လက်ရှိတွင် ပြည်သူများသည် နေဝင်မှ အမှောင်ရောက်သည် မဟုတ်တော့ဘဲ အများစုသည် တနေ့လျင် နာရီ နှစ်ဆယ် နီးပါး အမှောင်ထဲတွင် နေထိုင်နေကြရပြီ ဖြစ်သည်။
ထိုအဖြစ်ကြောင့် လက်ရှိ ရင်ဆိုင်နေရသော စီးပွားရေး၊ လူမှု ရေး အကျပ်အတည်း များ ဖြစ်သည့် အိမ်သုံးစရိတ် ကြီးထွားလာနေခြင်း၊ စီးပွားရေး လုပ်ငန်းများ ပိတ်ပစ်လိုက်ရခြင်းကြောင့် အလုပ်လက်မဲ့များ ပေါများလာခြင်း၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ယို့ယွင်းလာနေခြင်း ဆိုသည့် တို့က နက်ရှိူင်းသည်ထက် နက်ရှိူင်းလာနေရပြီ ဖြစ်သည် ဟု အစချီကာ လျပ်စစ်ဓါတ်အား ပြတ်တောက်ရသည့် အရင်းခံ အကြောင်းတရားများကို Eurasia Review တွင် သုတေသန ပြု တင်ပြထားသည်ကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။
မြန်မာ သည် ၂၀၁၅ မှ ၂၀၂၁ အတွင်း လျပ်စစ်ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးမှု အပိုင်းတွင် သိသိသာသာ တိုးတက်မှုများ ရရှိလာခဲ့သည်။ ယခင် ၅,၁၂၅ မီဂါဝပ်မှ ၆,၈၃၀ မီဂါဝပ် အထိ တိုး၍ ထုတ်လုပ်နိုင်စွမ်း ရှိသည့် စက်ပစ္စည်းများ တပ်ဆင်လာနိုင်ပြီး နှစ်စဉ်ထုတ်လုပ်နိုင်သည့် ပမာဏ သည် ၁၅,၉၆၅ ဂီဂါဝပ်မှ ၂၃,၆၄၃ ဂီဂါဝပ် အထိ ရောက်ရှိလာခဲ့သည်။ သာကေတ၊ သံလျှင် နှင့် သီလဝါ ဓါတ်အားပေး စက်ရုံများလည်း ၂၀၂၄ တွင် လည်ပတ်နိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့ကြသည်။
၂၀၂၁ အာဏာသိမ်းပြိး နောက်ပိုင်းတွင်တော့ အခြေအနေများ ကမောက်ကမ ဖြစ်ကုန်သည်။ ယင်းနှင့် အတူ မြန်မာ သမိုင်းတွင် အဆိုးဝါးဆုံး လျပ်စစ် ဓါတ်အား ပြတ် တောက်မှု အနေအထား အထိ ရောက်ရှိသွားခဲ့သည်။
ထိုသို့ ဖြစ်လာရသည့် အကြောင်းရင်း ၆ ချက် ကို ဆောင်းပါးတွင် ယခုလို လေ့လာတင်ပြထားခဲ့သည်။
၁။ သဘာဝ ဓါတ်ငွေ့ ထွက်ရှိမှု ကျဆင်းလာရခြင်း
၂၀၂၂ တွင် နိုင်ငံ၏ လျပ်စစ်ဓါတ်အား ထုတ်လုပ်မှု၏ ၅၅ ရာနှုန်းသည် သဘာဝ ဓါတ်ငွေ့ကို အသုံးပြုနေရသည်။ ယခုအခါ ဓါတ်ငွေ့ ထွက်ရှိမှု ကျဆင်းလာခြင်း နှင့် အတူ ပြည်ပကုမ္ပဏီများ ဖြစ်သည့် Voltalia, Posco, Total Energies, Chevron, VPower တို့ လုပ်ငန်းများ ရပ်ဆိုင်း ပြီး ထွက်ခွာသွားခဲ့မှု များ ကြောင့် ထုတ်လုပ်နိုင်မှု ကျဆင်းသွားခဲ့သည်။ ယင်းနှင့် အတူ သာကေတ နှင့် သီလဝါ စက်ရုံများ ပိတ်သွားခဲ့ရပြန်သည်။
၂။ ရေအားလျပ်စစ် အလွန်အကျွံ သုံးစွဲမှု နှင့် လည်ပတ် နိုင်စွမ်း ကျဆင်းသွားမှု
၂၀၂၂ တွင် ရေအားမှ လျပ်စစ်ဓါတ်အား ထုတ်ယူမှု သည် စုစုပေါင်း ပမာဏ ၏ ၄၃.၄ ရာနှုန်း ရှိ ခဲ့ရာမှ ဓါတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာမှု ကြောင့်၂၀၂၃ တွင် ၆၂ ရာနှုန်းအထိ အသုံးပြုလာကြသည်။ ရေအား အလုံအလောက် မရသည့် ခြောက်သွေ့ရာသီများ တွင် ထုတ်လုပ်မှု ကျဆင်းခဲ့ရသည်။
