ဧရာဝတီ မြစ်ဝှမ်းကို သိမ်းနိုင်က အောင်ပွဲရပြီ ဆို

by Hla Soewai - Jun 08 2024

နိုင်ငံ အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများ အတွက် အထူး အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေပြီး စစ်ရေး အခြေအနေကို မျက်ခြေမပြတ် သုံးသပ်နေသူ ပေါလ် ဂရင်းက အထက်ပါ အတိုင်း ပြောဆိုလာခဲ့သည်။

 

ပြီးခဲ့သည့် ပွင့်လင်းရာသီ အတွင်း တော်လှန်ရေး တပ်များ၏ ထိုးစစ်ကြောင့် စစ်ပွဲသည် ပြတ်ပြတ်သားသား အဖြေ ထွက်သွားခဲ့ပြီး မင်းအောင်လှိုင် နှင့် အပေါင်းအပါ ဗိုလ်ချုပ်များ အဖို့ နောက်ထပ် ပြန် နာလံထူ မလာ နိုင်အောင် ဖြစ်သွားစေခဲ့သည်ဟု ဆိုသည်။

 

သို့သော် စစ်ပွဲသည် ဆုံးခန်းတိုင်ဦးမည် မဟုတ်သေးပဲ၊ စေ့ဆပ် ဆွေးနွေးရန် အာဆီယံ၏ ကြိုးပမ်းမှု များသည် လည်း မည်သူမျှ စိတ်ဝင်စားမှု မရှိ၍ ပျက်ပြားခဲ့ရသည်။

 

အကောင်းဆုံး ရလဒ် ထွက်ပေါ်အောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အတူတွဲပြီး ‌ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် ဧရာဝတီ မြစ်ဝှမ်း ‌အား ဝိုင်းပတ် ပိတ်ဆို့နိုင်မည် ဆိုက တနှစ် အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး အဆုံးသတ်သွားနိုင်သည်ဟု ဂရင်းက ထောက်ပြခဲ့သည်။

 

တိုက်ပွဲများက မိုးရာသီ အတွင်း ဆက်လက် ဖြစ်ပွားနေဦးမည်သာ ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ သင်္ကြန် နောက်ပိုင်း ကုန်သွယ်ရေး လိုငွေပြမှု နှင့် ကုန်ဈေးနှုန်း များ အဆမတန် မြင့်တက်လာမှု ကြောင့် ဝရုန်းသုံးကား ဖြစ်လာနေသော တိုင်းပြည် စီးပွားရေး ကို စစ်ကောင်စီသည် မည်သို့မျှ ထိန်းနိုင်ခြင်း မရှိတော့ပဲ ၎င်းတို့ လုပ်တတ်သည့် စီးပွားရေး သမား များကို ဖမ်းဆီးခြင်း၊ ပြည်ပ နှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းချင်း ဖလှယ်သည့် စနစ်ဖြင့် ပေးချေခြင်း၊ နောက်ဆုံး ထိုင်းတွင် ကွန်ဒို ဝယ်ယူသူ များကိုပင် တိုင်းပြည်စီးပွားရေး ဖျက်လို ဖျက်ဆီး လုပ်နေသည်ဟု စွပ်စွဲချက်များဖြင့် ဖမ်းဆီးလာသည် အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေသည်။

 

ကုန်ဖလှယ်သည့် စနစ် ဆိုသည်ကား ငွေစက္ကူ များ ရိုက် နှိပ် အသုံးပြုလာကြသည့် ခေတ် မရောက်မီ တီထွင်ခဲ့သော ကုန်သွယ်ရေး စနစ် ပင် ဖြစ်သည်။ နိုင်ငံတနိုင်ငံသည် ထပ်၍ ချေးငှား၍ လည်း မရ‌ေ တော့ပဲ ငွေရရာ ရ‌ ကြောင်း ပိတ်ဆို့လာ နေသည့် အခါ မဆပ်မနေ ဖြစ်လာသော ကြွေးမြီများကို ပြန်ဆပ်ရန် နိုင်ငံခြား‌ ငွေ လိုလာ၍ ထိုစနစ် ကို အသုံးပြုလာကြခြင်းဖြစ်သည်။

 

ထိုသို့ ဆရာသမား များ မျက်ဖြူဆိုက်နေသည်ကို မကြည့်ရက်တော့၍ နိုင်ငံရေး ပါတီ ဆိုသည့် အဖွဲ့အစည်းများက စီးပွားရေး ပိတ်ဆို့မှု ကို ကန့်ကွက်လာကြခြင်းလည်း ဖြစ်သည်။

