မြန်မာ၏ မနက်ဖန် များ

by Hla Soewai - Mar 02 2025

East Asia Forum တွင် ပါရှိသော ဩစတေးလျှ 

တက်စ်မေးနီယား တက္ကသိုလ်မှ ပါမောက္ခ နီကိုလပ်စ် ဖာရယ်လီ ၏ "Getting Ready for Tomorrow's Myanmar" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။

 

၂၀၂၁ အစောပိုင်း တွင် ဗိုလ်ချုပ်ကြီးများသည် လူထု၏ စိတ်အခြေအနေ ကို ဆိုးဆိုး‌ ရွားရွား မှား ယွင်း သုံးသပ်ခဲ့ကြမှု ကြောင့် ‌တနိုင်ငံလုံးရှိ ပြည်သူများ အား စောင့်ကြည့် နေရခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင် နေရခြင်း ဆိုသည့် အခက်အခဲ များက တနေ့တခြား ပို၍ ကြီးလေးလာ‌ နေပြီ ဖြစ်သည်။

 

တဖက်တွင်လည်း ဒီမိုကရေစီ ဘက်တော်သားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အခြား အမျိုး အစား စုံလင်စွာ ထွက်ပေါ်လာသော တော်လှန်ရေး အင်အားစု များ ကြောင့် စစ်ဗိုလ်ချုပ် များ ၏ အာဏာရှင် စနစ် ဖြင့် တစုတစည်းတည်း အုပ်ချုပ်သွားနိုင်မှု ကို တဖြေးဖြေး ချင်း ချိနဲ့လာအောင် စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံ တွင်း မြို့ရွာ အနှံ့ တော်လှန်နေသော စစ်ပွဲများအား မီဒီယာ များ နှင့် အစိုးရ များ၏ ပေါ်လစီ များတွင် မဖြစ်စလောက်သာ ဖေါ်ပြနေကြသော်လည်း မြေပြင် အခြေအနေ မှန်များက စစ်အုပ်ချုပ်ရေး သမား များကို နက်ရှိုင်းစွာ ဒုက္ခပေးလာနေပြီ ဖြစ်သည်။

 

စီးပွားရေး ပိုင်း၊ နယ်မြေ များ ထိန်းချုပ်နိုင်မှု၊ စစ်မြေပြင် တိုက်ပွဲဝင်နိုင်မှု၊ နိုင်ငံတကာ နှင့် သံခင်းတမန်ခင်း ပိုင်း တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည် နိုင်မှု အစရှိသည်တို့ တွင် စစ်အာဏာရှင်များ ယိမ်းယိုင် ပြိုလဲလာနေပြီ ဖြစ်သည်။ ရှေ့လျောက်လည်း ပြန်၍ ခေါင်းထောင်လာနိုင်စရာ မရှိပဲ ဒီအတိုင်းပင် ဒယီးဒယိုင် နှင့် ဆက်သွားနေမည်သာ ဖြစ်သည်။

 

ခေတ်အဆက်ဆက် စစ်အာဏာရှင် စနစ် အောက်တွင် အလွဲလွဲ အချော်ချော် စီမံ ခန့်ခွဲ ခဲ့မှု များကို ကြည့်မည် ဆိုက သေချာပေါက် ဖြစ်လာနိုင်မည့် အနေအထား လည်း ဖြစ်သည်။

 

၂၀၂၅ သို့မဟုတ်က ၂၀၂၆ တွင် ရွေးကောက်ပွဲ လုပ်ပြီး ၎င်းတို့၏ အာဏာကို ပုံစံ တမျိုး ဖြင့် ပြန်လည် တည်ဆောက်နိုင်ရန် နှင့် အနည်းဆုံး အာဆီယံ တွင် ပြန်လည် ဝင်ဆံနိုင်အောင် ကြိုးပမ်းလာကြမည် ဖြစ်သည်။ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုတို့က ထိုသို့ ပြန်၍ နာလံ ထူ‌လာ ရေး ကြိုးပမ်းလာမည့် လုပ်ရပ်ကို ကြိုဆိုကြမည် သာ ဖြစ်သည်။ သို့သော် စစ်အာဏာသိမ်း အဖွဲ့ ဖန်တီးလာမည့် ရွေးကောက်ပွဲ ကို အားလုံးက ချက်ခြင်းဆိုသလို ပငိ ဒီမိုကရေစီ နည်းလမ်းမကျ၊ ဖြစ်ချင်သလို လုပ်လာမည့် ပွဲ ဟု လက်မခံ ပယ်ချခဲ့ကြပြီး ဖြစ်သည် ဆိုသည့် အချက်က ရှိနေပြီး ဖြစ်သည်။

 