ဓါတ်အား ၁၀၀,၀၀၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်း ရှိမည်ဟု ခန့်မှန်းထားသော်လည်း ၃, ၂၆၂ မီဂါဝပ်သာ လည်ပတ်နိုင်တော့သည်။ ရဲရွာ နှင့် ရွှေလီ (၁) တို့ သည်လည်း လက်နက်ကိုင် ပဋိပက္ခ များ နှင့် ဓါတ်အားလိုင်းများ ပျက်စီးမှုကြောင့် ထုတ်လုပ်နိုင်စွမ်း ထိခိုက်သွားရသည်၊ ဘီလူးချောင်း (၁) နှင့် (၃) သည်လည်း ရပ်ဆိုင်းသွားခဲ့ရသည်။
(၃) ဆိုလာ
နိုင်ငံ ၏ ဆိုလာ ထုတ်လုပ်နိုင်မှု သည် မည်ကာမတ္တာ အဆင့်မျှသာ ရှိနေသည်။ ၁၈၂ မီဂါဝပ်သာ ထုတ်လုပ် နိုင်သည့် စက်ရုံ ၆ ရုံသာ ရှိသေးသည်။ ပုဂ္ဂလိက တင်ဒါများ ခေါ်ယူ၍ ဆိုလာ ထုတ်လုပ်မှု ကို ၂,၁၅၀ မီဂါဝပ် အထိ မြှင့်တင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း နေ့အလင်းရောင်ကိုသာ အားပြု နေရ၍ ၁၄၂ မီဂါဝပ်သာ ထုတ်လုပ်ပေးနိုင်ခဲ့၍ အောင်မြင်မှု မရခဲ့ပေ။
(၄) ကျောက်မီးသွေး
ကျောက်မီးသွေး မှ ထုတ်ယူမှုသည် စုစုပေါင်း ပမာဏ၏ ၀.၅ ရာနှုန်းသာ ရှိနေသည်။ ကျောက်မီးသွေး အသုံးပြု ထုတ်လုပ်သော စက်ရုံ နှစ်ရုံသာ ရှိပြီး ၁၃၈ မီဂါဝပ်သာ ထုတ်လုပ်နိုင်သေးသည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှု များ ကြောင့် တိုးချဲ့ခဲ့ခြင်း မရှိပေ။
(၅) ဓါတ်အားလိုင်းများ
တနိုင်ငံလုံး အတိုင်းအတာ နှင့် ဓါတ်အားလိုင်းများ တိုက်ခိုက်ခံခဲ့ရမှု သည် ၂၀၂၁ နောက်ပိုင်း ၂၂၉ ကြိမ် ရှိခဲ့သည်။ ၂၀၂၅ အစောပိုင်းတွင်တော့ တနေ့လျင် လိုအပ်ချက် ၄,၄၀၀ မီဂါဝပ် ရှိ နေသော်လည်း ၂,၀၀၀ မီဂါဝပ် အောက်သာ ထုတ်လုပ်နိုင်တော့သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် ဓါတ်အား ပြတ်တောက်မှုသည် ၅ နာရီ မှ ၂၀ အထိ ရှိနေသည်။ ဖြန့်ဖြူးနိုင်မှုသည်လည်း ညီမျှခြင်း မရှိတော့ဘဲ ရန်ကုန် ၄၈ ရာနှုန်း၊ မန္တလေး ၁၇ ရာနှုန်း၊ နိုင်ငံတွင်း ကျန် ရှိသည့် ဒေသများသည် ၃၅ ရာနှုန်းသာ ခွဲဝေ ရရှိနေကြသည်။
(၆) ကျေးလက် ဒေသ အသေးစား ဓါတ်အားလိုင်းများ
NLD အစိုးရ လက်ထက် နိုင်ငံလုံး ဆိုင်ရာ လျပ်စစ်ဓါတ်အား ရရှိရေး National Electrification plan (NEP) အား အကောင်အထည် ဖေါ်လာခဲ့ရာ အသေးစား ဓါတ်အားလိုင်း ၇၃ ခုဖြင့် အိမ်ထောင်စုပေါင်း ၂၂,၅၀၀ နှင့် ရုံးဌာန ၁၅,၈၀၀ ကို လျပ်စစ်ဓါတ်အား ပေးနိုင်ခဲ့သည်။ ၂၀၂၁ နောက်ပိုင်းတွင် တော့ ရေရှည် ထိမ်းသိမ်းထားနိုင်ခြင်း မရှိတော့။
အတိုချုပ်အားဖြင့် ဆိုလျှင် ၂၀၂၅ အစောပိုင်းမှစ၍ လိုအပ်ချက်၏ ၅၀-၅၅ ရာနှုန်း ဖြစ်သော ၂,၈၀၀ မီဂါဝပ်ကိုသာ ထုတ်လုပ်ပေးနိုင်တော့သည်။ တခါတရံတွင် ၂,၀၀၀ မီဂါဝပ် အောက်သို့ ထိုးကျသွားခဲ့သည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများ တွင် တနေ့ လေးနာရီ ခန့်သာ ရနေသေးသော်လည်း ကျေးလက်များ နှင့် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ တွင် မရသလောက် ဖြစ်နေသည်။
