လျော်ကြေးပေးရန် ကမ္ဘာတဝှမ်း တောင်းဆို လာနေမှု အား တရုတ် ပယ်ချ

by Hla Soewai - May 23 2020

ကော်ရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဆိုးကြီးကြောင့် ထိခိုက် နစ်နာခဲ့ရမှုများ အပေါ်လျော်ကြေးပေးရန် ကမ္ဘာတဝှမ်းမှ တောင်းဆိုသံများ သံပြိုင် ထွက်ပေါ်လာနေမှု အပေါ်
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပယ်ချလိုက်ပါတယ်။

အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်ရ ပုဂ္ဂိုလ် ဂန် ရှုအန်းက အမေရိကန် နိုင်ငံရေးသမားများသည် "မဟုတ်တာ အဟုတ်လုပ်" ပြောနေသူများသာ ဖြစ်ကြောင်း စွပ်စွဲလိုက်ပါတယ်။

"၎င်းတို့ အနေဖြင့် မိမိတို့ ပြဿနာ ကိုသာအာရုံထားပြီး ကပ်ရောဂါကြီးအား စောနှိုင်သမျ စောစော ထိန်းချုပ်နိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားသင့်ပြီး ယခုလို အပြစ်လွှဲချခြင်းဖြင့် လှည်စားခြင်းမျိုး မလုပ်သင့်"ကြောင်းလည်း ထည့်ပြောသွားပါတယ်။

ထိုမတိုင်မီ တနေ့က သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်မှ ကော်ရိုနာ ဗိုင်းရပ် ဖြစ်ပွားခဲ့မှု ကြီး အပေါ် တရုတ်နိုင်ငံ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှု နှင့် ပတ်သက်၍မိမိတို့ဖက် မှ လျော်ကြေး "နင့်ကနဲ" ရအောင်ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်က သြစတေးလျှ ဖက်ကို လည်း လှည့်လာခဲ့ပြန်ပါတယ်။ တရုတ်နိုင်ငံတွင်း ကပ်ရောဂါကြီး မည်သို့ မည်ပုံ ဖြစ်ပွားလာသည့်မူလ အစ အပေါ် အမှီအခို ကင်းသော နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဖြင့် စစ်ဆေးရန် သြစတေးလျ ၏ တောင်း ဆိုမှု သည် ၎င်းတို့၏ ထွက်ကုန်များကို တရုတ် စားသုံးသူများက သပိတ်မှောက် သည်အထိဦးတည် လာနိုင်သည်ဟု သြစတေးလျဆိုင်ရာ တရုတ်သံအမတ် ကြီး က သတိပေးလိုက်ပါတယ်။

"ငါတို့ အပေါ် ဒီလို လုပ်လာရင် သူတို့နိုင်ငံကထွက်တဲ့ ဝိုင် တွေ အမဲသားတွေ ဘာလို့ ဝယ်သုံးတော့မလဲ" လို့ တရုတ် ပြည်သူတွေက
မေးခွန်းထုတ်လာကြလိမ့်မယ်လို့ သံအမတ်ကြီး ချန် ဂျင်ယီ မှ Australian Financial Review နှင့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။

ထိုကဲ့သို့ ပြောဆိုခြင်းမျိုးသည် "စီးပွားရေး အရ အကျပ်ကိုင်ခြင်း" သက်သက်သာ ဖြစ်သည်ဟု သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး မာရစ် ပိန်း က တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

တရုတ် နှင့် သြစတေးလျ တို့ အပြန်အလှန်ပြောဆိုနေမှု များသည် မနေ့က အထိ ဆက်ဖြစ်နေခဲ့ပါတယ်။

သြစတေးလျ သည် အမြဲလို ဇတ်ရှုပ်လေ့ ရှိကြောင်း၊ ယခု ကိစ္စသည် တရုတ် အနေဖြင့် ရှူးဖိနပ် အောက်တွင် ကပ်ပါလာသော ပီကေ ဖတ် လို ဖြစ်နေသဖြင့် ဖယ်လိုပါက ကျောက်တုံးတတုံးပေါ် တက်နင်းပြီး ခြစ်ထုတ်မှ ဖြစ်မည်" ဟု တရုတ် အမျိုးသားရေး ဝါဒအသားပေး ဂလိုဘယ် တိုင်းမ် သတင်းစာ အယ်ဒီတာ ဟူ ရှီဂျင် က သူ၏ ဆိုရှယ်မီဒီယာ အကောင့်တွင် ရေးသားလာခဲ့ပါတယ်။

မိမိ အမြင်ပြောရလျှင် ယခုအခါ ကမ္ဘာတဝှမ်းလူပေါင်း နှစ်သိန်း တသောင်းကျော် သေဆုံးနေခဲ့ရမှု အတွက် တရုတ် အနေဖြင့် ကမ္ဘာကိုတောင်းပန်သင့်ပါတယ်။ လက်ရှိ တရုတ်အစိုးရရဲ့ official line ကတော့ မိမိအိမ်သားတယောက်၏ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းကာ ရပ်ကွက် အတွင်း ကူးစက်သွားမှုအား ကိုယ့် အိမ်လောင်တဲ့ မီး ကိုယ့်ဖာသာနိုင်အောင် ငြိမ်းလို့ ပြောသလို ဖြစ်နေပါတယ်။

တရုတ်တို့ အဖို့ လက်ရှိ အရေးကို လိမ္မာပါးနပ်စွာ မကိုင်တွယ် နိုင်ပါက ၎င်းတို့၏ global image အား အဖတ်ဆယ်နိုင်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းရတော့မည်သာ
ဖြစ်သည်ဟု ယူဆမိပါတယ်။

ကိုးကား၊ ၊ New York Times (April 28, 2020)