 

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ( ၂ နှစ်ပေါင်း) အတွက် ဗဟိုဘဏ်က ငွေစက္ကူ အသစ် ရိုက်ထုတ်မှု စုစုပေါင်း ၃၆၅၆ ဘီလီယံသာရှိကြောင်း၊ စစ်ကောင်စီ၏ ၃ နှစ် ၃ လကာအတွင်း မြန်မာကျပ်ငွေစက္ကူအသစ် ရိုက်ထုတ်မှုသည် NLD အစိုးရလက်ထက် ၂ နှစ်ကာလ ငွေစက္ကူအသစ် ရိုက်ထုတ်မှုထက် ၈ ဆကျော်အထိ တိုးမြှင့် ရိုက်ထုတ်ခဲ့ရရာ ကျပ်ငွေ တန်ဖိုး ၃၀,၀၀၀ ဘီလီယံ အထိ ရှိလာကကြောင်း မြန်မာစီးပွား‌ ရေး ပျက်ကပ် အမည်ဖြင့် သတင်းစာ ရှင်းလင်းပွဲတွင် NUG ,စီမံ ဘဏ္ဍာ ဝန်ကြီးက ပြောသွားခဲ့သည်။ 

 

ဤသည်က လည်း စစ်သုံးစရိတ်များ အလွန်အကျွံ သုံးစွဲလာမှု၊ ဘတ်ဂျက် မလုံမလောက် ဖြစ်လာသည်ကို ကာမိစေရန် ငွေစက္ကူများ အဆမတန် ရိုက်နှိပ်လာခဲ့မှု၊ နယ်ခြား ကုန်သွယ်ရေး မှ ဝင်ငွေများ လျော့နည်း ကျဆင်းလာခဲ့မှု များကြောင့် ဖြစ်သည်ဟု လေ့လာသူများက ပြောကြောင်း မြန်မာ နောင်းတွင် ရေးသားထားသည်။

 

လက်ရှိ အနေအထားသည် မင်းအောင်လှိုင် ဦးဆောင်နေသော အဖွဲ့သည် စစ်လည်းရှူံး၊ စီးပွားရေး လည်း ဖြူကာပြာကာ ကျလာနေရသည့် အဖြစ် နှင့် နပမ်းလုံး နေရပြီ ဖြစ်သည်။ ထိုအနေအထား ရောက်နေသည့် အဖြစ်ကို ဖေ့စ်ဘုတ်တွင် တင်နေသည်များက သတင်းမှား သာ ဖြစ်ကြောင်း အထင်ရောက်စေရန် ကြိုးပမ်းလာကြသည်။ 

 

လူထုကြီး သည် အ‌ ထွေ ထွေ မွန်းကျပ်မှု များ နှင့် ရင်ဆိုင်လာနေရသည့် အချိန်တွင် တခုတည်းသော စိတ် အပန်းဖြေရာ ထွက်ပေါက် ဖြစ်သည့် ဖေ့စ်ဘုတ်ကိုပင် လုံးဝ သုံး၍ မရအောင် VPN များအား လိုက်လံ ပိတ်ဆို့နေကြပြန်သည်။

 

တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားများ ဖြစ်‌သော လူငယ်များလည်း ၎င်းတို့ အာဏာ ဆက်လက်ဖက်တွယ်ထားနိုင်ရေး အတွက် အတင်း အဓမ္မ စစ်ထဲ ဆွဲသွင်းနေမှု ကြောင့် အလုအယက် ပြည်ပသို့ နည်းမျိုးစုံ ဖြင့် တိမ်းရှောင်လျက် ရှိရာ မတ်လ တလ အတွင်း ထိုင်းနိုင်ငံသို့ လူ တသိန်း နှစ်သောင်းခန့် ဝင်ရောက်လာပြီး ထိုအထဲတွင် ‌၆၀ ရာနှုန်းသည် တရားမဝင် ရောက်ရှိလာသူများ ဖြစ်ကြောင်း ကုလ သမဂ္ဂ၏ လူများ ရွှေ့ပြောင်း ဝင်ရောက်လာမှု နိုင်ငံတကာ ရုံးမှ စာရင်းထုတ်ပြန်ခဲ့သည်ကို ကိုးကားပြီး ယနေ့ထုတ် ဝါရှင်တန် ပို့စ် သတင်းစာကြီးတွင် ယနေ့ ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Cartoon credit - Frontier Myanmar