ဂေါ့ဒ် ဖားသား ဒွန် ကော်လီနီရို ကြီး အား အသက် ပြန် သွင်း လိုက်သည့် အလား ထင်မှတ် ရလောက် အောင် ဒေါ်နယ် ထရန့် ၏ လုပ်ရပ်များ ကြောင့် တကမ္ဘာလုံး ဗျာများ နေချိန်တွင် မြန်မာ အရေး နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ၏ ဆုံမှတ် ဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူ များက သုံးသပ်လာသည်ကို ဗီအိုအေ မှ ရေးသားလာခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို သည် ဇန်နဝါရီ လ အတွင်း ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ရှေ့မှောက် ကြားနာ စစ်ဆေးခံရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထိတ်တန်း ဦးစားပေးသည် အမေရိကန်သာ ဖြစ်ရမည်ဟု ထွက်ဆိုသွားခဲ့သည်။
နောက်ပိုင်း မူဝါဒ ရေးရာ ကြေညာချက် ထွက်ပေါ်လာသည့် အခါတွင်တော့ အမေရိကန်အား ပိုမို လုံခြူံ စိတ်ချစေမည့် ပို၍လည်း ခိုင်မာ တောင့်တင်းပြီး ပို၍လည်း ကြွယ်ဝ ချမ်းသာ စေမည့် နိုင်ငံခြားရေး မူဝါဒ ကို လက်တွေ့ကျကျ ကျင့်သုံးသွားမည်ဟု ပါရှိလာခဲ့သည်။
ထိုသို့ ကျင့်သုံးသွား နိုင်ရန် အတွက် အာရှ-ပစိဖိတ် ဒေသ အထူးသဖြင့် မြန်မာ အရေးကို ကိုင်တွယ် မှ ဖြစ်မည်ဟု သုတေသီ အချို့က ထောက်ပြလာခဲ့သည်။ မြန်မာသည် စစ်တပ်၏ အာဏာ သိမ်းခံရပြီး နောက်တွင် တရုတ်ဩဇာ သည် ပို၍ ညောင်းလာခဲ့သည်၊ အပယ်ခံ ဘဝ နှင့် အတူ ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာ၍လည်း စီးပွားရေး နှင့် စစ်ရေး တွင် တရုတ်အပေါ် ယခင်ကထက် မှီခိုလာခဲ့ရသည်။
ထို အနေအထား တွင် ရူဘီယိုသည် နိုင်ငံခြားရေး မူဝါဒ ၏ ပဲ့ကိုင် ဖြစ်လာသည် နှင့် အမျှ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အား ပိုမို ကျယ်ပြန့်စွာ ချမှတ် အကောင်အထည် ဖေါ် နိုင်ရေး အတွက် မြန်မာ သည် ဝါရှင်တန် အတွက် အခွင့် အလန်း တရပ် ဖြစ်လာနေပြီဟု ကျွမ်းကျင်သူ များက သုံးသပ်လာကြသည်။
မြန်မာ သည် အမေရိကန်-တရုတ် အားပြိုင်မှု တွင် မဟာဗျူဟာမြောက် အရေးပါသည် ဆိုသည်ကို ရူဘီယိုသည် ကောင်းစွာ သိထားပြီး ဖြစ်သည်သု ဩစတေးလျှ အမျိုးသား တက္ကသိုလ် မှ သုတေသီ ဟန်တား မားစ်တန်က ဆိုသည်။
အလားတူပင် ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာကလည်း မြန်မာ သည် အမေရိကန် နှင့် တရုတ် အကြား အဓိက ကျလာလိမ့်မည်ဟု ပြောလာသည်။ အရှေ့တောင် အာရှသည် အမေရိကန် နှင့် တရုတ် တို့ တိုက်ရိုက် ထိတွေ့ အားစမ်းရမည့် ဒေသ ဖြစ်၍ မြန်မာသည်လည်း မဖြစ်မနေ ပတ်သက်လာတော့မည်ဟု ဆိုသည်။
