ကျောက်ခေတ် အာဏာရှင်

by Hla Soewai - Jun 08 2024

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း လေတပ် တည်ထောင်ခဲ့သည့် ၇၆ နှစ် မြောက် အထိမ်း အမှတ် အဖြစ် နေပြည်‌‌ တော် လေဆိပ်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနား တွင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်မှ လေယာဉ်မှုး များ၏ "စွမ်းဆောင်ရည် မြင့်မားစွာ ဖြင့် ထိထိရောက်ရောက်" ရန်သူကို ချေမှုန်း နိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း ချီးကြူး ပြောဆိုသွားခဲ့သည်။ လိုအပ်သော လက်နက် ပစ္စည်း များကိုလည်း ထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။

 

ထိုသို့ မြှောက်ထိုး ပင့်ကော် အပြောများဖြင့် သွေးကြွလာနေသော လေတပ်သည် တနင်္လာနေ့တွင် မင်းကင်း မြို့နယ် မတော ရွာ မင်္ဂလာဆောင် အခမ်းအနားအား လွန်စွာ ပြင်းအားကောင်းသော ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ သေဆုံးသူ အရည်အတွက်သည် မူလ ခန့်မှန်းခဲ့သည့် ၇ ဦး မှ ယခုအခါ ‌၂၈ ဦး အထိ တိုးလာပြီ ဖြစ်သည်ဟု ကယ်ဆယ်ရေး အဖွဲ့များ၏ အပြောကို ကိုးကား၍ မြန်မာနောင်း တွင် ရေးသားထားသည်။

 

‌လေယာဉ်မှုး များ အားလုံးလည်း မင်းအောင်လှိုင်၏ ကျော့ကွင်း ထဲတွင် ယစ်မူးရင်း စစ်ရာဇဝတ်မှု များ မကျုး လွန် ဖူးသူ မရှိသလောက် ဖြစ်နေပေပြီ။

 

မင်းအောင်လှိုင်က ထိုသို့ ကတိပေးသွားသော်လည်း နိုင်ငံတကာ လေတပ် သမိုင်းတွင် စွန့်ဦး တီထွင်သူ အဖြစ် မှတ်တမ်း ဝင်‌ လောက် အောင် F-12 လေယာဉ် ပေါ်မှ ဗုံးအစား ကျောက်တုံးများပင် ပစ်ချလာရ၍ ခရစ္စတိုဖာ ဟစ်ချင် တခါက ပြောခဲ့ဖူးသည့် ကျောက်ခေတ် အာဏာရှင် ဆိုသည့် စကားအား ဟုတ်မှန်ကြောင်း သက်သေပြနေသလို ဖြစ်ခဲ့ရသည်ဟု စစ်ရေး သုတေသီ တဦး ဖြစ်သော ဒေးဗစ် စကော့ မာသီဆန် မှ အေးရှားတိုင်းတွင် ရေးသားခဲ့သည်။

 

လေ့လာသူများ ခန့်မှန်းခဲ့သလို ရုရှားမှ ယူကရိန်းအား ကျုးကျော် တိုက်ခိုက်လာမှု ကြောင့် စစ်ကောင်စီ လေတပ်သည် လေယာဉ်များ ပြုပြင် ထိန်းသိမ်းရေး နှင့် အပို ပစ္စည်းများ ရရှိရေး တွင် အခက်အခဲ ကြုံရတော့မည် ဆိုသည်မှာ မှန်ကန်မှု မရှိပဲ သိသိသာသာ ထိခိုက်ခဲ့ခြင်း မရှိသည်ကို တွေ့နေရသေးသည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ကြီး ဒူးဝါ လရှီးလ မှ ကုလ နှင့် နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်မှု များသည် မည်သို့မျှ မထိရောက်တော့ကြောင်း နှင့် တရုတ်၊ အိန္ဒိယ နှင့် ထိုင်း အိမ်နီးချင်း နိုင်ငံများမှ မြန်မာပြည်သူများ အပေါ် ကျရောက်‌ နေသော ဘေးဒုက္ခ များ အတွက် ထိထိရောက်ရောက်ကူညီ ပေးကြပါရန် မေတ္တာရပ်ခံလိုက်သည်။

 

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့တွင် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စက် Penny Wong နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံ ခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး မြန်မာ့ပြည်သူများ အတွက် ဩစတေးလျှ မှ ကူညီ ပံ့ပိုးပေးနိုင်မည့် လမ်းကြောင်းများ ရှာဖွေ နိုင်ရေး အတွက် လည်း ပါဝင်သည်ဟု NUG က သတင်းထုတ်ပြန်သည်။ ဩစတေးလျှ အစိုးရ မှ NUG အား စတင် အသိအမှတ် ပြုလာသည့် သဘောဆောင်နေ၍ သံတမန် ရေးအရ အောင်မြင်မှု ရလာခဲ့ခြင်းလည်း ဖြစ်ပေသည်။

 

