စစ်ကောင်စီ တပ်များသည် လေးနှစ်တာ ကာလ အတွင်း အရှုံးများနှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်လာရသည် နှင့် အမျှ တော်လှန်ရေး တပ်များ ဖက်မှ လက်ရ ဖမ်းဆီးမိသော တပ်သား အရည် အတွက်သည် တနေ့တခြား များသည် ထက် များလာပြီး နိုင်ငံ အနှံ ထောင် ပေါင်းများစွာ ဖြစ်လာနေ၍ ၎င်းတို့ အခြေ အနေကို မြန်မာ နောင်းမှ စုံစမ်း တင်ပြထားသည်။
စစ်ကောင်စီ၏ ဝါဒ ဖြန့်ချက်များအရ လက်ရ ဖမ်းဆီးမိလျင် ညှင်းပမ်းနှိပ်စက်ခံရမည်၊ အစာရေစာ ဝလင်အောင် ကျွေးမည်မဟုတ်၊ အသတ်ပင် ခံရနိုင်၍ ၎င်းတို့ အဖို့ အသေခံ တိုက်ဖို့သာ ရှိတော့သည် ဆိုသော စကားများက အထင်နှင့် အမြင် လွဲမှားနေသည်ကို သိရှိသွားကြသည်ဟု ချင်းညီနောင်များ အဖွဲ့ အထွေထွေ အတွင်းရေးမှုး ဆလိုင်း ဝီလျံ ချင်းက ဆိုသည်။
ချင်းတို့၏ နယ်မြေ တွင် ပြီးခဲ့သည့် လများ အတွင်းထိုသို့ ဖမ်းဆီးခံရသူ စစ်ကောင်စီ တပ်သား အရည်အတွက် မြင့်တက်လာခဲ့သည်၊ အခြားဒေသများရှိ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံတွင်လည်း အမြောက်အမြား ရှိလာနေ၍ အခက်အခဲများ နှင့် ရင်ဆိုင်လာခဲ့ရသည်။
အများစုသည် ဂျီနီဗာ သဘောတူညီချက် အရ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လူသားချင်းစာနာစွာ ထိမ်းသိမ်းထားသော်လည်း အာရက္ခတပ်တော်မှ စစ်သုံပန်း နှစ်ဦး အား ကွပ်မျက်ခဲ့မှု သည် နိုင်ငံတကာ၏ အာရုံစိုက်စရာ ဖြစ်သွားခဲ့ရသည်။
တော်လှန်ရေး တပ်ဖွဲ့များ အသာစီးရလာသည် နှင့် ၎င်းတို့၏ တရားဝင်မှု သည် အကျဉ်းသား များ အပေါ် မည်သို့ ဆက်ဆံသည် ဆိုသည့် အပေါ် အစမ်းသပ်ခံ ဖြစ်လာပေတော့မည်။
တော်လှန်ရေး အဖွဲ့များက NUG နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မဆိုသလောက်သာ ရရှိနေသော်လည်း အတတ်နိုင်ဆုံး နှင့် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။ ချင်းညီနောင်များ အဖွဲ့သည် ပြည်တွင်း ပြည်ပမှ လူထု ၏ ပံ့ပိုးပေးမှု များနှင့် အကျဉ်းသား များကို လူသား ပီသစွာ စောင့်ရှောက်ပေးထားသည်၊ ယင်းသည် ၎င်းတို့ အပေါ် စစ်ရေး အရ အနိုင်တိုက်နိုင်ရန် နှင့် ကိုယ့်ကျင့်တရား အရ ပါ ၎င်းတို့နှင့် မတူသည်ကို ပြသနိုင်ရန် အတွက် လည်း ဖြစ်သည်။
စစ်တပ်သည် နိုင်ငံကို ၎င်းတို့ သိမ်းပိုက်ခံ အဖြစ် သတ်မှတ် ကျင့်သုံးနေပြီး တိုင်းရင်းသား ဒေသများကို ရန်သူ နယ်မြေ များ အဖြစ် သတ်မှတ်ပြီး စစ်စခန်း များ နေရာ အနှံ့ ဖြန့်ကျက်ချထားသည်၊ သို့သော် ၂၀၂၄ တနှစ် တည်းမှာပင် စခန်းပေါင်း ၇၄၁ ခု ကို တော်လှန်ရေး အဖွဲ့များက သိမ်းယူ နိုင်ခဲ့ကြသည်။
NUG ၏ စာရင်းဇယား များအရ အာဏာသိမ်းပြီး ချိန်ကစ၍ တိုင်း စစ်ဌာနချုပ် နှစ်ခု၊ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု စခန်းများ အပါအဝင် အဓိကကျသော စစ်စခန်း ကြီး ၁၇၃ ခု ကို သိမ်းယူ နိုင်ခဲ့ကြသည်။
