ရှောင်တန် နယ် မှ မြန်မာ အား ဒေါ်လာ တစ် ဘီလီယံ ပြန်ပေးရန် ဝါရှင်တန် သွား အရေးဆိုမည်

by Hla Soewai - Feb 10 2025

ဒေါ်နယ် ထရန့်မှ မြန်မာ ကျောင်းသားများ အတွက် ပညာသင်ရှောင်တန် နယ် မှ မြန်မာ အား ဒေါ်လာ တစ် ဘီလီယံ ပြန်ပေးရန် ဝါရှင်တန် သွား အရေးဆိုမည်ဆု အဖြစ် ပေးထားသော ဒေါ်လာ ၄၅ သန်းအား မပြောမဆို ရုတ်ခြည်းလို ရပ်ဆိုင်းပစ်ခဲ့သည်။

 

ထိုပမာဏ သည် အမေရိကန် ပေးနေသော ပြည်ပ အကူအညီများ၏ မပြောပလောက်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။

 

ထိုအပြင် အမေရိကန် ပြည်ပ အကူအညီပေးရေး အေဂျင်စီ USAID ၏ အကူအညီများလည်း ဖြတ်တောက်လိုက်မှု ကြောင့် ထိုင်းနယ်စပ်ရှိ မြန်မာ ဒုက္ခသည်များ အတွက် အကူအညီများ အရေးပေါ် လိုအပ်လာနေပြီ ဖြစ်သည်။

 

ထို့အတွက် နှစ်ဆယ် တစ်လ မျှ အင်းစိန် ထောင်တွင် အကျဉ်း မကျ သင့်ပဲ ကျခံခဲ့ရသည် unlikely prisoner ဖြစ်ခဲ့သူ မြန်မာ စီးပွားရေး အကြံပေး ဩစတေးလျှ ပါမောက္ခ ‌မစ္စတာ ရှောင် တန်နဲလ် မှ မြန်မာ မှ နိုင်ငံခြား အရံငွေ အဖြစ် နယူးယောက် ဗဟိုဘဏ် တွင် အပ်နှံထားသော အမေရိကန် ဒေါ်လာ တစ်ဘီလီယံ နှင့် ရရှိထား‌ သော အတိုးငွေများ အား ပြန်၍ ထုတ်ပေးရန် ထရန့် အစိုးရ အား တောင်းဆိုလိုက်ပြီ ဖြစ်သည်။

 

ထိုပမာဏ သည် လောလောဆယ် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသော တော်လှန်ရေး အား မှောက် လှန်ပစ် နိုင်လောက်သည့် ပမာဏ လည်း ဖြစ်သည်ဟု ဆိုသည်၊ သို့မှသာ ဒေသတွင်း မတည်မငြိမ် ဖြစ်လာနေမှု နှင့် နယ်စပ်ဖြတ်ကျော် ကျုးလွန်နေသော ရာဇဝတ်မှု များ အဆုံးသတ် နိုင်မည် ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

 

၎င်းကိုယ်တိုင် ယခုလ အတွင်း ဝါရှင်တန်သို့ သွားပြီး နိုင်ငံခြား‌ ရေး ဝန်ကြီး မာကို ရူဘီယို အပါအဝင် ရီပတ်ဘလီကင် အစိုးရ အထက်တန်း အရာရှိကြီးများ နှင့် တွေ့ဆုံ အရေးဆိုမည် ဟုလည်း ဆိုသည်။

 

အဆိုပါ သတင်းကို The Australian နေ့စဉ် သတင်းစာတွင် ဖေါ်ပြထားသည်။

 

တချိန်တည်း မှာပင် မြန်မာ အရေး ကုလ ကျွမ်းကျင်သူ သုံးဦး နှင့်လည်း ‌တွေ့ဆုံရန် ရှိနေသည်ဟု သိရသည်။

 

မြန်မာပိုင် ငွေကြေးများသည် အမေရိကန် ဗဟိုဘဏ် တွင် ဒီအတိုင်း ရှိနေပြီး ထိုငွေများ အား ထုတ်ပေးရန် မြန်မာ အတိုက်အခံ များ မှ အကြီးအကျယ် တောင်းဆိုနေကြသည်၊ ဤသည်လည်း မဖြစ်နိုင်သည်ကို တောင်းဆိုနေခြင်း မဟုတ် ၊သို့မဟုတ်ကလည်း ယူကရိန်း ကဲ့သို့ပင် ရလာသည့် အတိုးငွေများ ထုတ်ပေးမည် ဆိုက အကျိုးရှိရာ ရှိကြောင်း တီထွင်ကြံဆ သုံး၍ ရသည်ဟု ဆိုသည်။

 

ဘိုင်ဒင် အစိုးရ မှ အပ်နှံထားငွေ များ ပြန်ထုတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုနေမှုများကို ပယ်ချခဲ့သော်လည်း မကြာမီက ယူကရိန်း တပ်များသို့ ရုရှား ငွေများ ထုတ်ပေးခဲ့ အတွက် ထရန့် အနေဖြင့် မိမိတို့ဖက်က တောင်းဆိုမှုများကို လက်ခံစဉ်းစားပေးလိမ့်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

 

မစ္စတာ ရှောင်တန်နဲလ် သည် လုပ်သင့်လုပ်ထိုက်သည်များကို အချိန်မဆွဲ ဘဲ လုပ်နိုင်ခဲ့သူ ဖြစ်ပြီး ၎င်း၏ ဝါရှင်တန် ခရီးစဉ် အောင်မြင်ပါစေ ဟု တတိုင်းပြည်လုံးက ကျေးဇူးတင်စွာဖြင့် ဝိုင်းဝန်း ဆုတောင်းပေးနေမည်မှာ ဧကန်မုချ ပင် ဖြစ်သည်။

 

နောက်ထပ် သတင်းအရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် အော့သမန် ဟာရှင် (Othman Hashim) သည် ဖေဖေါ်ဝါရီ ၆ ရက်မှ ၈ ရက် အတွင်း နေပြည်တော် သို့ ရောက်ရှိနေမည် ဖြစ်ပြီး မင်းအောင်လှိုင် အပါအဝင်း အခြား သက်ဆိုင်သူများ နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!