အမေရိကန် သမ္မတ မှ မြန်မာ နှင့် ပတ်သက်၍ အရေးပေါ် အခြေအနေ သက်တမ်းတိုး

by Hla Soewai - Feb 09 2024

ယနေ့ နေ့လည် အိမ်ဖြူ တော် မှ သမ္မတ ဂျိူး ဘိုင်ဒင် လက်မှတ်ဖြင့် ကြေငြာချက် ထုတ်ပြန်ရာတွင် လက်ရှိ မြန်မာ နိုင်ငံတွင်း အခြေအနေများသည် အမေရိကန် အမျိုးသား လုံခြုံရေး နှင့် နိုင်ငံခြားရေး မူဝါဒ များ အပေါ် အထူးတလည် ခြိမ်းခြောက်နေဆဲဖြစ်၍ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နေ့စွဲ ဖြင့် သမ္မတ လုပ်ပိုင်ခွင့် အမိန့် ၁၄၀၁၄ ဖြင့် အရေးပေါ် အခြေအနေ ပြဋ္ဌာန်း သတ်မှတ်ထားသည်ကို ဆက်လက် သက်တမ်း တိုးမြ့င့်လိုက်သည်ဟု ပါရှိလာခဲ့သည်။

 

ထိုသို့ သက်တမ်းတိုးလိုက်ခြင်းဖြင့် အမေရိကန် အစိုးရသည် ၎င်းတို့၏ နိုင်ငံသားများ လုံခြုံ‌ရေး၊ အသက် အိုးအိမ် စည်းစိမ် ကာကွယ် နိုင်ရေး အတွက် မြန်မာ အပေါ် လိုအပ်လျှင် လိုအပ်သလို စီးပွားရေး အရ အရေးယူ ဒဏ်ခတ်နိုင်ခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်း နှင့် စစ်အင်အား အသုံးပြုခြင်းများ ကို ဆက်၍ ပြုလုပ်နိုင်ခွင့် ရှိသွားပြီ ဖြစ်သည်။

 

ရက္ခိုင် တပ်မတော် ၏ ထိုးစစ်များ အရှိန်မြင့်လာပြီး စစ်ကောင်စီ တပ် စခန်းများ တခုပြီး တခု လက်လွှတ်နေရသည် နှင့် အမျှ တဖက် နိုင်ငံ နယ်မြေထဲသို့ ထွက်ပြေး ဝင်ရောက်လာသူ တပ်သား အရည် အတွက် သည် များသည်ထက် များလာနေသည်။

 

ဗုဒ္ဓဟူးနေ့က နောက်ဆုံး ထွက်ပြေးလာသူ ၆၃ ဦး နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၃၂၇ ဦး ရှိသွားပြီ ဖြစ်သည်၊ ၎င်းတို့အား အချိန်မဆိုင်းပဲ အမြန် ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်မှ မြန်မာ အာဏာပိုင်းများအား အပူတပြင်း တောင်းဆိုလာခဲ့သည်။

 

သို့သော် မြန်မာဖက်မှ ၎င်းတို့အား ဖယ်ရီ ဖြင့် မောင်းတောသို့ ပြန်ပို့‌ ပေးပါဟု ‌မေတ္တာရပ်ခံချက် အား လုံခြုံရေး အရ စိုးရိမ် ရ၍တကြောင်း၊ မိမိတို့ အခွန်ထမ်း ပြည်သူများ၏ ငွေကို ကျခံ သုံးစွဲရန် အကြောင်းမရှိ ဆိုကာ ဘင်္ဂလား‌ဒေ့ရှ် မှ ပယ်ချခဲ့ပြီး လေယာဉ် ဖြင့် ပြန်ခေါ်ရန် တောင်းဆိုလာသည်။ 

 

စစ်ကောင်စီဖက်ကမူ ၎င်းတို့၏ တပ်သားများ လုံခြုံရေး အတွက် စိတ်ပူပန်ခြင်း မရှိပဲ၊ သင်္ဘောဖြင့် ခေါ်ယူခြင်းမျိုးဖြင့် တိုးတိုးတိတ်တိတ် ဖြစ်စေချင် နေသည်။

 

သို့သော် ဘင်္ဂလား‌ဒေ့ရှ် မှ ရှေ့လျောက် ရက္ခိုင်တပ်တော် နှင့် ရှေ့လျောက် ရိုဟင်ဂျာ များ ပြန်ပို့ဖို့ အရေး ဆွေး‌ နွေးရဦးမည် ဖြစ်၍ စစ်ကောင်စီ ဖက် ပင်းသည်ဟု ထင်ကာ စိတ်အနှောက်အယှက် ဖြစ် မည်ကို စိုးရိမ်‌၍လည်း ဖြစ်သည်ဟု ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးတွင် စစ်သံမှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ် ရှာရီဒူလ် ဟာဂ် က ဧရာဝတီသို့ ပြောသည်ဟု သတင်းပါရှိလာခဲ့သည်။

