#၂၀၂၄_အမေရိကန်သမ္မတရွေးကောက်ပွဲအကြိုပုံရိပ်များ (၂)

by Hla Soewai - Feb 27 2024

နစ်ကီ ဟေလီသည် အဘယ်ကြောင့် သူမ၏ အမာခံ ပြည်နယ်တွင် ‌ဒေါ်နယ် ထရန့်ကို အရေးနိမ့်ခဲ့ရသနည်း

 

တောင်ကာရို လိုင်နား ပြည်နယ် အုပ်ချုပ်ရေးမှုး ဟောင်း နစ်ကီ ဟေလီသည် စနေနေ့က ပြုလုပ်သော ရီပတ်ဘလီကင် သမ္မတလောင်း ရွေးပွဲ အတွက် ပြုလုပ်သော primary ခေါ် မှတ်ပုံတင် ပါတီဝင်များ မှ ၎င်းတို့ ပြည်နယ် အတွက် သမ္မတ လောင်း အဖြစ် ရွေးချယ်ပွဲ တွင် ဒေါ်နယ် ထရန့်အား အရေးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

 

နစ်ကီ ဟေလီ သည် ကုလသအဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်လည်း ဖြစ်ခဲ့ဖူးသည်။ 

 

ဒေါ်နယ်ထရန့်သည် တနိုင်ငံလုံးတွင် ၎င်း၏ ပြိုင်ဖက် များ အပေါ် ၆၀ ရာနှုန်း အသာရနေပြီး နစ်ကီ ဟေလီ၏ ပြည်နယ်တွင် ၃၀ ရာနှုန်း အသာရလျက် ရှိသည်။

 

၂၀၁၁ မှ ၂၀၁၇ အတွင်း ပြည်နယ် အုပ်ချုပ်ရေးမှုး အဖြစ် လွန်စွာ လူကြိုက်များခဲ့သည့် နစ်ကီ ဟီလေသသည် နောက် နှစ် အနည်းငယ် အကြာတွင် အဘယ့်ကြောင့် ဆိုးဆိုးဝါးဝါး အရေးနိမ့်သွားခဲ့ရသနည်း။

 

နစ်ကီ ဟေလီ သည် ၂၀၁၀ တွင် တောင်ကာရိုလိုင်နား ပြည်နယ်တွင် ၄.၅ ရာနှုန်း အသာဖြင့် ပြည်နယ် အုပ်ချုပ်ရေးမှုး အဖြစ် ရွေးချယ်ခံခဲ့ရသည်။ နောက်ထပ် လေးနှစ် အကြာတွင် ၁၅ ရာနှုန်း အသာဖြင့် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

 

ထရန့် အစိုးရ အတွက် ကုလ သံအမတ်ကြီး အဖြစ် ‌ထမ်းဆောင်ရန် မထွက်ခွာမီ ၂၀၁၇ တွင် သူမအား ပြည်နယ် အတွင်း လူကြိုက်များမှုသည် ၅၇ ရာနှုန်း ရှိခဲ့သည်။ သူမ၏ မဲဆန္ဒရှင်များက သံအမတ်ကြီး အဖြစ် ထရန့်၏ စိတ်ကြိုက် ရွေးချယ်ခံရသူ အဖြစ် ယူဆထားခဲ့ကြသည်။

 

သို့သော်လည်း ပြည်နယ် အတွင်းရှိ ရီပတ်ဘလီကင် ပါတီဝင် များ အတွက် ကမူ အရေးထားစရာ မဟုတ် ဟု ယူဆခဲ့ကြသည်၊ ပြည်နယ် အတွင်း ကောက်ယူသော လူကြိုက်များမှု စစ်တမ်းတွင် ၃၄ ရာနှုန်းသာ ရှိပြီး ဒေါ်နယ် ထရန့်သည် ၆၄ ရာနှုန်း ရရှိခဲ့သည်။

 

ထရန့် ၏ ကမ်ပိန်း အဖွဲ့သည် နစ်ကီ ဟေလီ၏ ပြည်နယ် အုပ်ချုပ်ရေး မှုး သက်တမ်း အတွင်း လုပ်ဆောင်ခဲ့သည်များကို တိုက်ခိုက်လာခဲ့သည်၊ ဥပမာ လူထု ၏ ဝင်ငွေခွန် ပေးဆောင်ရမှု ကို လျော့ချ နိုင်ရန် ဓါတ်ဆီ အခွန် ကို တိုးကောက်ခဲ့မှု မျိုး ဖြစ်သည်။ ဟေလီ သည်လည်း သူမ အနေဖြင့် ဒေါ်နယ် ထရန့်အား နောက်ဆုံးတွင် ထောက်ခံမှု ပေးရန် ရှိမရှိ ကို ‌ဖြေဆိုရန် ငြင်းပယ်ခဲ့ပြီး ၎င်းအား အရှိန်မြင့်၍ တိုက်ခိုက်လာခဲ့သည်၊ ‌ပူတင်အား ခပ်ပျော့ပျော့ ဆက်ဆံနေသူ ဟုလည်း စွပ်စွဲခဲ့သည်။

