Tin ဆိုသည်က သံဖြူ ဖြစ်ပြီး သတ္ထု များထဲတွင် အပေါစား အဖြစ် သတ်မှတ်ခံထားရသည်၊ ထိုအကြောင်းကို ဆက်၍ ဖေါ်ပြပါမည်။
မင်းအောင်လှိုင်သည် လေယာဉ် စီးလုံးပြည့် ကရိုနီ တသိုက်ကို ခေါ်တင်ကာ ဘဲလာရုစ် မြို့တော် မင့်စ် သို့ ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
လယ်ထွန်စကိ၊ ကလေး နို့ မှုန့်၊ နို့ဆီ ထုတ်လုပ် ရေး၊ ပင်လယ် အစားအစာ အပါအဝင် နားလည် မှု စာချွန်လွှာပေါင်း ၁၃ ခု လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
ဘဲလာရုစ် မှ ရွေးကောက်ပွဲ အတွက် လေ့လာစောင့်ကြည့် ရေး အဖွဲ့ လည်း စေလွှတ်ရန်လည်း သဘောတူခဲ့ကြသည်။
စစ်ကောင်စီ ဖက်မှ အပယ်ခံ ဖြစ် နေသော ၎င်းတို့ ခေါင်းဆောင်ကြီး မင်းအောင်လှိုင် လူရာဝင်လာသည့် သဘော ဖြင့် "တရားဝင် ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော" ဟု အာလုပ် သံကြီး ဖြင့် သတင်းမီဒီယာ များ မှ နားကွဲလုမတတ် အော်နေသော်လည်း အဆိုပါ နှစ်နိုင်ငံသည် ၎င်းအား နကိုယ်ကတည်းက ထောက်ခံထားသော လက်တဆုပ်စာပင် မရှိသည့် နိုင်ငံများ စာရင်း တွင် ပါဝင်နေသည့် အတွက်လည်း မည်သူကမျှ အဆန်းတကြယ် စိတ်ဝင်စားမှု တော့ ရှိကြမည် မဟုတ်ပေ။
သို့သော် မင်းအောင်လှိုင်သည် ပူတင်ကို တွေ့လျင် တွေ့ခြင်း အတင်းပြေးဖက်၊ ဟိုက ထိုသို့ လုပ်မည်ဟု နဂိုကတည်းက diplomatic protocol လည်း မရှိ၍ ကြောင်တက်တက် ဖြစ်နေပုံ၊ ကြွက်မင်း ဇာတ်လမ်း ဖြင့် အတင်းကြီး ဂျင်းထဲ့ပုံ များကို ကြည့်၍ တဝါးဝါး တဟားဟား နှင့် အပျင်းပြေ ခဲ့ကြရသည် ကတော့ အမှန်ပင် ဖြစ်သည်။
တဖက်တွင်လည်း ထိုသို့ ကိုယ်ရော စိတ်ပါ ထောက်ခံခဲ့ကြသော်လည်း ၎င်းတို့ဖက်မှ လေးနှစ်ကြီး ကြာပြီး မှ အဘယ်ကြောင့် ယခုမှ ဆင့်ခေါ်ခဲ့ကြ သည်ကို ဟောင်ကောင်ရှိ South China morning Post သတင်းစာကြီး မှ ဆောင်းပါးရှင် Maria Siow က ယခုလို ရေးသားလာခဲ့သည်။