တနင်္လာနေ့က ပြုလုပ်‌သော NUG နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် စီးပွားရေး ပညာရှင် ရှောင်တန်နဲလ် မှ စစ်ကောင်စီ သည် ဒေါ်လာ ကို လက်နက် ဝယ်ယူရန် အတွက် သာ ရသလောက် လက်ကုန် နှိုက်နေခြင်း ဖြစ်သည်ဟု ပြောသွားခဲ့သည်။

 

ယခုအခါ စီးပွားရေး လုပ်ငန်းရှင်ကြီးများအဖို့ မိမိတို့ အလှည့် ဘယ်တော့ ရောက်မလဲဟူသော အတွေးဖြင့် အိပ်မပျော်သော ညများ ရှည်ကြာလာနေရပြီ ဖြစ်သည်။

 

ထိုသတင်းစာ ရှင်းလင်းပွဲတွင်ပင် NUG ၏ စီမံ ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွန်းနိုင် မှ အမေရိကန် အစိုးရ ထိန်းချုပ်ထားသော ပြည်သူ့ ဘဏ္ဍာငွေ ဒေါ်လာ တစ်ဘီလီယံ အား ပြန်လည် ရရှိရန် ပါမောက္ခ ရှောင်တန်နယ် ‌‌ဦးဆောင် ကြိုးပမ်းနေသည်ဟု ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။ ယခုအခါ ဒေါ်လာ သန်း ၃၆၀ ခန့်ပင် အတိုးရှိ‌ နေသည်ဟု ခန့်မှန်းထားသည်။ အနည်းဆုံး အတိုး ကို ထုတ်သုံးနိုင်လျင်ပင် အတော် အကျိုးရှိမည် ဖြစ်သည်။

 

တရုတ်သည် နယ်ခြားဒေသတွင် တရားမဝင် ရာဇဝတ်ဂိုဏ်း များကို နှိမ်နှင်းလာနေ၍ မန္တလေး ရှိ ကျောက်စိမ်း ဈေးကွက်သည်လည်း ရပ်တန့်သလောက် နီးနီး ဖြစ်နေပြီး အခွန်များ ဆုံးရှူံး‌ နေရပြီဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

တဖက်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု သည် ၂၀၂၃ အတွင်း ၁၈ ရာနှုန်း တိုးလာပြီး စိုက်ပျိုးမြေ စတုရန်းမိုင် ၁၈၁ မိုင် အထိ ရှိလာပြီဟု ကုလ မူးယစ်‌ဆေး နှင့် မှုခင်းရုံး မှ သတင်း ထုတ်ပြန်ခဲ့သည်။

 

မင်းအောင်လှိုင်သည် လက်ရှိ အခြေအနေများ မှ ရုန်းထွက် နိုင်စွမ်း မရှိ ဖြစ်နေပြီး အတွင်းမှ ၎င်းအား ဆန့်ကျင်ရဲသည့် အင်အားလည်း မရှိ ဖြစ်နေသည်။

 

တရုတ်သည် စစ်ကောင်စီ အား အစောင့်ရှောက်ခံ ပုံစံမျိုး နှင့် ခေါင်းထောင်မလာနိုင်အောင် ထိန်းထားပြီး တဖက်တွင်လည်း ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု များ ထိခိုက်လာသည်အထိ အခြေအနေများ ထိန်းမရ အဖြစ်သို့ အရောက်မခံရေး ဆိုသည့် မူကို ကျင့်သုံးလျက်ရှိနေပြီး ပဋိပက္ခ ရှည်ကြာလာသည် နှင့် အမျှ ဆူပါ ပါဝါ တို့ တဖန် အစချီလာ‌ နေ‌ သော စစ်အေး တိုက်ပွဲ ကြီး၏ တဆင့်ခံ စစ်မြေပြင် ဖြစ်လာနိုင်သည်ဟု ဘာတေး လစ်တနာက အေးရှားတိုင်းမ်တွင် ရေးသားထားသည်။

 

ထိုသို့ တကယ်တမ်း ဖြစ်လာမည် ဆိုက တဖြေးဖြေး နှင့် ဆိုးဝါးလာနေ‌ သော ပြည်တွင်းစစ်ကြီး ကို အဆုံးအဖြတ် ပေးလာနိုင်သည်ဟု ဆိုသည်။

 

ချင်းမိုင် တွင် ဧရာမ အမေရိကန်၏ ‌ကောင်စစ်ဝန် ရုံးချုပ် ကြီး ပေါ်ထွက်လာမှု သည်လည်း ဒေသတွင်း ကြားဖြတ် နားထောင်မှု အပါအဝင် ထောက်လှန်းရေး လုပ်ငန်းများ တိုးချဲ့ပြီး ရုရှား တို့၏ ခြေလှမ်း သွက်လာ နေမည်ဟု စောင့်ကြည်သွားရန် ဖြစ်သည်ဟု ယုံကြည်နေကြသည်။

 

ယခုအခါ ရခိုင် ပြည်နယ် ရှိ ငပလီ ကမ်းခြေ အပန်းဖြေ စခန်း ရှိရာ သံတွဲ မြို့ အနီး နှစ် ကီလိုမီတာ အကွာသို့ ရက္ခိုင် တော်လှန်ရေး တပ်များ ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!