မော်စကို သွားခွင့် ရသွားသည့် မင်းအောင်လှိုင်

by Hla Soewai - Mar 10 2025

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကမ္ဘာကြီးကို ကယ်တင်နေသည့် သူရဲကောင်းကြီး ပါဟု ဖါးဖါးလျားလျား ပြောခဲ့သည့် ပူတင်၏ တရားဝင် ဖိတ်ကြားချက် အရ ဆိုကာ ရုရှား ခရီးစဉ်ကို မတ်လ ၄ ရက်နေ့တွင် စတင်တော့မည် ဖြစ်သည်။

 

အရှေ့တောင် အာရှ တွင် တပည့် မွေးလိုဟန် ရှိသော ပူတင်သည် အဆိုပါ ပုဂ္ဂိုလ်လေး အား ကျောသပ် ရင်သပ် လုပ်ပေးမည့် ခရီးစဉ်လည်း ဖြစ်နေသည်။

 

ရှီ ကျင့်ပင် သည် ပင် ၎င်းအား တခါဖူးမျှ ဘီဂျင်းသို့ ခေါ်ယူ ခဲ့ခြင်း မရှိသေးသည့် အချိန်တွင် ပူတင်က လက်ရဲဇက်ရဲ လုပ်လာခြင်းပင် ဖြစ်သည်။ ဤသည်ကလည်း အမေရိကန် တွင် ထရန့် အာဏာရလာပြီး နောက် ၎င်းလုပ်ချင်သလို လုပ်ခွင့် ရလာပြီဟု ယူဆလာမှု၏ တစိတ်တပိုင်း ပင် ဖြစ်သည်။ ထို့အတွက် ဘီဂျင်း နှင့် အာဆီယံ နိုင်ငံများ အဖို့ စိုးရိမ်စရာ ဖြစ်လာနေသည်။

 

၎င်းနှင့် အတူ တပ်ထဲမှ စိတ်မချရသူများ၊ ကရိုနီ များ၊ လက်နက် ပွဲစား များလည်း အတူ လိုက်ပါသွား ဖို့ ရှိနေသည်ဟု ဆိုသည်။

 

အဆိုပါ ပုဂ္ဂိုလ် နှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး နှင့် နိုင်ငံတကာ အရေး များ ဆွေးနွေးသွားမည်ဟု ရုရှား ၏ တပ်စ် သတင်းဌာန မှ ထုတ်ပြန်ကြေညာသွားခဲ့သည်။

 

မော်စကို ရှိ လုံခြုံသော တနေရာ တွင် ခိုအောင်း နေရပြီး အာဏာရှိစဉ်က ပူတင် နှင့် ကြိမ်ဖန် များစွာ တွေ့ဆုံခဲ့ဖူးသည့် ဆီရီယား အာဏာရှင်ဟောင်း အာဆတ်ကတော့ "လာပြန်ပြီ တယောက်" ဟု ဆိုကာ ပြုံးနေ လောက်ပြီ ဖြစ်သည်။

 

မြဝတီသို့ ပင် ခြေမချ နိုင်အောင် ဖြစ်နေသည့် အာဏာသိမ်း အဖွဲ့သည် တန်ချိန် နှစ်သိန်းကျော်ရှိ ကုန်သင်္ဘောများ ဝင်ရောက်နိုင်မည့် ရေနက် ဆိပ်ကမ်း ကို ထားဝယ် တွင် တည်ဆောက်နိုင်ရန် သဘောတူညီချက် ကို ရုရှား နှင့် မကြာခင်က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်၊ ဖြစ်နိုင်ခြေ ရှိသည် မရှိသည် အပထား ၎င်းတို့ ဖြစ်စေချင်သည်များကို လောလောဆယ် စာရွက် ပေါ်တွင် လက်မှတ်ရေးထိုး ပေးလိုက်ယုံ နှင့် မည်သို့များ အရှုံး ရှိ‌မည်နည်းဟု ရုရှားဖက်က ယူဆထားပြီး ဖြစ်သည်။ ဖြစ်ခဲ့သည် ရှိသော ၎င်းတို့ စစ်သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်ခွင့် ရပေဦးမည် မဟုတ်ပါလား။

 

လက်ရှိ ခရီးစဉ် ဖြစ်လာဖို့က ယခင်ကတည်းက စီစဉ် ထားပြီး ဖြစ်သော်လည်း ပူတင် အတွက် ခိုးလုခိုးလု ဖြစ်လာရသည်က ၎င်း၏ ဧည့်သည်တော်ကြီးသည် နိုင်ငံတကာ မှ အာရုံစိုက်လာနေ‌သော ကျားဖြန့် ငွေလိမ်ဂိုဏ်း များ၏ ထိတ်တန်း ခေါင်းဆောင်များ နှင့် နီးကပ်စွာ ဆက်နွယ်ပတ်သက်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ် နေသော ကြောင့်ပင် ဖြစ်သည်။

 

၎င်း၏ အတိုက်အခံများကို လက်ရဲဇက်ရဲ အဆိပ် ခတ် သတ်ဖြတ်နေသော ပူတင် အဖို့က အထူးတလည် ဂရုစိုက်နေမည်ကား မဟုတ်ပေ။ ထို့အတွက်ကြောင့်လည်း မင်းအောင်လှိုင်လို လူမျိုးအား မော်စကို သို့ ပင့်ဖိတ်ရဲခြင်းပင် ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ ဖမ်းဝရမ်း ထုတ်ခံရသည့် သူတော် အချင်းချင်း သီတင်း လွေ့ကြမည့် ပွဲလည်း ဖြစ်ပေသည်။

 

ပြည်တွင်း တွင်တော့ ဖေဖေါ်ဝါရီ တလ အတွင်း စစ်‌ကိုင်း နှင့် မကွေးတိုင်း ဒေသကြီး များရှိ ပြည်သူ ၃၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည် အထိ တိုက်ပွဲများ ပြင်းထန်လာနေပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များသည် လည်း ရန်ကုန်-မန္တလေး အမြန် လမ်းမဟောင်း တလျောက် ပဲခူးတိုင်း အတွင်းရှိ စစ်စခန်း အတော်များများကို သိမ်းယူ နိုင်ခဲ့ပြီ ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ကျင်းပနေဆဲ ဖြစ်သည့် လူ့အခွင့် အရေး ကောင်စီ ညီလာခံ စင်မြင့်မှနေ၍ ကုလသမဂ္ဂ၏ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး ဗေါ်ကာ တပ်ခ် မှ မြန်မာသည် ကမ္ဘာပေါ်တွင် လူသား များ အဆိုးဝါးဆုံး ရင်ဆိုင်နေရသည့် အကျပ်အတည်း ကြီး တွင် ပါဝင်လာနေပြီး ယခုအခါ လူထု သည် မဆုံးနိုင်သော ခုနှစ်စဉ် အမျှင်တန်း လာနေသည့် ဒုက္ခသုက္ခများ နှင့် ရင်ဆိုင်နေကြရပြီဟု မီးမောင်းထိုးပြလိုက်ပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့၏ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်များ၊ လူငယ်များကို အတင်းအဓမ္မ စစ်ထဲဆွဲသွင်း နေသည်များကိုလည်း ပြစ်တင် ရှုတ်ချသွားခဲ့သည်။

 

လှုပ်ပါ များ လျင်တော့ သစ်ငုတ်သည် နဲ့လာရစမြဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!