ရန်ကုန်တွင် မီးအား ဖြတ်တောက်မှုသည် မနက် ၁ နာရီ မှ စပြီး နေ့စဉ် ၈ နာရီ ခန့်သာ ရ တော့သည်။ စီးပွားရေး လုပ်ငန်းများ နှင့် လူနေအိမ်များသည်လည်း ဆိုလာပြားများ၊ မီးသွေးမီးဖိုများ၊ ဂျင်နရေတာ များကိုသာ အားပြုလာကြရသည်။ ထိုအဖြစ်များ ကြောင့် စီးပွားရေး နှင့် အခြေခံ အဆောက်အအုံ ပိုင်းများ ထိခိုက် ယို့ယွင်းလာခဲ့ရတော့သည် ဟု ဖေါ်ပြထားသည်။
ပြည်တွင်း တွင် အလုပ်လက်မဲ့များ ဖြစ်လာနေသည့် အပြင် ၎င်းတို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေ၍ ပြည်ပသို့ အလုပ်အကိုင် ရှာ ဖွေရန် ထွက်ခွာဖို့ ကြိုးစားနေသည့် လူငယ်များ ယနေ့မှစ၍ ထိုင်းသို့ MoU စနစ်ဖြင့် ထွက်ခွာခွင့်အား ယာယီ ရပ်ဆိုင်းရန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန နှုတ်မိန့်ဖြင့် အကြောင်းကြားလာသည်ဟု ဆိုသည်။
၎င်းတို့ အား မှီခို စားသောက်နေကြသူများ မှ အပ တနိုင်ငံလုံး ရှိ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဒုက္ခပေးနေသူများ အား အာဂျင်တီးနား တရားရုံး မှ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ဝရမ်း ထုတ်ပြန်ခံရသူ များ ထဲတွင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဖက် အရာရှိ ၂၃ ဦး ပါဝင်နေသည်။
ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးထင်ကျော် ပါ ပါဝင်နေ၍ ဝရမ်း၏ အရေးပါ အရာ ရောက်မှုသည် ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။
အမှု ရင်ဆိုင်နေရသော သားဖြစ်သူ အတွက် လိုက်ပါ ထွက်ဆိုပေးသော မိခင်ကိုပါ ကြံရာပါ အဖြစ် စွဲဆိုလိုက်ခြင်းမျိုး ဖြစ်နေသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ယူကေ မြန်မာ ရိုဟင်ဂျာ အသင်း၏ ကြေညာချက်တွင် နိုင်ငံ တော် အတိုင်ပင်ခံ၏ အမည်ကို စတင် တရားစွဲဆိုစဉ်က ထည့်ခဲ့ သော်လည်း စစ်တပ်၏ ဖမ်းဆီးခံရပြီးနောက် ပြန်ဖြုတ်ရန် ကြိုးစားခဲ့သော်လည်း အာဂျင်တီနား ရှေ့နေများက လက်မခံဘဲ ဆက် ၍ အမှု တွဲ ထဲ ထည့်ခဲ့ခြင်းဟု ဆိုသည်။
ထိုကဲ့သို့သော ဝရမ်းမျိုးသည် အင်တာပိုလ် ထံ အကြောင်းကြားခဲ့ သော်လည်း universal jurisdiction ကို အသိအမှတ် ပြုသည့် နိုင်ငံများကဖမ်းဆီး ပေးရန် တာဝန်ရှိ သော်လည်း အရေးပါ အရာရောက်မှု မရှိသည့်အပြင် နိုင်ငံ အတော်များများ တွင် ထိုသို့ ဖမ်းဆီးနိုင်ရန် ဥပဒေများ ပြဋ္ဌာန်းထားခြင်း မရှိမှု၊ နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားစရာ များ ရှိနေမှု များ ကြောင့် ထိရောက်မှု မရှိဟု ဆိုရမည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!