သံတမန်ရေးအရ အသိအမှတ် ပြုခံလိုတဲ့ အရည်အချင်း မရှိ ရက်စက်ကြမ်းကြုပ် သော အာဏာရှင် တဦးက နေ အသိအမှတ် ပြုခံရဖို့ မရမက ကြိုးစားလာမှု ကို ကရင်မလင် နန်းတော်ထဲ အထိ ဖိတ်ခေါ်လာတဲ့ လုပ်ရပ်ကို မည်သည့် နိုင်ငံကမှ ကြိုဆိုကြမည် မဟုတ်ဟု ဝါရှင်တန် စစ်ကောလိပ် ရှိ ပါမောက္ခ ဇာကာရီ အဘူဇာက ဆိုသည်။ ၎င်း သုံးစွဲ သွားသည့် tin pot murderous dictator စကားလုံးက ပြင်းလွန်းသည့် အတွက် FB နားဝင်အောင် ပြန်လည် တင်ပြရခြင်း ဖြစ်သည်။
ပူတင် အတွ့က် မြန်မာပြည်သည် စိတ်ဝင်စားမှု တွင် အောက်ဆုံး အဆင့် သာ ရှိနေခဲ့ရာမှ ယခု အခါ ယူကရိန်း နှင့် ပတ်သက်ပြီး အမေရိကန် သဘောထား လုံးဝ ပြောင်းလဲလာနေသည်ကို ကြည့်ပြီး ၎င်း အတွက် အသက်ရှု ပေါက် ရသွားသလို ဖြစ်ခဲ့၍ နိုင်ငံငယ်လေး များကို တတ်နိုင်သမျှ တပည့်မွေးရန် စတင် လုံးပမ်းလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် လ အတွင်း ကုလ အထွေထွေ ညီလာခံ တွင် ယူကရိန်း မှ ရုရှား တပ်များ ဆုတ်ခွာရန် အဆို ကို အမေရိကန်သည် ရုရှားနှင့် အတူ ကန့်ကွက်မဲ ပေးခဲ့သည်။
ထရန့်သည် ယူကရိန်း သမ္မတ ဇယ်လင်စကီး နှင့် အိမ်ဖြူတော်တွင် အချင်းများခဲ့ပြီးနောက် ယူကရိန်း သို့ ပေးနေသည့် အကူအညီများ ရပ်ဆိုင်းပစ်လိုက်ပြီ ဖြစ်သည်၊ (မိမိအမြင်အရမူ ထိုသို့ လုပ်နိုင်ဖို့ အကြောင်းပြရန် ဇယ်လင်စကီး ကို ဆွ ပေး လိုက်ခြင်း ပင် ဖြစ်မည်)
ရုရှားသည်လည်း အပယ်ခံ ဖြစ်နေခဲ့ရာမှ နိုင်ငံတကာ အလယ်တွင် ယခင် ဆိုဗီယက်လို တပည့် တပန်း များစွာဖြင့် နေခဲ့ရသည့် အဆင့်မျိုး တည်ဆောက်ချင် လာသည်။
မင်းအောင်လှိုင် အတွက်ကလည်း ၎င်းအား စစ်ရေး၊ စီးပွားရေး အကူအညီ ရရာ ရကြောင်း အခြားလည်း အားကိုးစရာ မရှိ ဖြစ်နေသည်။
ကြောင်ခံတွင်းပျက် နှင့် ဇရက်တောင်ပံကျိုး တွေ့ကြသည့် ပွဲသာ ဖြစ်ပေသည်။
ရုရှားကလည်း ၎င်း၏ လေကြောင်းအင်အား ကို ဖြည့်တင်း ပေးနိုင်ဖို့လောက်သာ ရည်ရွယ်သည်၊ နောက်ဆုံးပေါ် ပဉ္စမ မျိုးဆက် တိုက်လေယာဉ် များ ဝယ်ဖို့ အထိ က တော့ မင်းအောင်လှိုင် မတတ်နိုင် ဖြစ်နေသည်။
လောလောဆယ်တွင် တော့ Yak-130 လောက် ထပ်မံ ဝယ်ယူ နိုင်ဖို့နှင့် လက်ရှိ လေယာဉ်များ အတွက် အသည်းအသန် လိုအပ်နေသော အပိုပစ္စည်း များ၊ ပြုပြင် မွမ်းမံပေးမည့် နည်းပညာရှင်များ စေလွှတ်ပေးရန် တောင်းဆိုမည် ဖြစ်သည်။ အဆင့်မြင့် ဒရုန်း နည်းပညာ များ တောင်းခံနိုင်သော်လည်း ၎င်း၏ လူများ အဖို့ က ကျွမ်းကျင်မှု ရှိလာရန် နှစ် အတန်ကြာ စောင့်ရဦးမည် ဖြစ်သည်။
