ထိုင်း မှ စောချစ်သူ ကို ဖမ်းဝရမ်း ထုတ်ရန် စီစဉ်

by Hla Soewai - Feb 18 2025

ကရင် အမျိုးသား တပ်တော်ဟု ဖွဲ့စည်းထားသော နယ်ခြားစောင့် အဖွဲ့ BGF ၏ ခေါင်းဆောင် ဖြစ်သူ စောချစ်သူ တယောက် ရင်တမမ နှင့် စိုးထိတ်နေရသော ရက်က နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။

 

ထိုင်း အထူး စုံစမ်းရေး အဖွဲ့ DSI သည် ဗိုလ်မှုးကြီး ‌စောချစ်သူ နှင့် တာဝန်ရှိသူ နှစ်ဦးအား နိုင်ငံ ဖြတ်‌ ကျော် လူကုန်ကူးမှု စွဲချက် ဖြင့် ဖမ်းဆီးရန် ဝရမ်း ထုတ်ပြန် နိုင်ရေး အတွက် တရားရုံး ၏ ‌သ‌ ဘောတူညီချက် ရရန် လျှောက်ထားလိုက်ပြီ ဖြစ်သည်။

 

အခြားနှစ်ဦး မှာ ဒုဗိုလ်မှုးကြီး မုတ်သုံ နှင့် ဗိုလ်မှုး တင်ဝင်း တို့ ဖြစ်သည်။

 

BGF သည် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ အခြေချရာ ရွှေကုက္ကူ ပရောဂျက်အား စီမံခန့်ခွဲ နေသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။

 

ထိုင်းသည် ၎င်းတို့ အလိုရှိနေသူ သုံးဦး အား ဖမ်းဆီး နိုင်ရန် မြန်မာ နှင့် အာဆီယံ နိုင်ငံများ အပါအဝင် တရုတ် အစရှိသည့် အာဏာပိုင် အဖွဲ့အစည်းများ ၏ ပူးပေါင်းကူညီမှု ရရန် ကြိုးစားသွားမည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုင်း ရဲအဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုးကြီး တာဝီးမှ ၎င်းတို့အား မည်သို့မည်ပုံ ဖမ်းဆီးမည်လဲ ဆိုသည့် သတင်းထောက်များ၏ အမေးကို ‌ဖြေကြားသွားခြင်း ဖြစ်သည်၊ ၎င်းမှ ဆက်လက် ပြောကြားရာတွင် ထိုပုဂ္ဂိုလ် သုံးဦးအား ဖမ်းဆီးဖို့သည် တကယ်တမ်း ဆိုလျှင် အခက်အခဲ မရှိကြောင်း၊ ဒေသတွင်းရှိ ခေါင်းဆောင်များ မည်မျှ အတိုင်းအတာ အထိ ကူညီ မည်လဲ ဆိုသည် အပေါ်သာ မူတည်နေသည်ဟု ဆိုသည်။ ၎င်းတို့ကျုးလွန်သော ရာဇဝတ်မှု များသည် ထို နိုင်ငံများ၏ လုံခြုံရေး ကို ခြိမ်းခြောက် အန္တရာယ်ပြုလာနေသည်ဟု သဘောထားလျင် လိုလိုလားလား ကူညီချင်ကြမည်သာ ဖြစ်သည်ဟု လည်း ပြောခဲ့သည်။

 

DSI သည် သက်သေ အထောက်အထား အခိုင်အမာ ရှိလာ၍ ယခုလို ဝရမ်း ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီးထိုသို့ ရှိလာအောင်လည်း ၎င်းတို့၏ ငွေကြေး များ သွားရာ လမ်းကြောင်းကို အချိန်အတန်ကြာ စုံစမ်းထားခဲ့သည် ဟု ဆိုသည်။

 

ယခုလို လျှောက်ထားခြင်း သည် လုပ်ထုံးလုပ်နည်း အရ ခွင့်ပြုချက် ယူရခြင်း မျိုး ဖြစ်ပြီး ဖမ်းဝရမ်း ထုတ်ရန် ကြိမ်းသေနေပြီ ဖြစ်သည်။

