လက်ရှိ စစ်ကောင်စီ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မှ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေး အတွက် နိုင်ငံ အတွင်း တည်ငြိမ်မှု ရှိအောင် အချိန် လိုအပ်နေကြောင်း ယာယီ သမ္မတ ကြီး ဖြစ်သူ ဦးမင်းအောင်လှိုင် အား တင်ပြခဲ့သည်ဟု သိရသည်။
ဦးမင်းအောင်လှိုင်က ဖွဲ့စည်းပုံ တွင် တိုင်းပြည် အာဏာကို ရွေးကောက်ပွဲ မလုပ်မီ ခြောက်လ အတွင်း သမ္မတ ဖြစ်သူ ထံ ပြန်လည် လွှဲပြောင်းပေးရမည် ဆို၍ ရွေးကောက်ပွဲ ကို အချိန်အတိအကျ သတ်မှတ်ပေးရန် မေးမြန်းခဲ့ရာ မဖြေနိုင်၍ ဗိုလ်ချုပ်မှုး ကြီး မင်းအောင်လှိုင် နှင့် အခြေ အတင် စကား များ ခဲ့သည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦး အချင်းများနေသည်ကို ငယ်စဉ်က ကြည့်ခဲ့ရသော ဝင်းဦး ၏ ဆောင်းအိမ်မက်ကို ကြည့်နေရသလို နစ်မျောနေသော ကာလုံ အဖွဲ့ဝင်များလည်း ပြီးဆုံးသွားချိန်တွင်တော့ မိမိတို့ လုပ်ရမည့် တာဝန်ကို သတိရကာ "သဘောတူပါတယ်" ဟု အလုအယက် ထောက်ခံ လိုက် ကြတော့သည်။
ဤသို့ဖြင့် အရေးပေါ် အခြေ အနေ ဆိုသည်ကို ခုနှစ်ကြိမ် မြောက် နောက်ထပ် သက်တမ်း တိုးလိုက်ပြီ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အရ အများဆုံး သက်တမ်း နှစ်ကြိမ် သာ တိုးခွင့် ပြုထားသည်။
၎င်းတို့၏ လုပ်ဇာတ်ခင်းနေသည့် အဖြစ်ကိုလည်း နိုင်ငံတကာ က စိတ်မဝင်စားတော့၊ တသက်လုံး တိုးမည်ဆိုလည်း တိုး၊ နေပြည်တော်တွင် ရှိနေသရွေ့တော့ State Actor အဖြစ် ဆက်ဆံသွားကြမည်သာ ဖြစ်သည်။
ဟိုတယ် ခရီးသွား မှ သက်သက်ခိုင်၊ အားကစား မှ မင်းသိန်းဇံ၊ အလုပ်သမား မှ မြင့်နောင် တို့ကိုလည်း ရာထူး များမှ ဖယ်ရှားလိုက်သည်။
ရာပြည့်သည်လည်း ထွန်းထွန်း နောင် နှင့် နေရာလဲခံရပြီး ပြည်ထဲရေး မှ နယ်စပ်ဝန်ကြီး ဖြစ်သွားသည်။ နောင်ဆိုလျှင် သံအမတ် အဖြစ် ကန်ထုတ်ခံရတော့မည် ဖြစ်သည်။
အာဏာသိမ်းပြီး နောက်ပိုင်း မင်းအောင်လှိုင် နှင့် စိုးဝင်းသည်သာ လက်ရှိ ရာထူး များ တွင် မြဲနေသော်လည်း နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ကိုယ်နှိုက် က လွတ်လပ်၍ တရားမျှတ ပါသည် ဆိုသော ၂၀၂၀ ရွေးကောက်ပွဲ အား မသမာမှု များ ရှိနေသည် ဆိုကာ အာဏာ သိမ်းခဲ့သော်လည်း ယခု အချိန်ထိ မည်သည့် သက်သေ အထောက်အထား အတိအကျ ကို မျှ နိုင်ငံတကာသို့ ချမပြ နိုင်သေးပေ။
အရေးပေါ် အခြေအနေ ဖြင့် မင်းအောင်လှိုင် တဦးတည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာ အရပ်ရပ် ကို ရရှိ နေပြီ ဖြစ်သည်။
