ကျောက်မဲ အကျဉ်းသားများ

by Hla Soewai - Jul 02 2024

တအောင်း အမျိုးသား လွတ်လပ်ရေး တပ်တော် နှင့် မဟာမိတ် တပ်များ မှ ရှမ်းမြောက် ‌ရှိ မြို့ နှစ်မြို့ နှင့် မန္တလေး ‌တိုင်း ‌ဒေသကြီး အတွင်း ရှိ မြို့တမြို့ နှင့် စစ်စခန်း နှစ်ဒါဇင် ကျော်အား သုံးရက် အတွင်း သိမ်းပိုက် နိုင်ခဲ့ပြီ ဆိုသော သတင်းသည် စစ်ကောင်စီ ၏ ဇာတ်သိမ်းခန်း စတင်နေပြီဟု သာ သုံးသပ်၍ ရပေသည်။

 

၁၀၂၇ ‌ဒုတိယ လှိုင်း စစ်ဆင်ရေး အား ကျောက်မဲ၊ နောင်ချို နှင့် မိုးကုတ် မြို့ များ အား ဝင်ရောက် တိုက်ခိုက်လိုက်ခြင်းဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မြို့ သုံးမြို့သည် စစ်ကောင်စီ အခြေစိုက်ထားသည့် လားရှိုး စစ်ဌာနချုပ်၏ တောင်ဖက်တွင် ရှိပြီး မန္တလေး-လားရှိုး လမ်း ပေါ်တွင် ရှိနေသည်။

 

TNLA နှင့် အတူ ပြည်သူ့ ကာကွယ်ရေး တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နောင်ချို အနီးရှိ ခမရ ၁၁၅ ကို သိမ်းယူနိုင်ခဲ့မှု နှင့် အတူ နောင်တခေတ်၏ အောင်စစ်သည်များ မွေးထုတ်ပေးသည်" ဆိုသော မေမြိူ့ စစ်တက္ကသိုလ် နှင့် ကားဖြင့် တနာရီ ခန့် မောင်းလျှင် ရောက်သည့် အကွာအဝေးသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။

 

စစ်တပ်ဖက်မှ ထုံးစံ အတိုင်း Y-2 နှင့် တိုက်လေယာဉ်များ ဖြင့် တိုက်ခိုက်ခဲ့သည်။

 

တော်လှန်ရေး ပူးပေါင်းတပ်များသည် ကျောက်မဲ ရှိ ခမရ ၅၀၁ နှင့် ၅၀၂ တို့အား သိမ်းပိုက်ခဲ့မှု နှင့် အတူ မြို့ကို အုပ်စီးထားနိုင်ပြီဟု သိရသည်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးသည်လည်း ‌"ကျောက်မဲ အကျဉ်းသား" ဘဝ ရောက်ရှိသွားခဲ့သည်။

 

မန္တလေးတိုင်း ဒေသကြီး မတ္တရာ မြို့နယ် အတွင်းရှိ စစ်စခန်း သုံးခု အားလည်း ပြည်သူ့ ကာကွယ်ရေး တပ်များက သိမ်းယူနိုင်ခဲ့ပြီး ဆည်‌ တော်ကြီး ဆည် အနီးရှိ အမှတ် ၁၀၁၄ လေကြောင်း ကာကွယ်ရေး တပ်ရင်း ဌာနချုပ်အား ဆက်လက်သိမ်းယူ နိုင်ရန် တိုက်ပွဲ ဝင်လျက် ရှိနေသည်။ ၁၀၁၄ သည် အခြေမလှ ဖြစ်လာ၍ အင်အား ၈၀၀ ခန့်ရှိ ပျူစောထီးများ နှင့် စစ်ကောင်စီ တပ်များသည် မတ္တရာ မြို့ကို ကာကွယ်ရန် ခံစစ် ပြင်နေကြသည်ဟု သိရသည်။

 

မတ္တရာသည် မန္တလေး ခံတပ်ကြီးကို ကာကွယ်ထားသော မြို့စောင့်တပ်များ ရှိရာ မြို့ ဖြစ်သည်။

 

မိုးကုတ် မြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်။

 