 

အမေရိကန် နိုင်ငံသား အများ အပြားလည်း လိမ်လည် ခံထားရ၍ အမေရိကန် သံရုံး နှင့် နီးနီးကပ်ကပ် ပူးပေါင်း လုပ်ကိုင်နေသည်ဟုလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

၎င်းတို့သုံးဦး အပြင် ထိုင်း နှင့် မြဝတီဖက်ရှိ အပန်းဖြေ စခန်း နှစ်ခု အား ဦးစီးနေသည့် ထိုင်း နိုင်ငံသား နှစ်ဦး အပါအဝင် နောက်ထပ် ဖမ်းဆီး အရေးယူ မှု များလည်း ရှိလာဦးမည် ဖြစ်ပြီး ဝရမ်း ထုတ်နိုင်ရန် သက်ဆိုင်ရာ ဌာနများ နှင့် ဆွေးနွေးနေသည်ဟုလည်း ဆိုသည်။

 

ထိုင်း ဒုဝန်ကြီးချုပ် ဖမ်သမ် ဝီရာဝါချိုင်း မှ အခြား နိုင်ငံ၏ အချုပ်အခြာ အာဏာ ကို ထိခိုက်မည် စိုး၍ ၎င်းတို့ သုံးဦး ထိုင်းနိုင်ငံထဲ ဝင်လာလျင် အဖမ်းခံရမည် ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

စောချစ်သူ သည် ယခုအခါ ထိုင်း နိုင်ငံ မြောက်ပိုင်းတွင် ရှိနေသည် ဆိုသည့် သတင်းများ ထွက်ပေါ်လာ၍ လိုက်လံစုံစမ်းလျက် ရှိနေသည်ဟု ဘန်ကောက် ပို့စ် သတင်းစာ တွင် ရေးသားထားသည်။

 

ဖမ်းဝရမ်း ထုတ်ခံလိုက်ရ‌ သော စောချစ်သူ အား ၂၀၂၂ နိုဝင်ဘာလ ထဲတွင် စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်မှ နေပြည်တော်သို့ ပင့်ဖိတ်ကာ နိုင်ငံ အကျိုးပြု ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်ထားပြီး ဖြစ်သည်။ 

 

၎င်းအား ဖမ်းဝရမ်း ထုတ်မည့် သတင်း အပေါ် ဘီဘီစီမှ မေးမြန်းရာတွင် စောချစ်သူ က ကျွန်တော် ထိုင်း ကို ဘာများ ပုန်ကန် မိလို့လဲ ဗျာ၊ သတင်းထဲသာ မပါတာ ကျွန်တော် ဖမ်းပြီး ပို့ပေးခဲ့တာ အများကြီးပဲ ဟု ‌ပြောလာခဲ့သည်။

 

လက်ရှိ ရောက်နေသူများသည် မိမိတို့ ခေါ်၍ ရောက်လာကြသူ များ မဟုတ်၊ သို့သော် ၎င်းတို့အား အထူး အဖွဲ့ဖွဲ့ပြီး ပြတ်ပြတ်သား အရေးယူသွားမည်ဟု လည်း ဆိုသည်။

 

သို့သော် မိုးလွန်မှ ထွန်ချသလို ဖြစ်သွားခဲ့လေပြီ၊ ပြစ်မှု ကျူးလွန်သူတဦးက နောင်တရပါပြီ ဆိုယုံ နှင့် ကျေအေးရရိုး ထုံးစံရှိပါ၏ လော။

 

ဗိုလ်မှုးကြီး ‌စောချစ်သူ ၏ ကံကြမ္မာသည် ၎င်း၏ အပြောအရ ညီအကို လို နေလာခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ် ကျော်လာခဲ့ပြီ ဆိုသော ထိုင်း အဖို့ မည်သို့လှုပ်ရှားလာမည်၊ တရုတ်မှ မည်မျှအထိ ဖိအားပေးလာမည် ဆိုသည် အပေါ်သာ မူတည်နေပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!