နိုင်ငံ၏ ၇၇ နှစ်မြောက် လွတ်လပ်ရေး နေ့တွင် အကျဉ်းသား ၅,၈၀၀ နီးပါး လွှတ်ပေးခဲ့ရပြီး နိုင်ငံခြားသား ၁၈၀ ပါဝင်နေသည်။
ထို့ပြင် ၅၀၅ (က) ဖြင့် ပုဒ်မတပ် ဖမ်းဆီး ခံထားရပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ထိ ကျခံနေရသူ ၆၀၀ ထိ ပါဝင် နေသည်။
လူသား ချင်း စာနာ ထောက်ထားမှု ဂရုဏာ ကြီးမြင့်စွာဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုကာ မင်းအောင်လှိုင် လင်မယား မှ ထောင်ဗူးဝ ရှေ့တွင် ပြုံးပျော် နေကြသော မိသားစု များကို မိန့်မိန့်ကြီး ကြညိ့ကာ ၎င်းတို့ ကျုးလွန် ခဲ့သော ပြစ်မှု များ ကျေ လောက် ပြီ ဟု ဆိုကာ တွေးပျော် နေကြမည် ဖြစ်သည်။
သို့သော် ၎င်းတို့ လုပ်ရပ်ကြောင့် တနိုင်ငံလုံး လူဦးရေ၏ ၅ ရာနှုန်း ကျော်ရှိ ၃.၅ သန်းသော ပြည်သူများ အိုးမဲ့အိမ်မဲ့ ဘဝ ရောက်နေကြရပြီ ဟု ကုလ သမဂ္ဂ မှ မကြာမီကမှ စာရင်းထုတ်ပြန်လာခဲ့သည်။
ဒု ခေါင်းဆောင် စိုးဝင်းမှ လွတ်လပ်ရေးနေ့ အခမ်းအနား တွင် တနိုင်ငံလုံး ညီညွတ်ကြရန် နှင့် ဆွေးနွေး အဖြေ ရှာ နည်း ဖြင့် ဖြေရှင်းရန် ပြောဆိုသွားခဲ့သည်၊ တနိုင်ငံလုံး ညီညွတ်ကြရန် ဆိုသည်ကား ၎င်းတို့ လုပ်သမျှ ထောက်ခံကြရန်ပင် ဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုသည်မှာလည်း ၎င်းတို့ အာဏာတည်မြဲရေး အတွက် အကွက်ချ ဆွေးနွေးရန်ပင် ဖြစ်သည်။ နိုင်ငံတော် အာဏာ ဆိုသည်က ၎င်းတို့ သားစဉ်မြေးဆက် လက်ဆင့်ကမ်းရမည့် ဘိုးဘွားပိုင် အမွေအနှစ် အလား ခံယူထားကြသူများ ဖြစ်သည်။
မည်သို့ပင် ၎င်းတို့နှင့် မည်မျှပင် ဆွေးနွေးစေကာမူတိုင်းရင်းသား များ မျှော်လင့်ထားသလို စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ပြည်ထောင်စု စနစ်မျိုးတော့ ပေါ်ထွန်းလာမည်မဟုတ်သည်ကား သေချာနေပေသည်။
နိုင်ငံတကာ မှ စစ်ကောင်စီ သည် နောက်ဆုံးတွင် အနိုင်ရမည်ဟု ယုံကြည် နေသ ရွေ့ ၎င်းတို့ကို တနည်း မဟုတ် တနည်း ပံ့ပိုး ပေးနေကြမည်သာ ဖြစ်သည်။ ထိုအ နေအထား ကို ရိပ်စားမိသော စစ်ကောင်စီ သည် တိုင်းရင်းသား အဖွဲ့များ နှင့် ဆွေးနွေးရာ တွင် မည်သို့မျှ အလျော့ပေး ဆွေးနွေးကြမည် မဟုတ်။
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းးကြည် သည် နိုင်ငံတော် အတိုင်ပင်ခံ အဆင့် အထိ တက်လှမ်းလာနိုင်ခဲ့ခြင်းသည် ၎င်း၏ ကျေးဇူးရှင်လည်း ဖြစ်၊ ဆရာသမား လည်း ဖြစ်ခဲ့သူ ဗိုလ်သန်းရွှေမှ ပျော့ညံ့ညံ့ ဆက်ဆံခဲ့၊ ကိုင်တွယ် ခဲ့သောကြောင့် ဖြစ်သည်။ ငါလို လူမျိုး တော့ လာမလုပ်နဲ့၊ တိုက်ပိတ်ပစ်လိုက်မည် ဆိုသော ရပ်ကွက်ထဲမှ ကာလသားခေါင်း လူမိုက် အဆင့်သာ ရှိသည့် အတွေးအခေါ်မျိုး နှင့် တွေးကာ ကျေနပ်နေသူ ဖြစ်သည်။