 

ထရန့်သည် တောင်ကာရိုလိုင်နား ပြည်နယ်တွင် ၎င်းအား စိတ်ပါလက်ပါ ထောက်ခံခဲ့ကြသည့် ရီပတ်ဘလီကင် ပါတီဝင်များ၏ မဲ ၆၀ ရာနှုန်းကို ရရှိ ပြီး အနိုင်ရသွားခဲ့သည်။ ၎င်း၏ သမ္မတ သက်တမ်း ၂၀၁၇-၂၀၂၁ အတွင်း ဆောင်ရွက်ခဲ့မှု များကို ၈၂ ရာနှုန်းက သဘောတူကြောင်း ထောက်ခံခဲ့ကြသည်။ ထိုသို့ သဘောတူသူများ၏ ၆၀ ရာနှုန်းကသာ ဟေလီ ၏ ပြည်နယ် အုပ်ချုပ်ရေး မှုး ကာလ ဆောင်ရွက်ချက်များကို သဘောတူခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

 

သူမ အတွက် အကြီးမားဆုံး ရင်ဆိုင်နေရသည့် ပြဿနာကား တောင်ကာရိုလိုင်နား မဲဆန္ဒရှင်များသည် ရီပတ်ဘလီကင် သမ္မတလောင်းအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်ရှုနေကြခြင်း‌ ကြောင့်ပင် ဖြစ်သည်။ ‌သူမသည် တောင်ကာရိုလိုင်နား မှ ဖြစ်၍ သမ္မတ ရွေးကောက်ပွဲအတွက်မူ ၂၀ ရာနှုန်း ခန့်ကသာ ထောက်ခံသွားမည်ဟု စစ်တမ်းများအရ သိရသည်။ ထိုပြည်နယ်မှ ‌မဲဆန္ဒရှင် တဝက်နီးပါးသည် ထရန်၏ "Make America Great Again (MAGA) အဖွဲ့ဝင်များ ဖြစ်ပြီး ဟေလီသည် ထိုအဖွဲ့ဝင် မဟုတ်ပေ။

 

ဟေလီ ကိုလည်း တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ယှဉ်ပြိုင်ရမည့် ပွဲတွင် အားပျော့သူဟုလည်း ရှုမြင်ထားကြသည်။ တောင်ကာရိုလိုင်နား ရှိ ရီပတ်ဘလီကင် ပါတီဝင် ၅၅ ရာနှန်းက ထရန့်သည်သာ ဂျိုး ဘိုင်ဒင် ကို ကြိမ်းသေပေါက် နိုင်မည့် လူ အဖြစ် ခန့်မှန်းနေကြသည်။ ဟေလီ နိုင်လိမ့်မည်ဟု ထင်သူ ၃၃ ရာနှုန်းသာ ရှိပေသည်။ မဲဆန္ဒရှင် အများစုက ထရန့် လက်ထက်တွင် ၎င်းတို့ ပို၍ ချမ်းသာ ကြွယ်ဝ လာနိုင်ပြီး တောင်ဖက် နယ်စပ်သည်လည်း ယခုထက် ပိုမို လုံခြုံ စိတ်ချရလိမ့်မည်ဟု ယူဆနေကြသည်။

 

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ပြောခဲ့သော ဟေလီ ၏ မိန့်ခွန်းထဲတွင် သူမ အနေဖြင့် ဒေါ်နယ် ထရန့်၏ ဒုသမ္မတ အဖြစ် ထမ်းရွက်ရန် စိတ်မဝင်စားဟု ပြောခဲ့သည်။ ယခုလို ယှဉ်ပြိုင်ခြင်းသည်လည်း နောက် တကြိမ် လာမည့် သမ္မတ ရွေးကောက်ပွဲ အတွက် မြေစမ်း ခရမ်းပျိူးခြင်းလည်း မဟုတ်ဟု ဆိုသည်။ ယခုပွဲ တွင် အနိုင်ရအောင် ယှဉ်ပြိုင်ခြင်း ဟု ပြော‌ နေသော်လည်း ယခုလို သူမ၏ အမာခံ ပြည်နယ်မှပင် ထောက်ခံမှု မရ၍ မဖြစ်နိုင်သလောက် နီးနီး အခြေ ဆိုက်သွားခဲ့ရသည်။

 

သူမကိုယ်သူ မ ထရန့် အလွန် ရီပတ်ဘလီကင် နိုင်ငံရေး သမား အဖြစ် ရှူမြင် မထားဟု ပြောနေသည်ကို ယုံကြည်ဖို့ ခက်လှသည်။ သို့သော် ထရန့်အား အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့မှူ အား ရီပတ်ဘလီကင်များက မေ့ပျောက်နိုင်လိမ့်မည်လား ဆိုသည်က မေးစရာ ဖြစ်လာခဲ့သည်။

 

(၂၀၂၄ ဖေဖေါ်ဝါရီ ၂၂ အီကော်နောမစ် မဂ္ဂဇင်းပါ Why is Nikki Haley losing to Donald Trump on home ground? ကို ပြန်လည် တင်ပြသည်။)