ထိုသို့ လက်ရှိ စစ်အုပ်ချုပ်ရေးသမား များက တိုင်းပြည်ကို တောင်စောင်းတလျောက် ဒလိမ့်ခေါက်ကွေး ထိုးကျ သလို ဖြစ်အောင် ဆက် လုပ်လာနေချိန်တွင် မြန်မာ ပြည်သူများ၊ ပြည်ပ မှ စိတ်ဝင်တစား ရှိနေသူများ အနေဖြင့် နိုင်ငံ အတွက် မည်သို့သော အနာဂတ်မျိုး ထွက်ပေါ်လာ အောင်စဉ်းစားဖို့ လိုအပ်လာပြီ ဆိုသည်က သိသာ ထင်ရှားစွာ ထွက်ပေါ်လာပြီ ဖြစ်သည်။

 

‌ဒေါ်အောင်ဆန်းစုကြည် သည် အကျဉ်းထောင်ထဲတွင် ရှိနေဆဲ ဖြစ်၍ တော်လှန်ရေး ကို တစုတစည်း ထဲ ဖြစ်အောင် စုစည်းနိုင်မည့် ခေါင်းဆောင် ကင်းမဲ့နေသည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း ထိုသို့ စုစည်း နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်ကိုလည်း အထင်အရှား တွေ့နေရသည်။

 

နောက် ဖြစ်လာနိုင်မည့် အခြေအနေများကို ပုံဖေါ်ပေးနိုင်မည် နမူနာ အချို့ ထွက်ပေါ်လာခဲ့သည်။ အာရက္ခ တပ်တော်သည် ရခိုင်ပြည်နယ် အတွင်းရှိ အရေးပါသော နေရာ အားလုံးနီးပါး ကို ထိန်းချုပ်ထားသည်။ နိုင်ငံ မြောက်ပိုင်း အားလည်း ကချင် လွတ်လပ်ရေး တပ်တော်က လွှမ်းမိုး ချုပ်ကိုင်ထားသည်။ ထိုဒေသ နှစ်ခု လုံးတွင် အခြားသော နိုင်ငံရေး နှင့် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိနေပြီး ၎င်းတို့ကလည်း နယ်မြေ နှင့် သယံဇာတ အရင်းအမြစ်များ ပိုင်ဆိုင်ခွင့် ရှိသည်ဟု ပြောဆိုနေကြသည်။

 

မြန်မာ စစ်တပ် ပြီးခဲ့သည့် နှစ် အတွင်း သိသိသာသာ အရေးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် တွင်လည်း ထို့သို့ အပြင်းအထန် အားပြိုင်မှု များ ရှိနေဆဲ ဖြစ်သည်။

 

နိုင်ငံ တွင်းရှိ ပထဝီ အနေအထား ကြောင့် အခွင့် အာဏာ အပ်နှင်းထားမှု များ သည် သမိုင်းတလျောက် ရှုပ်ရှုပ်‌ ထွေးထွေး ရှိ‌ နေခဲ့သည်မှာ အသစ်အဆန်း တော့ မဟုတ်‌ ပေ။ နယ်မြေ ပိုင်ဆိုင်ခွင့် တောင်းဆို မှု များသည်လည်း သူ့နေရာ နှင့် သူ ရှိနေသည်။ ဗဟို အစိုးရသည်လည်း အပစ်အခတ် ရပ်စဲရေး အပါအဝင် အခြား သ‌‌ဘော တူညီချက်များ ဖြင့် နိုင်ငံ ကို တနည်းမဟုတ် တနည်း စည်းလုံးအောင် ထိန်းထားနိုင်ခဲ့သည်။

 

"လူမျိုးရေး သဘောတရားများ" သည် မျိုးဆက် အဆင့်ဆင့် ရှိလာခဲ့ရာ မှ ထွက်ပေါ်လာသော ဝရုန်းသုံးကား ဖြစ်လာနေမှု များကို အုပ်ချုပ်သူများ ဖက်က တုန့်ပြန်လာမှု လည်း ဖြစ်သည်၊ ထိုသို့ တုန့်ပြန်လာခြင်းအား သည်းငြည်း ခံခဲ့မှုသည် ဗမာ ဗုဒ္ဓဘာသာ စနစ်ပါ ထည့်သွင်းလာ၍ ပြောင်းလဲသွားခဲ့ရသည်။

 

ဖက်ဒရယ် စနစ် အတွက် ဆွေးနွေးမှု များ ရှိနေမှ ဖြစ်မည်၊ အဘယ်ကြောင့် ဆိုသော ၎င်းတို့ နယ်မြေများ ထိန်းချုပ်နိုင်ခွင့် ရရှိရေး အတွက် တိုက်ခိုက်နေကြသော တိုင်းရင်းသား တပ်များသည် လုံခြုံရေး နှင့် စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှု များကို ထွက်ပေါ်လာမည့် ဗဟို အစိုးရ ထံ အလွယ်တကူ လွှဲပြောင်း ပေးကြမည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