၎င်းတို့ စီစဉ်သည့် ရွေးကောက်ပွဲကို ကုလသမဂ္ဂ ကပင် လက်မခံ ဆိုသည်ကို ကုလ အတွင်းရေး မှုး ချုပ် ဂူတာရက်စ် ၏ ကြေညာချက်ထဲ တွင် အထင်အရှား တွေ့လာရသည်။
ရွေးကောက်ပွဲ အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်း နှင့် နိုင်ငံ အနှံ့ ပဋိပက္ခများ၊ လူ့အခွင့် အရေး ချိုးဖောက်မှု များ ရှိနေသရွေ့ မည်သည့်နည်းနှင့်မျှ လွတ်လပ်ပြီး တရားမျှတပြီး ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ဆိုပြီး စစ်တပ် အနေဖြင့် အာဏာကို စွန့်လွှတ်ပြီး အားလုံး ပါဝင်နိုင်မည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် ဖြင့် အရပ်သား များထံ လွှဲပြောင်း ပေးရမည် ဟု ဖေါ်ပြထားသည်။
ကုလ သမဂ္ရ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော််မိုးထွန်း မှ ပြီးခဲ့သည့် လေးနှစ် အတွင်း မြန်မာ ပြည်သူ များ နေ့စဉ် နှင့် အမျှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရကြောင်း၊ အပြစ်မဲ့ ပြည်သူ ၆,၂၃၀ ခန့် အသက် ဆုံးရှူံးခဲ့ပြိး ၃.၅ သန်း အိုးအိမ် လက်လွှတ် ရှောင်တိမ်းနေရကြောင်း နှင့် သန်း ၂၀ ခန့်သည် လူသား ချင်း စာနာမှု အကူအညီ များ လိုအပ်နေသည်ဟု ကြာသပတေး နေ့က တင်ပြခဲ့သည်။
ကုလ နှင့် နိုင်ငံတကာ အဖွဲ့အစည်း များ အနေဖြင့် ၎င်းတို့ စီစဉ်နေသည့် ရွေးကောက်ပွဲ အား အသိအမှတ် မပြုရန် လည်း တောင်းဆိုသွားခဲ့သည်။
ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့ကြီးကလည်း ယခုနှစ် အတွင်း လူ ၁၅ သန်း ခန့် အငတ်ဘေး ကြုံလာနိုင်သည်ဟု သတိပေး ချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။
ထိုသို့ လေးနှစ် ရှိလာပြီ၊ ငါးနှစ်ထဲ ရောက်လာပြီ ဟု နှစ်ပတ်လည် စကားများ ပြောနေရခြင်းကပင် မင်းအောင်လှိုင် အတွက်လည်းတိုင်းပြည် တည်ငြိမ်ရေး ကို ထိန်းချုပ် နိုင်ခြင်း မရှိသေးပါဟု လူ ဆယ်တစ် ယောက် နောက်ခံထားပြီး ရုပ်မြင်သံကြားရှေ့ ထွက် ထွက်ပြီး ဝန်ခံနေရသလို ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များသည်လည်း ၎င်းတို့အား ဖယ်ရှားရမည် တာဝန်ကြီး က ကြီးလေးသည် ထက် ကြီးလေး လာနေပြီ ဖြစ်သည်။
နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး အပါအဝင် အဖွဲ့အစည်း ပေါင်း ၄၆ ဖွဲ့က လေးနှစ် အတွင်း စစ်တပ် ကျုးလွန်ခဲ့သော ရာဇဝတ်မှု များကို တာဝန်ခံလာစေရန် ဆောင်ရွက် ပေးကြပါဟု နိုင်ငံတကာ သို့ ပန်ကြားချက် ထုတ်ပြန်လာခဲ့သည်။
ထို့အတွက် နိုင်ငံတကာ အနေဖြင့် အိုင်စီစီ ဖမ်းဝရမ်း ကို လိုက်နာပြီး ၎င်းတို့အား ရုံးတင် စစ်ဆေးနိုင်ရန် ခိုလုံခွင့် မပြုကြဖို့ လည်း ပါရှိသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!