မြန်မာ သည် အရှေ့တောင် အာရှ နှင့် တောင်အာရှ၏ လမ်းဆုံလမ်းခွ တွင် ရှိ၍ ဒေသတွင်း တည်ငြိမ်ရေး နှင့် စီးပွားရေး အတွက် လွန်စွာ အရေးပါနေသည်၊ ယခု အခါ တရုတ်သည် ရခိုင်ဒေသတွင် ရေနက်ဆိပ်ကမ်း ဆောက်ပြီး တိုး ချဲ့လာနေ၍ လုံခြုံရေး ပိုင်း တွင် စိုးရိမ်စရာ ဖြစ်လာနေသည် ဟု ထောက်ပြခဲ့သည်။
တိုင်ဝမ် အရေး နှင့် ပတ်သက်ပြီး ပဋိပက္ခ ဖြစ်လာမည် ဆိုက ကူမင်းသို့ သွယ်တန်းထားသော ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်းသည် အရေးပါလာပြီ ဖြစ်သည်ဟု ဆိုသည်။ တရုတ် နှင့် ရုရှားသည် အိန္ဓိယ သမုဒ္ဒရာ အထိ အင်အားဖြန့်ကျက်လာမည် ဖြစ်သည်။ ရခိုင် ဆိပ်ကမ်းများသို့ တရုတ်တို့ ဝင်ထွက်ခွင့် ရလာမည် ဖြစ်ပြီး ရုရှား စစ်သင်္ဘောများ ရန်ကုန် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာကြမည် ဟု ဆိုသည်။
လက်ရှိ ခေတ်မီ နည်းပညာ များ အတွက် မြန်မာရှိ မြေရှားသတ္တုများသည်လည်း အရေးပါလာသည်။ တရုတ်သည် ထိုသတ္တုများ တူးဖေါ်ရေး တွင်သာမက သန့်စင်ရေးပိုင်းကိုပါ လက်ဝါးကြီး အုပ်ထားလု နီးနီး ဖြစ်လာသည်မှာ အမေရိကန် လုံခြုံရေးကို လုံးဝ ခြိမ်းခြောက်လာနေခြင်း ဖြစ်သည်။
ကချင်ပြည်နယ်မှ မြေရှား သတ္တု၏ ၄၀ ရာနှုန်း ရရှိ နေပြီး မြန်မာသည် ကမ္ဘာတွင် ထုတ်လုပ်နေမှု၏ ၁၄ ရာနှုန်း အထိ ဖြစ်လာနေသည်ဟု နိုင်ငံတကာ စွမ်းအင် အေဂျင်စီ ၏ အဖွဲ့၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ တရုတ်သည် မြန်မာ မှ ၂၀၂၃ တွင် ဒေါ်လာ ၁.၄ ဘီလီယံ အထိ တင်သွင်းလာခဲ့ပြီး ကမ္ဘာ ကုန်ကြမ်း သန့်စင်မှု၏ ၉၀ ရာနှုန့်း အထိ ထိန်းချုပ်ထားသည်။
အမေရိကန်သည် တရုတ်အား ရန်စသလို ဖြစ်မည်စိုး၍ မြန်မာ တို့၏ တော်လှန်ရေးကို ပံ့ပိုးပေးရန် စိတ်မပါ လက်မပါ ဖြစ်နေခြင်းကြောင့် တရုတ်တို့ ရှေ့ကို တစထက် တစ တိုးလာ အောင် လုပ်ပေးသလို ဖြစ် နေသည်ဟု မာစ်စတန် က ပြောသည်။
ရူဘီယိုသည် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာပြီး ပထမ နေ့မှာပင် တရုတ်ကို တန်ပြန်် နိုင်ရန် အိန္ဒိယ၊ ဂျပန်၊ ဩစတေးလျ တို့ နှင့် တွေ့ဆုခဲ့ပြီး ဖြစ်သည်။ ဤသည်ကပင် မြန်မာ၏ အရေး ပါမှု ကို အမေရိကန် မူဝါဒ ရေးