အားလုံး ၏ အိမ်တံခါး ကို လာခေါက်တော့မည်

by Hla Soewai - Feb 17 2024

မင်းအောင်လှိုင်သည် ၎င်းသက်တမ်းတိုးပြီးနောက် လေကြီး မိုးကြီး နှင့် စီစဉ်လာ‌သော ကောလင်းကို အရင် ပြန်သိမ်းပြီး PDF အမြစ်ဖြုတ်မည်၊ စစ်မှု မထမ်း မနေရ ဥပဒေ ထုတ်သုံးပြီး စစ်အင်အား စုဆောင်းကာ လက်လွှတ်ခဲ့ရသော မြို့များအား တရုတ် ကဲ့သို့ လူလှိုင်းလုံးတက် စစ်ဆင်ရေး မျိုး ဖြင့် တိုက်၍ ပြန်သိမ်းမည် တို့ကို စိတ်ကူးယဉ်ကာ တဆင့်ချင်း လုပ်လာနေပြီ ဖြစ်သည်။

 

ယခင် ဗိုလ်သန်း‌ ရွှေ လက်ထက် ၂၀၁၀ တွင်ပြဋ္ဌာန်းခဲ့‌ သော စစ်မှုထမ်း ဆင့်ခေါ်မည့် ဥပဒေအား ၂၀၂၄ ဖေဖေါ်ဝါရီ ၁၀ ရက် နေ့မှစ၍ အာဏာတည်စေရမည်ဟု မင်းအောင်လှိုင်က လက်မှတ်ထိုး ကာ အသက်သွင်းလိုက်ပြီ ဖြစ်သည်။

 

ထိုဥပဒေအရ အမျိုးသား အသက် ၁၈ မှ ၃၅ အတွင်းနှင့် အမျိုးသမီး အသက် ၁၈ မှ ၂၇ အတွင်း စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရမည် ဖြစ်သည်။ အနည်းဆုံး နှစ်နှစ် မှ အများဆုံး ငါးနှစ်အထိ စစ်မှုထမ်းရန် နှင့် လိမ်လည် ရှောင်လွှဲပါက ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ကျခံရမည်ဟုလည်း ပါရှိသည်။

 

ကာကွယ်‌ ရေး ဝန်ကြီးဌာနမှ လိုအပ်သလို အသိပေးချက်၊ ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဟု အာဏာသိမ်း အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်မှ လွဲ၍ အခြား အသေးစိတ် အချက်အလက်များ မပါရှိပေ။

 

နိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများ ကြောင့် ပြည်သူအားလုံး ပါဝင် စစ်မှုထမ်းရန် လိုအပ်လာခြင်းကြောင့်ဟု ပြောခွင့်ရ ဇော်မင်းထွန်းက ဆိုသည်။

 

၎င်းတို့၏ လက်ပါးစေများမှ အပ တတိုင်းပြည်လုံး၏ ရွံရှာမုန်းတီးခံနေရသော စစ်တပ် သည် စစ်မှု ထမ်း ဥပဒေအား မည်သို့မည်ပုံ ကိုင်တွယ်သွားမည်ဆိုသည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။ ပြည်သူ များ အား နိုင်ရာကိုင်ကာ ရှုဲးမဲ မဲ လက်စားချေနေခြင်းလည်း ဖြစ်သည်။

 

သေချာသည်က မိမိတို့ အိမ်တံခါး လာခေါက်တော့မည့် ပြည်သူ့စစ်မှုထမ်း မြို့နယ် အဖွဲ့ဝင် ဆိုသူများအား လာဒ်ထိုးရန် လူထု အဖို့ ငွေထုတ်ပိုက် စောင့်နေဖို့သာ ရှိတော့သည်။

 

၎င်းတို့၏ လုပ်ရပ် သည် ပြည်သူတရပ်လုံးအား ဒုက္ခပေးလွန်းမက ပေးလာနေပြီ ဖြစ်သည်။ ဦးစားပေး အဖြစ် ၎င်းတို့အား ထောက်ခံနေသည်ဟု ယုံကြည်ရသော တိုင်း နှင့် ပြည်နယ်များမှ စတင် ခေါ်ယူလိမ့်မည်ဟု ယုံကြည်ရသည်၊ တညီတညွတ် တည်း ဆန့်ကျင် ကန့်ကွက် နိုင်ခြင်း မရှိက နောက်ဆုံးတွင်အားလုံးသည် သားသတ်ရုံထဲ မောင်းသွင်း ခံကြရမည့် သိုးငယ်က‌‌ ‌လေးများ အဖြစ် ရောက်သွားကြတော့မည်သာ ဖြစ်သည်။

 

စစ်‌ တွေပါ လက်လွှတ်ရလု နီးပါး ဖြစ်လာပြီး တဖြေး‌ ဖြေး နှင့် အခြေ မလှ ဖြစ်လာ‌ နေသော မင်းအောင်လှိုင်သည် အကြံကုန် ဂဠုန် ဆားချက် ဆိုသလို ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် ထွက်ပေါက် ရှာရန် မကြိုးစားပဲ တိုင်းပြည်အား စစ်မီးတောက်ကြီး တောက်လောင်သည်ထက် တောက်လောက်အောင် မီးစာထွန်းညှိနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ ‌အောင်ရမည်!!!

 

Photo credit - Frontier Myanmar