ဒူးဝါးကြီးတို့ ၏ ထိုးစစ် အရေးပါလာရသည့် အကြောင်း ငါးရပ်

by Hla Soewai - Mar 12 2024

ဝါရှင်တန် ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာမှ RFA ယခုလို ထောက်ပြ ရေးသား လာခဲ့သည်။

 

ကချင် လွတ်‌လပ်ရေး တပ်တော် (ကေအိုင်အေ) သည် မတ်လ ၇ ရက်နေ့တွင် ထိုးစစ်ကြီးကို စတင်လာခဲ့ရာ ချက်ခြင်း ဆိုသလိုပင် မြစ်ကြီးနား-ဗန်း‌မော် အဝေးပြေးလမ်းမကြီး တလျောက်ရှိ စစ်ကောင်စီ တပ်စခန်းကြီး သုံးခု နှင့် စခန်းငယ် ဆယ့်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

 

ကေအိုင်အေ သည် လိုင်ဇာကို ခြိမ်းခြောက်နေသည့် အန္တရာယ်များ အား ဖယ်ရှားရန် နှင့် အဝေးပြေး လမ်းမကြီး တလျောက် ကုန်သွယ်ရေး နှင့် စစ်တပ်၏ လှုပ်ရှားမှု များကို ထိန်းချုပ်သွားနိုင်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။

 

စစ်တပ်သည် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ များဖြင့် လိုင်ဇာကို တိုက်ခိုက်လာသော်လည်း ကေအိုင်အေ တပ်များသည် မြစ်ကြီးနား မြို့စွန် သို့ ချည်းကပ်လာနေပြီ ဖြစ်သည်။

 

ကေအိုင်အေ ထိုးစစ် ၏ အရေးပါလာသည့် အကြောင်း ငါးရပ် ရှိနေသည်။

 

(၁) ကေအိုင်အေသည် စစ်တပ် အာဏာ သိမ်းပြီး ချိန်ကစ၍ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် လက်တွဲ တိုက်ပွဲဝင်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်နေသည်။

 

တရုတ်၏ ကြားဝင် စေ့စပ်ပေးမှု ကြောင့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ် နိုင်ခဲ့သဖြင့် စစ်ကောင်စီသည် တပ်များကို ပြန်လည် စုစည်း ခွင့် ရလာပြီး ကောလင်းကို ပြန်သိမ်း နိုင်ခဲ့သည်၊ ထို့နောက်တွင် ကေအိုင်အေ ထိန်းချုပ် နယ်မြေ နှစ်ခု နှင့် TNLA ထိန်းချူပ် နယ်မြေ သုံးခုတွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။ ဤသည်ကို ကြည့်က တန်ပြန် တပ်အင်အား ကို လွတ်လပ်စွာ တိုးချဲ့ လှုပ်ရှားစေခြင်းဖြင့် ထိုးစစ် ဆင်ရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။

 

ကေအိုင်အေ ၏ ထိုးစစ်ကြောင့် ကချင်၊ စစ်ကိုင်း၊ ရခိုင် တို့တွင် တပ်အင်အားကို နဲနဲ နှင့် ကျဲကျံ ဝိုင်း နေရသော စစ်ကောင်စီ အဖို့ အခြားဒေသများ တွင် တန်ပြန် ထိုးစစ် စတင်ရန် ခက်ခဲသွားခဲ့ရသည်။

 

(၂) ကေအိုင်အေ ထိုးစစ်ကြောင့် တော်လှန်ရေး တပ်ဖွဲ့များ အကြား တသားတည်း ရပ်တည်နေမှု သည် ထင်ရှားလာခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး တွင် ကေအိုင်အေ သည် ဘေးထွက် ထိုင်နေခဲ့မှု ကြောင့် ဝေဖန်ခံခဲ့ရသည်။

 

တကယ်တမ်းတွင် ကေအိုင်အေ သည် ရှမ်းမြောက် တိုက်ပွဲ များတွင် မြို့နှစ်မြို့ နှင့် စစ်စခန်းများကို သိမ်းယူ နိုင်ခဲ့သည်။

 

(၃) ကေအိုင်အေ ၏ မြစ်ကြီးနား လေတပ်အား တိုက်ခိုက်မှု ကြောင့် Mi-17 ရဟတ်ယာဉ် တစီး ပျက်စီးသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ စစ်တပ်၏ မနိုင်ဝန်ကို ထမ်းနေရရှာသော လေတပ် အင်အား ကို ထပ်မံ ယုတ်လျော့သွားစေခဲ့သည်။

 

မတ်လ ၁ ရက်နေ့တွင် စက် ချို့ယွင်း၍ ပျက်ကျသွား‌ သည် ဟု ယူဆရသော MIG-29 အပါအဝင် ယခုအချိန်အထိ စစ်လေယာဉ် ၆ စီး အထိ ဖျက်ဆီး ပစ်နိုင် ခဲ့ကြ၍ စစ်တပ်၏ ထောက်ပံ့ ပို့ဆောင်ရေး ပိုင်း တွင် အထိနာ သွားခဲ့ရသည်။

 

