ထားယ် အထူး စီးပွားရေးဇုံ ပြန်လည် အသက်သွင်းရန် ဂျပန် ကြေငြာပြီ

by Hla Soewai - Jul 10 2019

ကာလ ကြာမြင့်စွာ ငြိမ်သက်နေသော ထားဝယ် အထူးစီးပွားရေးဇုံ ပြန်လည် အသက်သွင်းရန် ဂျပန် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မူ ၀န်ကြီး ဌာန က ဒီနေ့ မှာ အသေးစိတ် တင်ပြဖို့ ရှိနေပါတယ်။

အဆိုပါ စီမံကိန်း အတွက် အသေးစိတ်ကိုယခုလာမည့် ဆောင်းဦးပေါက်တွင် ဂျပန်၊မြန်မာ နှင့် ထိုင်းနိုင်ငံ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကြဖို့ ရှိတယ်လို့ NikkeiAsia Review မှာ ဖေါ်ပြထားပါတယ်။

ထားဝယ်သည် ဟိုချီမင်း မှ ဖနွမ်းပင်၊ ဘန်ကောက်ကို ဖြတ်သွားမည့် တောင်ပိုင်း စီးပွားရေး စင်္ကြန် လမ်းမကြီး မှ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် ၏ အဆုံးသတ် နေရာ အဖြစ်တည်ရှိနေတဲ့ အတွက် ဒီစီမံကိန်းကို အရှေ့တောင် အာရှတွင် စီးပွားရေးအရ သြဇာလွှမ်းနိုင်မည့် အခွင့်အရေး အဖြစ် ဂျပန်တို့ရှု့မြင်လာခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တကြောင်းကလည်း ကျောက်ဖြူ တွင်တရုတ် တို့ တည်ဆောက်နေတဲ့ အထူးစီးပွားရေးဇုံကို တန်ပြန်ဖို့ ပဲ နဲ့ ထားဝယ်ကိုအိန္ဒိယ သို့ အရှေ့တောင်အာရှ ၏ ကုန်စည်များ တင်ပို့ မည် အချက်အခြာ စခန်းတခုအဖြစ် ပြန်လည် မွမ်းမံသွားဖို့ ရည်ရွယ်လာပါတယ်။

အဆိုပါ စီမံကိန်းအတွက် ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဘဏ်ကြီးမှ ရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုံကို မူလက အကြီးစား စီးပွားရေး လုပ်ငန်းများနဲ့ ဓါတုကုန်ထုတ် လုပ်ငန်းများ အတွက် ရည်ရွယ်ပြီး ၂၀၁၅ မှာ ဂျပန်၊ မြန်မာ နှင့် ထိုင်းတို့သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ အဆိုပြု ချက် အသစ် အရမြန်မာ နဲ့ ထိုင်းနိုင်ငံများက ကုန်စည်ထောက်ပံ့ရေး နဲ့ ဆိပ်ကမ်း အတွက် ဦးစားပေး တည်ဆောက်သွားရမှာ ဖြစ်ပြီး ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်နိုင်ရေး နဲ့ အပေါ့စား စက်မူ လုပ်ငန်းများ အတွက် အခြေစိုက်စခန်း တခု အဖြစ်၂၀၃၀ မတိုင်မီ ပြောင်းလဲသွားဖို့ ရည်ရွယ်ထားပါတယ်။