လက်ရှိတွင် ဒရုန်းကို တရုတ်မှ တင်ပို့နေသော်လည်း ရုရှား တို့က ၎င်းတို့ နည်းပညာများ နှင့် အစိတ်အပိုင်းများ ရောင်းချဖို့ ဆိုသည်က လိုင်စင်များ ချပေးရန် လိုနေသည်။ နည်းပညာများ အခြားလူ လက်ထဲ ရောက်မသွားရန် ထိန်းသိမ်းထားရမည် ဖြစ်သည်။
မင်းအောင်လှိုင် အတွက်ကတော့ ၎င်း လိုလားနေသည့် ပူတင် နှင့် တွေ့ဆုံခွင့် ရခဲ့သည့် အတွက်ရော၊ ၁၁၀ မီဂါဝပ် နျူကလီယား ဓါတ်အားပေး စက်ရုံ ရရှိသွားခဲ့မှု ကြောင့် "သိသိသာသာ အူမြူးနေသည်" ကို တွေ့ခဲ့ရသည်ဟု ဩစတေးလျှ အမျိုးသား တက္ကသိုလ်မှ သုတေသီ ဟန်တာ မာစ်တန်က မှတ်ချက်ချခဲ့သည်။
မင်းအောင်လှိုင်သည် ၎င်းဖက်က အပေးသာ ရှိနေပြီး လိုချင်သလောက် ပြန်မရသည့် တရုတ် နှင့် ဆက်ဆံရေး အတွက်မူ မည်သည့် အခါမျှ ထိုမျှ အထိ ပျော်ရွှင်ခဲ့ရခြင်းမျိုး မရှိခဲ့ဖူးပေ။
မင်းအောင်လှိုင် ၏ တွေ့ဆုံခဲ့မှု တွင် ဓါတ်ပုံများက မည်မျှ အထိ ကသိကအောင် ဖြစ်ခဲ့ရသည်များကို အပြည့်အဝ မဖေါ်ပြနိုင်သော်လည်း မြန်မာလူထု အဖို့ ရွံရှာ စက်ဆုပ်ဖွယ် မြင်ကွင်းမျိုး အဖြစ်သာ တွေ့ခဲ့ရသည်ဟု ဆိုသည်။
မင်းအောင်လှိုင် ၏ ပူတင်အား ဆက်ဆံပုံသည် ထူးဆန်းအံ့ဩဖွယ် ကောင်းလောက်အောင် ရိုရိုကျိုးကျိုး ဖြစ်နေပြီး ကျွန်ယုံ ကျွန်ကောင်းတဦးက မြန်မာ ရိုးရာ ယုံကြည်မှု အပေါ် အခြေခံထားတဲ့ လက်ဆောင် ပဏ္ဍာ မျိုး ဆက်သ သလို ဖြစ်နေသည်ဟု အဘူဇာက မှတ်ချက်ချခဲ့သည်။ ပူတင် အဖို့က ၎င်း စိတ်ပျော်ရွှင်သွားအောင် ပြောရဲ ဆိုရဲသည့် ပုဂ္ဂိုလ် မျိုး နှင့် မကြုံခဲါဖူး၍ နောက်တခါ တွေ့နိုင်ဖို့စိတ်စောနေမည်ပုံ ရှိသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။
ဘီဂျင်းသည် မင်းအောင်လှိုင်၏ ခရီးစဉ် အပေါ် လူသိရှင်ကြား ရည်ညွှန်း ပြောဆိုမည် မဟုတ်သော်လည်း ရုရှား ကြောင့် ၎င်းတို့ ဩဇာ လွှမ်းမိုးထားနိုင်မှု လျော့နည်းသွားမှု ရှိမရှိ စောင့်ကြည့် နေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