ရက္ခိတ တပ်တော်သည် ရခိုင် ပြည်နယ် တခုလုံးကို သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်လျက် ရှိနေသည်။ ဘူးသီးတောင် နှင့် မောင်းတော ရှိ လက်ကျန် နယ်ခြားစောင့် တပ်စခန်းများ ကို ရှင်းလင်း လျက်ရှိသည်ဟုလည်း သိရသည်။

 

ခရိုနီ ကမ်းခြေ ဟု ခေါ်သည့် ငပလီ အပမ်းဖြေ စခန်း ရှိရာ သံတွဲ တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မြိုတွင် လူရိပ်လူယောင် မတွေ့ရတော့ပဲ စစ်ကောင်စီ တိုက်လေယာဉ်များ ကသာ ဗုံးကြဲ ဖျက်ဆီး လျက် ရှိသည်။ 

 

ထိုသို့ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ အဖို့ နာလန်မထူနိုင် ဖြစ်လာသည်ကို ရိပ်စားမိသော အိန္ဒိယ အစိုးရသည် ထိုဒေသရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများအား ကာကွယ် ပေးရန် နိုင်ငံခြားရေး ဝန်ကြီး ဂျယာရှင်ကာ မှ နယူး‌‌ ဒေလီ သို့ ခေတ္တ ရပ်နားလာသည့် စစ်ကောင်စီ နိုင်ငံခြား‌ ရေး ဝန်ကြီး ဆိုသူအား တရားဝင် တောင်းဆိုလာခဲ့သည်။

 

နယ်ခြားဒေသတွင် မတည်ငြိမ်မှုများ နှင့် နိုင်ငံတွင်း အခြေအနေများကို လွန်စွာ စိုးရိမ်မကင်း ဖြစ်နေကြောင်းလည်း သန်းဆွေ အားလည်း အသိပေးခဲ့ ကြောင်း ဂျယာရှင်ကာ မှ ၎င်း၏ ဖေ့စ်ဘုတ်တွင် ဖေါ်ပြ ထားသည်။

 

ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားပြီး သုံးရက် အတွင်း မြို့သုံးမြို့ ကျသွားသည် အတွက်ကြောင့် ပေလောမသိ၊ သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်ပြည်သို့ တရားဝင် ခရီးစဉ် အဖြစ်ထွက်ခွာသွားသည်ဟု ရန်ကုန်ရှိ တရုတ်သံရုံး အား ကိုးကား၍ ပြည်ပ သတင်းဌာနများက ဖေါ်ပြလာကြသည်။

 

စစ်တပ်သည် တိုင်းရင်းသား အဖွဲ့များကို အနိုင်တိုက် နိုင်စွမ်း မရှိတော့ပဲ ရှေ့ကို ဆက်တက် မလာရေး ကြားဝင် စေ့ဆပ်ပေးရန် ပြည်ပကို အားကိုးနေရသည့် အဖြစ် ကို မြန်မာပြည်သူတို့ တအံ့တဩ တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။

 

အွန်လိုင်းငွေလိမ် အဖွဲ့များကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးသည် ဂယက်ထ လာခဲ့သည့် အရေးကို ပြန်လည် တည့်မတ်နိုင်ရန် မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် တရုတ်ပြည်သို့ ခြေချ ခွင့် မရ ဖြစ်နေ၍ သိန်းစိန် အား စေလွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

 

ဦးသိန်းစိန် သည် ဇွန် ၂၆ ရက်တွင် တရုတ် သံအမတ်ကြီး နှင့် တွေ့ဆုံခဲ့ပြီး "မြန်မာနိုင်ငံ အခြေအနေ နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး" ကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု ရန်ကုန်ရှိ တရုတ်သံရုံး ဖေ့စ်ဘုတ် စာမျက်နှာ တွင် ဖေါ်ပြထားသည်။

 

တရုတ်သည် အာဏသိမ်း အဖွဲ့အား လက်နက်ထောက်ပံ့ပေးသည်မှ အပ ၎င်းတို့ အကျိုးစီးပွား မပျက်စီး သရွေ့ မည်သည့် အကြောင်းနှင့်မျှ ၎င်းတို့အား ကိုယ်ထိ လက်ရောက် ကူညီ လာမည် မဟုတ်သည်ကား သေချာလှပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!