ထိုကဲ့သို့ ခေါင်းမျိုး ကြောင့် ၎င်းတို့အပေါ် ထိုကိစ္စ ကို အကြောင်းပြု၍ တနိုင်ငံလုံး က အကြည်ညိုမဲ့ နေကြပြီ ဆိုသည် အဖြစ် နှင့် အလဲအလှယ် လုပ်နေကြရသည် ကို မရိပ်စားမိကြ၊ ဗိုလ်သန်းရွှေက လွန်စွာ လိမ္မာ ပါးနပ်စွာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို လူယုတ်မာ များ အဖြစ် ပြည်တွင်း ပြည်ပက မြင်လာသည့် အထိ မရောက်အောင် ကြိုးစားခဲ့ကြသည်။
လွှတ်ပေးသူ များ ထဲတွင် ထိုင်း ငါးဖမ်းသမားများ မပါဝင်ပဲ အွန်လိုင် ငွေလိမ်ဂိုဏ်းများ တွင် ပါဝင် နေသူ များ ဖြစ် နေသည်၊ ထို့အတွက် ထိုင်း ကာကွယ်ရေး ဝန်ကြီး က ၎င်းတို့ မျှော်လင့်ထားသည့် စနေနေ့တွင် ဖြစ်မလာခဲ့သော်လည်း မကြာမီ လွတ်လာပါလိမ့်မည်ဟု ရှက်ရှက် နှင့် ဝန်ခံ ပြောဆိုခဲ့ရသည်။
စစ်ခေါင်းဆောင်များသည် ၎င်းတို့ဖက်မှ ရပ်တည်နေပါလား ဆိုသည့် ကျေးဇူး လည်း ထောက်ထားရမှန်း မသိ၊ လူမိုက်ပီပီ နိုင်လို့ရမည် ထင်ပါက hostage diplomacy ကို သာ ကျင့်သုံးပြီး လုပ်လို့ မရသည့် တရုတ်ကိုမူ မိမိ နိုင်ငံသား ဖြစ်နေစေကာမူ ချက်ခြင်းပင် လေယာဉ်ပေါ် တင် လွှဲပေးခဲ့ကြသည် မဟုတ်ပါလား။
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးတော့မည် ဟု ကောလဟသများ တဟုန်ထိုး ပျံ့နှံ့လာနေချိန်တွင် စက်တင်ဘာလ ကတည်းက လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ရန် ထည့်သွင်းတောင်းဆိုထားသည့် ငွေဆောင် "သဘောတူညီချက်" ဆိုသည်က ခါတော်မီ ထွက်ပေါ်လာခဲ့သည်။ သို့မဟုတ်က ထိုသို့ လူသိရှင်ကြား ထုတ်ပြောရန် အထိ အစကတည်းက ရည်ရွယ်ခဲ့ခြင်း မရှိဟု ယူဆရပေသည်။
သို့သော် ကိုမြအေး တို့ အဖွဲ့သည်လည်း ၎င်းတို့သာ မဟုတ် ထိုင်း ကာကွယ်ရေး ဝန်ကြီးလည်း အဖေါ် ရှိသေးသည်ဟု ဖြေသိမ့်နိုင်စရာ ရှိနေသည်။
ယခုအခါ ၎င်းတို့ လင်မယား နောက်ကွယ်တွင် အဘက သီချင်းဆိုလည်း ကောင်းတယ်’၊ ‘အပေးအကမ်းလည်း ရက်ရောတယ်’၊ ‘အရမ်းလည်း “အမ်း” တယ်နော် ဟု တမျိုး၊ ။ “အဘက အမ်း ပေးခဲ့တာတောင် ဂွကျတဲ့အထိ ဖြစ်ရပြီ ဟု တမျိုး တပ်တွင်း တွင် လှောင်ပြောင်ခံနေရရှာပြီ ဖြစ်သည် ဟု ဧရာဝတီ ဆောင်းပါးတွင် ရေးသားထားသည်။
လွတ်လပ်ရေး ရခဲ့သည်မှာ ၇၇ နှစ် တိုင်ခဲ့ပြီ ဖြစ်သော်လည်း တကယ်တမ်း တွင် တိုင်းပြည် နှင့် လူထု သည် ဗြိတိသျှ ကျွန်ဘဝမှ စစ်ကျွန် ဘဝ သို့ ကူးပြောင်းသွားခဲ့ခြင်းမျိုး သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!