အာဏာသိမ်း ဒု ဗိုလ်မှုးကြီး တဦး၏ ဖွင့်ဟ ဝန်ခံချက်

by Hla Soewai - Feb 18 2025

အာရက္ခတပ်တော် သို့ ဇန်နဝါရီ ၃၁ ရက် တွင် လက်အောက်ငယ်သား များ နှင့် အတူ လက်နက်ချ လာခဲ့သော ဒုဗိုလ်မှုးကြီး ကျော်ကျော်သက် မှ ၎င်းတို့၏ တပ်များသည် စစ်မြေပြင် တွင် စိတ်ဓါတ်များ ကျဆင်းလာနေပြီး စစ်ရေး ကျွမ်းကျင် မှု လည်း မရှိ ဖြစ်နေကြ၍ ရှေ့လျောက် အရှူံးနှင့်သာ ရင်ဆိုင်ရလိမ့်မည်ဟု ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။

 

ကျော်ကျော်သက်သည် ရမည်းသင်း အ‌ ခြေစိုက်တပ်မ ၉၉ လက်အောက်ခံ ဗျူဟာ ၉၉၂ အဖွဲ့ ဦးစီးမှုး ဖြစ်သည်။

 

အာရက္ခ တပ်တော် နှင့် ငဖယ် မြို့နယ် တိုက်ပွဲ တွင် ၎င်း၏ လက်အောက်ခံ တပ်သား ၃၆၀ အနက် ၂၀ သာ ကျန်တော့၍ အားလုံး လက်နက်ချ အလင်းဝင်လာခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

 

ခေတ်သစ် မီဒီယာ မှ ထုတ်လွှင့်သော ၎င်း၏ ဗီဒီယို ဖိုင်တွင် ကျော်ကျော်သက်မှ မိမိတို့ တပ်များသည် လေ့ကျင့်မှု လည်း ချို့တဲ့နေပြီး တိုက်ချင်ခိုက်ချင် စိတ်လည်း မရှိကြ၊ စိတ်ဓါတ်များလည်း ကျဆင်းနေ၍ AA နှင့်သာ မက အခြား မည်သည့် တိုက်ပွဲများ တွင် မဆို ဆက်၍ အရေးနိမ့်နေဦး မည်သာ ဖြစ်သည်ဟု ဆိုသည်။

 

အာရက္ခ တပ်တော်၏ ပြောခွင့်ရ ဦးခိုင်သုခ မှ အဆိုပါ ဗီဒီယို ဖိုင်သည် အစစ်အမှန် ဖြစ်ကြောင်း ဧရာဝတီ သို့ အတည်ပြု ပြောကြားခဲ့သည်။

 

၎င်းတို့ ဗျူဟာ အဖွဲ့သည် ဒီဇင်ဘာ ၃၁ မှ ဇန်နဝါရီ ၁၂ အထိ တာဝေးပစ် MA-7 မော်တာ များ ပစ်ခတ်ပုံ ပစ်ခတ်နည်း အပါအဝင် အထူး လေ့ကျင်မှုများ ပြုလုပ်ခဲ့ကြရသည်ဟု ဆိုသည်။

 

ထို့နောက်တွင် ဒုဗိုလ်မှုးကြီး ကျော်ကျော်သက်သည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများမှ ထုတ်နှုတ် အင်အား စုစုပေါင်း ၃၆၀ ကျော်ဖြင့် အမ်း နှင့် ထိစပ်နေသော ပဒန်းကျေးရွာ ဖက်သို့ ချီတက်ခဲ့ကြသည်။

 

နှစ်ရက်အကြာတွင် ပဒန်း အနီး ဘုရားကုန်း ဒေသတွင် အာရက္ခ တပ်တော် နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အင်အား ၂၀၀ ကျော်ခန့် ထိခိုက် ကျဆုံးခဲ့၍ ဗျူဟာ ၉၉၃ ရှိရာ ပွိုင့် ၁၄၅၅ ရှိရာသို့ ပြန်ဆုပ်ခဲ့ရသည်။

 

နောက်ရက်များ တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ပြီး အကျ အဆုံး များသည်ထက် များလာခဲ့သည်။ ဒဏ်ရာရသူ များကို ကုသရန် ဆေးဝါး နှင့် ပစ္စည်းကိရိယာများ လုံလုံလောက်လောက် မရှိတော့ဟု ဆိုသည်။

 

