး ခေါ်သွားမယ့်အနေအထားမျိုးဖြစ်နေတယ်” ဟု နေပြည်တော်ရှိ ထိတ်တန်း စစ်အရာရှိတဦး က မှတ်ချက်ချခဲ့ကြောင်း မြန်မာ နောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!