 

ဤသည်ကို ကြည့်က ဘင်္ဂလားဒေ့ရှ်ဖက်မှ ရက္ခိုင်တပ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို စတင် အသိအမှတ် ပြုလာပုံရသည့် သဘောမျိုး တွေ့လာရသည်။

 

စစ်‌ မြေပြင် အတွေ့အကြုံ နှင့် တိုက်စွမ်းရည် ပြည့်ဝလှပါသည်ဟု တခါက နိုင်ငံတကာက အထင်တကြီး ရှိခဲ့သော စစ်ကောင်စီ တပ်များ အိမ်နီးချင်း နိုင်ငံများထဲ ရာနှင့် ချီ၍ ထွက်ပြေး ဝင်ရောက်နေကြသည့် သတင်းက ဖုံးမရ ဖိမရ အောင် ဖြစ်လာနေသည်။

 

ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများ တွင် သေနတ်သံများ ကြားမှ ပြောင်းခင်းများကို ဖြတ်၍ အသက်လု ပြေးလာကြသော စစ်ကောင်စီ တပ်သားများ အား ရိုက်ကူးထားသော သတင်း ဗီဒီယို ဖိုင်များကို ပြသခဲ့ကြသည်။

 

ဘင်္ဂလား‌ဒေ့ရှ် ဖက်မှ ရိုဟင်ဂျာ များပါ ထပ်မံ ဝင်ရောက်လာခြင်း မရှိ‌ အောင် ယခုအခါ နယ်ခြားကို တင်းကျပ်စွာ ပိတ်ဆို့ထားသည်ဟု ဆိုသည်။

 

အင်္ဂါနေ့တွင် ရက္ခိုင်တပ်တော်သည် မြောက်ဦး နှင့် ကျောက်တော်ရှိ တပ်ရင်း ဌာနချုပ် များကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။ မင်းပြား မြို့အားလည်း ထိန်းချုပ် ထားပြီး ဖြစ်သည်။ ဒု ခေါင်းဆောင် စိုးဝင်း၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင် ရှိသော ခမရ ၃၇၉ ရှိ စစ်ကောင်စီ တပ်များ၊ မြိုနယ် အုပ်ချုပ် ရေး ဝန်ထမ်းများ၊ မိသားစု များ စုစုပေါင်း ၁၀၀ ကျော်သည် အေအေထံ လက်နက်ချခဲ့ကြသည်။

 

မြန်မာနိုင်ငံ တွင်း အခြေအနေများ တနေ့တခြားဆိုးဝါးလာနေမှု အတွက် ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟာဆန် မာမွတ် နှင့် အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အာဂျစ် ဒိုဗဲလ် တို့ နယူးဒေလီ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယ သတင်းစာများက ရေးသားခဲ့ကြသည်။ အိန္ဒိယ အစိုးရမှ ရခိုင် ပြည်နယ် အတွင်း မှ အမြန်ဆုံး ထွက်ခွာကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြန်သည်။

 

စင်္ကာပူ နိင်ငံခြားရေး ဝန်ကြီးမှလည်း အလားတူပင် ပါလီမန်ကို အသိပေး တင်ပြခဲ့ပြန်သည်။

 

ပုံတွင် ယခုနှစ် အ စော ပိုင်း ပလက်ဝ တိုက်ပွဲ အတွင်း ပစ်ချခံခဲ့ရသည့် စစ်ကောင်စီ ရဟတ်ယာဉ် အား တောနက်ကြီး အတွင်း ရှာ‌ ဖွေ တွေ့ရှိခဲ့၍ ရက္ခိုင် တပ်တော် အဖွဲ့ဝင်များ၏ ဓါတ်ပုံ နှင့် တကွ တရားဝင် သတင်းထုတ်ပြန်လာခဲ့သည်ကို တွေ့ရသည်။

 

ယခုအခါ စစ်သားများ ထွက်ပြေးသူပြေး၊ လက်နက်ချသူ ချ နှင့် ဖြစ်လာပြီး လူသစ်များလည်း ရှာမရ သည့် အဆုံး ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ နှင့် မွန် ပြည်နယ် များ တွင် "ပြည်သူ့စစ်" များ ဆိုကာ မဲ ဖေါက် ပြီး ကံဆိုးသူ မောင်ရှင်များအား စစ်တိုင်းမှုး များ ကိုယ်တိုင် လက်နက် တပ်ဆင်ပေးနေသည်ဟု သိရသည်။ ၎င်းတို့ အတွက် လစာနှင့် ရိက္ခာများကိုမူ ကျေးရွာများမှ ကျခံရမည်ဟုလည်း သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!