ဇန်နဝါရီ ၃၁ တွင် ဂုတ်ဆီးတိုး ရွာဖက် တွင် တလိမ့်လိမ့် တက်လာနေသော AA တပ်များကြောင့် ဆုတ်ခွာလာစဉ် ကျော်‌ ကျော်သက်သည် ၎င်းတို့ဖက်မှ ပစ်လိုက်သော အမြှောက်ဆံ ထိမှန်၍ ဒဏ်ရာရသွားခဲ့သည်။ တပ်လည်း ကစင့်ကလျား ဖြစ်သွားပြီး ၎င်းနှင့် အတူ တပ်သား ၂၀ ခန့်သာ ကျန်ခဲ့သည်။

 

‌၎င်းတို့လည်း အာရက္ခတပ်တော် နှင့် ဆက်သွယ်ပြီး လက်နက်ချခဲ့ရသည်ဟု ဖွင့်ဟ ပြောဆိုသွားခဲ့သည်။

 

ကျွန်တော် မနေ့ နေလည်က ရေးတင်ခဲ့သည့် ပို့စ်တွင် နိုင်ငံတကာ အသိအမှတ် ပြု‌ သော အချုပ်အခြာ အာဏာပိုင်မှု ဆိုရာဝယ် အုပ်ချုပ်သူ အစိုးရသည် နိုင်ငံတဝှမ်း အမြငဆုံး အာဏာ သက်ရောက်ရမည်၊ မိမိတို့၏ နယ်ခြား ဒေသ ကို အပြည့်အဝ စီမံ ကွပ်ကဲ နိုင်ရမည်ဟူ၍ ဖြစ်ရာ အဆိုပါ စံနှုန်းများအရ စစ်ကောင်စီ သည် အချုပ်အခြာ အာဏာ ပိုင် မဟုတ်တော့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသည်ကလည်း ရေပေါ်တွင် အရုပ်ရေးပြသည်ကမှ အရာထင်ပေဦးမည်။ 

 

ဒို့တာဝန် အရေး သုံးပါး ဆိုသည်ထက် ၎င်းတို့ အာဏာကို ကုပ်ကပ်ဖက်တွယ် ထားနိုင်ရေးသာ လုံးပမ်း နေကြရသည်။

 

၎င်းတို့ အား သစ္စာခံပြီး အသက်စွန့်နေကြရသူ များ အဖို့ အဓိက ထား စဉ်းစားရမည်က ‌ဗိုလ်ချုပ်ကြီးများ အနေဖြင့် ယခု ပုံစံ အတိုင်း တိုင်းပြည်ကို ၂၀၂၁ မတိုင်မီ အနေအထား အထိ ပြန်ရောက်အောင် လုပ်နိုင်မည်လော၊ တော်လှန်ရေး တပ်များ ဖရိုဖရဲ နှင့် ဆုတ်ခွာပြီး နယ်ခြားဂိတ်များ၊ နယ်မြေများ ပြန်ရနိုင်မည်လား။

 

မည်သို့မျှ မဖြစ်နိုင်တော့သော အနေအထားမျိုး ဖြစ်နေသည်။ ဒို့တာဝန် အရေး သုံးပါးလည်း မထမ်းရွက် နိုင်တော့၊ သို့ဆိုက တိုင်းပြည် အတွက် မဟုတ်‌ တော့ဘဲ ဗိုလ်ချုပ်ကြီးများ နေပြည်တော်တွင် သက်တောင့်သက်သာ နေရဖို့ အရေး တခုတည်း အတွ့က် ဆင်းရဲခံ၊ အငတ်ခံ၊ နောက်ဆုံး အသ က် စွန့်ရသည်အထိ တိုက်ပေး ခိုက်ပေးဖို့ တန်ပါ၏ လော၊ မိမိတို့ အပြန် ရင်တထိတ်ထိတ် နှင့် စားမဝင် အိပ်မပျော် စောင့်နေကြရ‌ သော ဇနီးသားသမီး များ ထက် ပို၍ အရေးကြီး နေပြီလော ဆိုသည်ကို နဖူးပေါ် လက်တင် စဉ်းစားဖို့ လိုအပ်နေပြီ ဖြစ်သည်။

 

ပြည်သူများကတော့ ၎င်းတို့ ဂုတ်ကို ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ခွစီးထားသည့် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်သည် အထိ တွန်းလှန် သွားကြမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!