 

၎င်းတို့ ဒေသရှိ သယံဇာတများအား ထိန်းချုပ်လိုကြမည် ဖြစ်ပြီး ပညာရေး၊ ဘာသာစကား၊ လူမှု ရေး၊ ယဉ်ကျေးမှု များ အပေါ်လည်း ဆုံးဖြတ်ပိုင်ခွင့် ရယူလိုကြမည် ဖြစ်သည်။

 

ယခုအခါ အာဆီယံ ဥက္ကဌ ဖြစ်လာသော မလေးရှားသည် မြန်မာ ပြဿနာ ကို လျစ်လျုရှုထား၍ မဖြစ်တော့ဟု သဘောပေါက်လာပြီ ဖြစ်သည်။ အချက် ငါးချက်ပါ တူညီ သဘောထားသည်လည်း စစ်ခေါင်းဆောင်များ၏ လုပ်ပုံကိုင်ပုံများ ကို ပြောင်းလဲ အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့၊ သို့သော် နည်းလမ်းသစ် များ ရှာကြံဖို့ သည်လည်း ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခြင်း မရှိသေး။

 

မြန်မာသည် နွံအိုင်ကြီးထဲ မြုပ်သည်ထက် မြုပ်သွားမည် ဆိုလျင် အဓိက နစ်နာဆုံးရှုံးသွားမည့် နိုင်ငံသည် တရုတ်ပင် ဖြစ်သည်။ အိန္ဒိယ၊ ဂျပန်၊ ဩစတေးလျှ တို့ ဝင်ရောက် ဖြေရှင်းလာမည်ကိုလည်း လိုလိုလားလား လက်ခံလိုစိတ် မရှိပေ၊ ယူကရိန်း စစ်ပွဲ ကြောင့် ဗျာများနေသော ရုရှားသည်လည်း မြန်မာ အား နောက်ဆုံးပေါ် လက်နက်များ ဖြည့်တင်း ပေးနေဆဲပင် ဖြစ်သည်။

 

ဆီရီးယား တွင် ရုရှား၏ ပံ့ပိုး ကူညီမှု ဖြင့် နိုင်ငံကို ရာစု နှစ်ဝက်နီးပါး အုပ်ချုပ်လာသည့် အာဆတ် အစိုးရ ပြုတ်ကျသွား သည်ကို ကြည့်ပြီး မြန်မာ တော်လှန်ရေး အဖွဲ့များ အားတက်သရော ရှိလာကြသည်။ အလားတူပင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ သည် အိန္ဒိယ သို့ ထွက်ပြေး ခိုလှုံသွားရသည့် အဖြစ်ကိုလည်း မြင်တွေ့လာကြသည်။ ထို့အတွက် အ‌ခြေအနေများသည် တည်ငြိမ်နေရာ မှ ရုတ်တရက် ပြောင်းလဲသွားနိုင်သည် ဟု ဆိုကာ တော်လှန်ရေး သမားများကို အားပေးလှုံ့ဆော် နေသလို ဖြစ်လာခဲ့သည်။

 

သို့သော် မြန်မာ သည် အမေရိကန် သမ္မတ ‌ဒေါ်နယ် ထရန့် ၏ အာရုံစိုက်မှု ကို ရရှိလာနိုင်ဖို့ အလားအလာ နည်းပါးနေသည်။ သို့သော် မထင်မှတ်ပဲ ဝင်ရောက် စွက်ဖက် လာမည့် အရေးကိုလည်း မဖြစ်နိုင်လောက်ဟု ယူဆထား၍ မရပြန်ပေ။ အမေရိကန် လွှတ်တော်ထဲတွင် မြန်မာတွင် ဒီမိုကရေစီ ပေါ်ထွန်းလာနိုင်သည့် အလားအလာ နှင့် ဒေသတွင်း တရုတ်၏ အကြံအစည်များကို ဟန့်တားလိုသူများ ရှိနေသည်။

 

သွေးထွက်သံယိုမှုများ နှင့် မတည်ငြိမ်မှုများ ဆက်ဖြစ်လာဖို့ သေချာနေသည့် အတွက် မြန်မာပြည်သူ များ၏ ကံကြမ္မာကို ၎င်းတို့ဘာသာ ပုံဖော်နိုင်အောင် ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ များက ဘယ်လို ဘုံသဘောတူညီချက်တွေ ရှာဖွေပြီး ကူညီနိုင်မလဲဆိုသည့် မေးခွန်းများကတော့ ဆက်ရှိနေဦးမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!