စစ်တပ်တွင် မဟာဗျူဟာ မြောက် ဖွဲ့စည်းထားသော တပ်မကြီး ဆယ်ခု၊ ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၁၇ ခု တို့ အနက် တပ်ရင်းပေါင်း ၁၀၁ ရင်းကို ချေမှုန်းနိုင်ခဲ့ပြီး ၁၄၂ ရင်းကို အားပျော့သွားအောင် လုပ်နိုင်ခဲ့သည် ဟု သိရသည်။
ထို့အတွက် ယမန်နှစ်ကစ၍ လူငယ်များကို အတင်းအကျပ် စစ်ထဲ ဆွဲသွင်းသည့် ကမ်ပိန်းကို စတင်ခဲ့သော်လည်း အများအပြားသည် မကြာခဏ ဆိုသလို တပ်ကို စွန့်ခွာထွက်ပြေးကြခြင်း၊ လက်နက်ချခြင်း များ ဖြစ်လာ၍ အောင်မြင်မှု ရမလာခဲ့ပေ။
ထို့အတွက် ၎င်းတို့ နယ်မြေများ တွင် စစ်သုံ့ပန်းများ၊ ခိုလှုံလာသူများ တစထက်တစ များလာခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် NUG သည် စစ်တပ်၏ လုပ်ရပ်များ နှင့် ကွာခြားကြောင်းနှင့် နိုင်ငံတကာ ဥပဒေ များ၊ ကျင့်ထုံးများ နှင့် အညီ ဆက်ဆံနေကြောင်း ပြသရန် လိုအပ်နေ၍ အကျဉ်းသားများအား ဆက်ဆံရေး တွင် ပြဿနာ များ နှင့် ရင်ဆိုင်လာရသည်။
ထိုအထဲတွင် ၎င်းတို့အား လုံခြုံသော နေရာတွင် ထားရှိရေး၊ ဆေးဝါးကုသပေးရေး၊ မိသားစုများထံ အကြောင်းကြားပေးခြင်း၊ စာရင်းဇယား များ ပြုစုထားရေး တို့ ပါဝင်နေသည်။ ချမှတ်ထားသော စည်းမျဉ်း များ ဖောက်ဖျက်သူများအားလည်း အပြစ်ပေး အရေးယူ ခဲ့ရသည်ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
KNDF တပ်ရေး အရာရှိချုပ် တဦး ဖြစ်သူ မင်းသားက ၎င်းတို့ အတွက် ငွေရေးကြေးရေး နှင့် အခြား အထောက်အပံ့များ လိုအပ်နေသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ မိမိတို့ ၏ ရာရှင် ရိက္ခာထဲမှပင် ခွဲဝေ ကျွေးနေရသည်ဟု ဆိုသည်။ သို့သော် ၂၀၂၄ မတိုင်မီကထက် စာလျှင် အခြေအနေများ တိုးတက်လာသည်ဟု ဆိုသည်။
မိသားစု နှင့် စာအဆက်အသွယ် ရအောင်ပါ ဆောင်ကျဉ်း ပေးခဲ့သည်၊ ကရင်နီ ပြည်နယ် အတွင်း နေထိုင်ကြသည့် မိသားစု များ ထံကလည်း အစားအသောက် နှင့် ငွေကြေး ပေးပို့သည်ကိုပါ လက်ခံခဲ့သည့်အပြင် အသံဖိုင်နှင့် ဗီဒီယို နှင့် ပါ စကားပြောနိုင်အောင် စီစဉ် ပေးခဲ့သည်ဟု ဆိုသည်။
၎င်းတို့ နှင့် ဆက်ဆံ ရေး တွင် ၅၀ ရာနှုန်းကို ပျော် ပျော်ရွှင်ရွှင် ရှိစေရန် နှင့် ကျန် ၅၀ ရာနှုန်းကို စည်းကမ်း သေဝပ် မှု ရှိရမည် ဆိုသော မူ ကို ကျင့်သုံးသည်ဟု လည်း ပြောပြခဲ့သည်။ (ပုံတွင် ကရင်နီ ပြည်နယ် အတွင်းရှိ အကျဉ်းစခန်းကို တွေ့နိုင်သည်။)
၎င်းတို့အား သင့်တော်သည့် အချိန်ရောက်လျှင် ပြန်ပို့ပေးမည်ဟု ဆိုသည်၊ ကေအင်ယူက မူ ၎င်းတို့နှင့် အတူ ဆက်နေသွားမည်လော၊ တော်လှန်ရေး နှင့် ပူးပေါင်းမည်လော၊ သို့မဟုတ် ပြန်မည်လော ဆိုသည်ကို ရွေးချယ်ခွင့် ပေးခဲ့သည်ဟု ပြောခွင့်ရ ဖဒို ကလောဆေး မှ ပြောပြခဲ့သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!