စစ်ကောင်စီ အဘယ်ကြောင့် အသက်ဆက် နိုင် နေရသနည်း

by Hla Soewai - Apr 08 2024

အဆိုပါ ခေါင်းစဉ် ဖြင့် မြန်မာ စစ်ရေး သုံးသပ်သူ ဒေးဗစ် စကော့ မေသီဆန်မှ ဩစတေးလျှ ရှိ Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောငိတွင် ယခုလို ရေးသားလာခဲ့သည်။

 

နိုင်ငံ တွင်းရှိ ပြည်တွင်းစစ်သည် တဖြေးဖြေး နက်ရှိုင်းလာ‌ နေခိုက်တွင် မမျှော်လင့်ပဲ ထွက်‌ေပါ်လာခဲ့‌ သော ၁၀၂၇ စစ်ဆင်ရေး၏ အံမခန်း အောင်မြင် မှု များ ကြောင့် အားတက်ရွှင်မြူးနေခဲ့ရာမှ စစ်ကောင်စီ မှ စစ်မှု ထမ်း ဥပဒေ ဖြင့် အတင်းအကျပ် စစ်ထဲ ဆွဲသွင်းလာမှု ကြောင့် တနိုင်ငံလုံး အထိတ်တလန့် ဖြစ်သွားခဲ့ကြရသည်။

 

စစ်ကောင်စီ သည် ရခိုင်၊ ကရင်၊ ကရင်နီ၊ ရှမ်း နှင့် ကချင် ပြည်နယ် များတွင် နယ်မြေများ၊ စစ်စခန်းများ လက်လွှတ်ဆုံးရှုံးနေယုံမက အကျအဆုံးများစွာ နှင့် ရင်ဆိုင်နေရသော်လည်း အာဏာကို ဆက်၍ ဖက်တွယ် ထားနိုင်ဆဲပင် ဖြစ်သည်။

 

အကောင်းဖက်က အလွန်အကျွံ ရှူမြင်သူများက စစ်ကောင်စီ ပြိုလဲ သွားလု နီးနီး ဖြစ်နေပြီဟု ခန့်မှန်းနေကြမှုများက ယုံကြည်ရလောက်သည့် အနေအထား မျိုး ရောက်မလာသေးပေ။

 

မြို့ပေါင်း ၅၀ နီးပါး ညီနောင် သုံးဖေါ် မဟာမိတ်အဖွဲ့၊ ရက္ခိုင်တပ်တော်၊ ကရင် နှင့် ကရင်နီ အပါအဝင် တော်လှန်ရေး တပ်ဖွဲ့ များ လက်သို့ သက်ဆင်းသွားခဲ့ရပြီ ဆိုသော အချက်က မငြင်းနိုင်အောင် ဖြစ်လာခဲ့သည်။ သို့သော် ယခုထိ ပြည်နယ် မြိူ့တော် များ နှင့် တိုင်း စစ်ဌာနချုပ် တခုတလေမ မျှ သိမ်းပိုက် နိုင်ခြင်း မရှိသေးပေ။ 

 

စစ်ကောင်စီ တပ်သားများ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ ဖက်သို့ ထွက်ပြေးဝင်ရောက် သွားခဲ့မှုများသည်လည်း ကြိမ်ဖန်များစွာ ဖြစ်ပွားလာခဲ့သည်။

(ယခုအခါ ဘင်္ဂလားဒေ့ရှ် သည် ၎င်းတို့ဖက် ထွက်ပြေးလာသူ များ အား အလကား မတ်တင်း ပြန်ပို့ ပေးခြင်း မရှိတော့ပဲ လက်ရှိ ပြန်ပို့ရန် ရှိနေသည့် စစ်ကောင်စီ တပ်သား ၁၇၇ ဦး နှင့် မြန်မာနိုင်ငံ အတွင်း အကြောင်း အမျိုးမျိုး နှင့် ဖမ်းဆီးခံထားရသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ နှင့် အလဲအလှယ် လုပ်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟာဆန် မာမွတ်က သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။)

 

စစ်ကောင်စီသည် နယ်ခြားဒေသများ ဆုံးရှုံးသွားခဲ့သည့်တိုင် ပထဝီ အနေအထားအရ အသာစီး ရနေသည့် ဗဟိုချက် ကို မူ လေကြောင်းပစ်ကူ နှင့် ၎င်းတို့၏ လက်နက် ခဲယမ်းများ ထုတ်လုပ်ရာ နေရာ များကို မဟာဗျူဟာမြောက် အထပ်ထပ် ကာကွယ်နိုင်စွမ်း ရှိနေသည့် အရင်းအမြစ် များ‌ သုံးနိုင်နေသေး၍ ထိန်းထား နိုင်ခြင်း ဖြစ်သည်။

 

