အပြည့်အဝ နေကြတ်ခြင်း

by Hla Soewai - Apr 08 2024

ထိုဖြစ်စဉ် အား လာမည့် ဧပြီ ၈ ရက်နေ့တွင် မြောက်အမေရိက တိုက် တွင် စတင် တွေ့ရှိရမည် ဖြစ်သည်။

 

ယင်းအား ပထမဆုံး မှတ်တမ်းမှတ်ရာ အဖြစ် ယခု ဆီရီးယား ဖြစ်လာမည့် ယူဂါရစ် ဒေသရှိ ရွှံ ဖြင့် လုပ်ထားသော အချပ်ပေါ်တွင် တွေ့ရှိခဲ့ကြသည်။ အဆိုပါ ရွှံချပ်၏ သက်တမ်း နှင့် တွေ့ရှိရာ နေရာ ပေါ် မူတည်ပြီး ခန့်မှန်းခဲ့ကြရာ ဘီစီ ၁၃၇၅ သို့မဟုတ် ဘီစီ ၁၂၂၃ တွင် ဖြစ်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။

 

ရှေးဟောင်း ဒဏ္ဍာရီ များ အဆိုအရမူ ထိုသို့ ဖြစ်ခြင်းသည် နေ သည် ခွေးများ၊ ဖားများ၊ နဂါးများ ၏ အစားခံရခြင်းကြောင့် ဖြစ်သည်။ 

 

လက်တွေ့ တွင်မူ ‌လ သည် နေ နှင့် ကမ္ဘာအကြား တည့်တည့်သို့ ဝင်ရောက် ရွေလျားလာမှု ကြောင့်ပင် ဖြစ်သည်။ ထိုအခါ လ၏ အ ရိပ်သည် ကမ္ဘာမျက်နှာပြင် ပေါ်သို့ ကျလာခဲ့ခြင်းကို နေကြတ်သည်ဟု ‌သတ်မှတ် ခေါ်ဆိုကြခြင်းပင် ဖြစ်သည်။

 

ယခုလာမည့် ဧပြီ ၈ ရက်တွင် တွေ့ရမည့် Total Eclipse ခေါ်သည့် အပြည့်အဝ နေကြတ်ခြင်းသည် လွန်စွာ တွေ့ရခဲ့သော ဖြစ်စဉ် ကြီး ပင် ဖြစ်သည်။

 

ထိုဖြစ်စဉ် အား လသည် နေလုံးအား ဖြတ်သန်းသွားခြင်း transit သို့မဟုတ် အပြည့် အဝ ကာကွယ်သွားခြင်း occultation ဟူ၍ နှစ်မျိုး ရှိသည်။

 

ကမ္ဘာမှ ကြည့်မည် ဆိုလျှင် နေ နှင့် လသည် အရွယ်အစား ချင်း တူညီသယောင် ထင်ရသည်။ transit သို့မဟုတ် occultation လား ဆိုသည်က လ သည် နေနှင့် ကမ္ဘာ တို့နှင့် မည်မျှ ဝေးကွာသည့် နေရာတွင် ရောက်နေသည်ပေါ် မူတည်သည်။

 

နေ၏ တောက်ပသော မျက်နှာပြင် အဝန်းအဝိုင်းအား လ တဝိုက်တွင် မြင်နေရပါက အကွင်းပုံ နေကြတ်ခြင်း transit ဟု သတ်မှတ်သည်။ အပြည့်အဝ နေကြတ်ခြင်းအား occultation ဟု သတ်မှတ်သည်။ ထိုအခါ လသည် နေ၏ မျက်နှာပြင်အား လုံးဝ ဖုန်းကွယ်သွားပြီး နေ၏ လျပ်စစ် သံလိုက် စက်ကွင်းဖြင့် တောက်လောင်နေသည့် လွန်စွာ ပါးလွှာသော အလင်း ရောင်ခြည့် စက်ဝန်းလေးကိုသာ မြင်ရတော့သည်။

 

ကမ္ဘာသည် နေကို လှည့်ပတ်နေသည့် လမ်းကြောင်း အတိုင်း လ သည် ကမ္ဘာကို ပတ်နေမည် ဆိုလျှင် နေကြတ်၊ လကြတ်ခြင်းအား လတိုင်း လို တွေ့ရမည် ဖြစ်သည်။ အပူပိုင်းဒေသများ တွင်သာ အပြည့်အဝ နေကြတ်ခြင်းမျိုး ဖြစ်ပေါ်တတ်သည်။ အပြည့်အဝ နေကြတ်ခြင်း တခု နှင့် တခု အကြား ပျမ်းမျှ ကြားကာလသည် ၁၈ လ ခန့် ရှိ၍ ကမ္ဘာအနှံ့ မှ တချိန်မဟုတ် တချိန် တွေ့ခွင့်ရမည် ဖြစ်သည်။ 

 

သို့သော် မြင်ရချိန်သည် အများဆုံး ခုနှစ် မိနစ် ခွဲခန့်သာ ရှိသည်။ ကောင်းကင်ပြင်တွင် မဲမှောင်နေသော တွင်းကြီး တတွင်း ပေါ်လာသလို တွေ့ကြရမည် ဖြစ်သည်။

 

ထိုသို့ အံ့ဩ ထူးဆန်းဖွယ် ကောင်းလှသည့် မြင်ကွင်းကို ဧပြီ ၈ ရက် ဒေသ စံတော်ချိန် နံနက် ၁၁:၀၇ တွင် မြောက်အမေရိက တိုက်ရှိ လေ့လာစောင့်ကြည်သူများ မြင်တွေ့ခွင့် ရကြမည် ဖြစ်သည်။ ထိုအချိန်တွင် လ ၏ အရိပ်သည် မက္ကဆီကို ၏ ပစိဖိတ် ကမ်းခြေ ပိုင်း ဖြစ်သော မာဇတ်လန် သို့ စတင် ထိုးကျလာမည် ဖြစ်သည်။ 

 

အစပိုင်းတွင် လေးမိနစ် နှင့် နှစ်ဆယ့်ခွန် စက္ကန့် ကြာမြင့်မည် ဖြစ်သော်လည်း တဖြေးဖြေး နှင့် ကနေဒါ ဖက်ခြမ်းရှိ နယူးဖင်လန် သို့ ရောက်လာသည့် ညနေ ၅:၁၃ တွက်တော့ နှစ်မိနစ် နှင့် ၅၃.၅ စက္ကန့်သာ ကြာပေတော့မည်။

 

Great North American Eclipse ဟု ခေါ်ကြသည့် အဆိုပါ ဖြစ်စဉ်သည် မဖြစ်မနေ စောင့်ကြည့်သင့်သည်ဟု ဆိုရမည် ဖြစ်သည်။

 

ပုံတွင် အပြည့်အဝ နေကြတ်ခြင်း လမ်းကြောင်းကို တွေ့ရမည် ဖြစ်သည်။

 

(၂၀၂၄ ‌ဧပြီ ၂ ရက် နေ့ ထုတ် အီကော်နောမစ် မဂ္ဂဇင်းပါ "Why it is so rare to see a total solar eclipse" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)