ကျွန်တော် လေ့လာ ကြည့်ရသလောက် ဆိုကအရှေ့တောင် အာရှ နိုင်ငံများထဲ တွင် အင်ဒိုနီရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင် တို့တွင် နျူကလီယား သုတေသန ဓါတ်ပေါင်းဖို အဆင့် သာ ရှိပြီး ထိုအထဲတွင် ဖိလစ်ပိုင် နှင့် ဗီယက်နမ်တိုသာ လျပ်စစ်ဓါတ် အား ထုတ်လုပ် ပေးနိုင်သည့် အဆင့်သို့ ကူးပြောင်း နိုင်သော်လည်း ဂျပန်ရှိ ဖူကူရှီယား ဓါတ်ပေါင်းဖို့ မတော်တဆ ဖြစ်မှု ကြောင့် လွန်စွာ အန္တရာယ် များသည် ဆိုကာ ရပ်ဆိုင်းထားသည်။
နျူ ကလီယား သိပ္ပံပညာရှင် တဦး တယောက်မျှ မရှိသည့် မြန်မာကဲ့သို့ နိုင်ငံအတွက် နိုင်ငံ တကာ အနုမြူ နှင့် စွမ်းအင် အေဂျင်စီ မှ စစ်ဆေးယုံ နှင့်ပင် လည်ပတ်ခွင့် ပြုတော့မည် မဟုတ်၊ လွန်ရော ကျွံရော အဆောက်အဦး သာ ထီးထီးကြီး ကျန်ရစ်မည် ဖြစ်သည်။ ကျွမ်းကျင်သူ များကမူ ၂၀၅၀ တွင်သာ အဆင်သင့် ဖြစ်မည်ဟု ခန့်မှန်းထားကြသည်။
ရုရှား၊ ဘဲလာရုစ် ခရီးစဉ် အပြီး အားလုံးက tin pot အဆင့် ဦးနှောက်မျိုးသာသာ ရှိသည်ဟု သတ်မှတ်ခံလိုက်ရသည့် မင်းအောင်လှိုင်အား တခမ်းတနား ကြိုဆိုရန် နေပြည်တော်တွင် လူစုနေပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ရုရှား နှင့် ဘဲလာရုစ် ခရီးစဉ် အတွင်း ကြွက်မင်း ဗျာဒိတ် နှင့် စက်ရုံလည်ပတ်နိုင်သည် အထိ မည်သို့မျှ ဖြစ်မလာနိုင်သော နျူကလီယား ဓါတ်ပေါင်းဖို အကြောင်းများ၊ ကလေး နို့မှုန့်များ အကြောင်း ပြောဆိုနေချိန်တွင် ကျောက်ဖြူရှိ နောက်ဆုံးလက်ကျန် ရေတပ်စခန်းကို ကာကွယ် နိုင်ရန် ရေတပ် လေတပ် အင်အားသုံး၍ အသည်း အသန် ခုခံ ကာကွယ်နေရပြီ ဖြစ်သည်။
ကျောက်ဖြူ ကျသွားပြီ ဆိုက တရုတ်သည် အာရက္ခ တပ်တော်နှင့် သာ တိုက်ရိုက် ဆက်ဆံလာမည့် အရေး အတွက် စစ်ကောင်စီ အဖို့ စိုးရိမ်တကြီး ဖြစ်နေသည်။
ပုံတွင် ကြောက်အားလန့်အား ဗုံးကြဲ တိုက်ခိုက်နေ၍ ကျောက်ဖြူ အနီးရှိ ဦးကင်းရွာ အပါအဝင် ရွာနှစ်ရွာ မီးလောင်ပြာကျသွားသည်ကို တွေ့နိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!