အကြမ်းဖက် စစ်တပ်မှ အလင်းဝင်လာသူများ အဆိုအရ လက်နက် ရိက္ခာ၊ စစ်ကူ များ ပံ့ပိုးပေးနိုင်ခြင်း မရှိတော့၍ စိတ်ဓါတ်များ ကျဆင်းနေကြပြီ ဟု သိရသည်။

 

ရခိုင်နှင့် ရှမ်းမြောက်‌ဓဒသများတွင် ခြေမြန် တပ်ရင်းများ လက်နက်ချ ကုန်ကြ၍ အင်အား မလုံမလောက် ဖြစ်လာကာ အတင်းအကျပ် စစ်သား စုဆောင်းရသည် အထိ ဖြစ်လာခဲ့သည်။

 

စစ်‌ ခေါင်းဆောင်များ သည် မိသားစုများကို ရှေ့တန်း စခန်း များသို့ ပို့လာခဲ့သည်၊ ၎င်းတို့ စိတ်ထဲတွင် စစ်သားများသည် မိသားစု အသက်အန္တရာယ် ထိခိုက်မည် စိုး၍ စခန်း မကျအောင် အသည်းအသန် ခုခံကြလိမ့်မည်၊ အနည်းဆုံး ကင်းစောင့် တာဝန် ယူ၍ ရသည်ဟု ယူဆခဲ့ကြသည်။

 

သို့သော် ၎င်းတို့ ထင်သလို ဖြစ်မလာခဲ့၊ တပ်သားများသည် မိသားစု များ ဘေးကင်းရေး အတွက် လက်နက်ချလာကြသည်၊ အတူ နေ ဇနီး သားမယား၏ တိုက်တွနိးချက်များသည် လည်း တကြောင်း အပါအဝင် ဖြစ်သည်။

 

(၄) ကေအိုင်အေ သည် ထိုးစစ်ကို ဦးဆောင် တိုက်နေသော်လည်း မဟာမိတ် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၊ NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များလည်း ပူးတွဲ ပါဝင်ခဲ့သည်။ ထိုသို့ ပူးတွဲ စစ်ဆင်ရေး ကြောင့် ယုံကြည်မှု များ မြှင့်တင်နိုင်ခဲ့သည်။

 

(၅) တရုတ် နယ်စပ်နှင့် ကပ်နေသော လိုင်ဇာ ဌာနချုပ် အား ဗုံးကြဲ တိုက်ခိုက်စဉ် အတွင်း စစ်တပ်ဖက်မှ ပစ်လိုက်သော လက်နက်ကြီး ကျည်‌ လေးလုံးထက် မနည်း တရုတ် ဖက်ခြမ်းသို့ ကျရောက်သွား၍ အဆောက်အဦး များ ပျက်ဆီးသွားခဲ့သည်။ စစ်တပ်မှ ၎င်းတို့ လက်ချက် မဟုတ်ဟု ငြင်းဆိုပြီး ကေအိုင်အေ အား အပြစ် ပုံချ ခဲ့သည်။

 

စစ်တပ်၏ တိုက်စွမ်းရည် သည် ညံ့ဖျင်းနေ၍ မတော်တဆ ကျရောက်သွားခြင်း မျိုး ဖြစ်ကောင်း ဖြစ် နိုင်သည်ဟု ပြော၍ ရသော်လည်း ကေအိုင်အေ ဖက်မှ အပစ်ရပ်ရန် တရုတ်အား ဖိအားပေးသည့် အနေဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခြင်းမျိူးလည်း ဖြစ်နိုင်ပေသည်။

 

ကေအိုင်အေ ထိုးစစ်သည် ရေရှည်သွားဖို့ ရှိသလော ဆိုသည်က ပြောရန် စောလွန်းနေသေးသည်၊ ၎င်းတို့လည်း တရုတ် ‌ပံ့ပိုးမှု ရထားပြီး ရုံးခန်းပင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။

 

ထိုးစစ်ကို ယခုထက် ပို၍ တိုးချဲ့ တိုက်ခိုက်ပြီး စစ်ကောင်စီ တပ်များအား စစ်မျက်နှာ ရှစ်ခု တွင် ခေါင်းမဖေါ်နိုင်အောင် လုပ်ထားလို့သည့် ဆန္ဒ ရှိမရှိ ဆိုသည်က ‌ဆက်၍ စောင့်ကြည်ရဦးမည်သာ ဖြစ်သည်။ 

 

ဒူးဝါးကြီးတို့၏ ထိုးစစ်သည် အကျပ်ရိုက်နေသော စစ်ခေါင်းဆောင် ပိုင်း အတွက် မရှူ နိင် မကယ် နိုင် ဖြစ်သွားစေခဲ့ပြီ ဟု ရေးသားထားသည်။

 

လက်ရှိ ၄ ရက်တာ ထိုးစစ်အတွင်း စစ်တပ်၏အဓိကကျသည့် တပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်တော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 

နောက်ဆုံး ရရှိသော သတင်းအရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ နှင့် အောင်မြေ ၂ နေရာသို့ လာရောက်ပစ်ခတ် ဗုံးကျဲနေသော စစ်ကောင်စီတပ်၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်ပြီး ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကပင် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!