စက်မှု ကုန်ထုတ် ရပ်ဝန်းကြီးလို ဝိုင်းပတ်နေသည့် ရန်ကုန်၊ ပြည်၊ နေပြည်တော် မှသည် မန္တလေး အထိ မြိုပြများ နှင့် စစ်တပ် အခြေစိုက် စခန်းများ ဖြစ်သည့် မိတ္ထီလာ ကဲ့သို့ ဒေသများသည် သိသိသာသာ တည်ငြိမ်မှု ရနေဆဲ ဖြစ်သည်။ ပျက်ပြားသွား‌ သော တရုတ် နှင့် ထိုင်း နယ်စပ်ကုန်သွယ်ရေး ကို ပင်လယ် ရေလမ်းကြောင်း ဖြင့် အစားထိုး နိုင်နေဆဲ ဖြစ်သည်။ အဆိုပါ ပင်လယ်ရေလမ်းကြောင်းသည် လေယာဉ်ဆီ နှင့် အခြား စစ်ဖက် ပစ္စည်း များ တင်သွင်းနိုင်‌ ရေး အတွက် လွန်စွာ အရေးပါလာရသည်။

 

တော်လှန်ရေး အင်အားစု များက လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက် နိုင်ခဲ့‌ သော်ငြားလည်း ကပစ သည် ယခုတိုင် ဗုံးများ၊ ကျည်ဆံများ၊ အမြှောက်ဆံများ ထုတ်လုပ် နိုင်နေဆဲပင် ဖြစ်သည်။ နိုင်ငံ အလယ်ပိုင်းရှိ ထိုသို့ထုတ်လုပ်နိုင်သော စက်ရုံများ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများသည် ယခုတိုင် အရာမယွင်း ပဲ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လည်ပတ် နိုင်နေဆဲ ပင် ဖြစ်သည်။ သို့ဖြစ်၍လည်း စစ်တပ်သည် နေရာ အနှံ့အပြားတွင် ဗုံးကြဲ တိုက်ခိုက်နိုင်နေခြင်းပင် ဖြစ်သည်။

 

မှတ်တမ်းပြုထားသော စာရင်းဇယားများအရ စစ်ကောင်စီသည် တနေ့ပျမ်းမျှ ခြောက်ကြိမ် နှုန်း ဆလကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပြင်းအား ကောင်းသည့် အပူလှိုင်း သုံး ဗုံးများပင် သုံးလာခဲ့ကြသည်။ မင်းပြား တွင် ရိုဟင်ဂျာ မူဆလင် ၂၀ ကျော် သေဆုံးခဲ့ရမှု နှင့် ဆီဆိုင်မြို့ ပြာကျသွားမှု များကို ကြည့်မည် ဆိုလျှင် အဖျက်စွမ်းအား မည်မျှ ပြင်းထန်သည်ကို မှန်းဆနိုင်ပေသည်။ လေကြောင်းမှသာမက လက်နက်ကြီး ပစ်ကူများနှင့် ဗုံးသီးတပ် ဒရုန်းများနှင့်ပါ အားဖြည့်ပေးလာခဲ့သည်။

 

ကရင်နီ ပြည်နယ် ရှိ မှတ်တမ်းများအရ အရပ်သားများ အား နှစ်နာရီ အတောအတွင်း ၃၂ ကြိမ်မျှ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

၂၀၂‌၃ အတွင်း ‌ဗီယက်နမ်ရှိ သိုလှောင်ကန်များ မှ တဆင့် တရုတ် နှင့် လိုင်‌ဘေရီယား အလံ လွှင့်ထူထားသော ရေနံတင် သင်္ဘောကြီး များဖြင့် မြန်မာ စစ်တပ် အတွက် ကြားဝင် လုပ်ပေးခဲ့သော်လည်း သင်္ဘောများကို မည်သူ ပိုင်ဆိုင်ကြောင်း မဖေါ်ထုတ် နိုင်ခဲ့ပေ။

 

ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ဩစတေးလျှ မှ စစ်တပ်အား လေယာဉ်ဆီများ ပံ့ပိုးပေးနေသော ကုမ္ပဏီ သုံးခု ကို အရေးယူ ဒဏ်ခတ်ခဲ့သည်။ အမေရိကန်သည်လည်း အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာ စစ်တပ်အား လက်နက်များ ပံ့ပိုးပေးနေသည့် ကုမ္ပဏီများကို စတင် ဒဏ်ခတ် လာခဲ့ရာမှ ၂၀၂၃ မတ် လ နှင့် ဩဂုတ် လ များတွင် လေယာဉ်ဆီ ကုမ္ပဏီ များကိုပါ ထည့်သွင်းလာခဲ့သည်။

 

လက်ရှိ တွင် လေကြောင်း မှ တိုက်ခိုက်မှု များ အရှိန်မြှင့်လာနေသည့် အတွက် ထိုသို့ အရေးယူ ဒဏ်ခတ်မှု များကို အားလုံး ညှိညှိနှိုင်းနှိုင်း နှင့် တိုးချဲ့ လုပ်ဆောင်သွားသင့်သည်ဟု အကြံပြု ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!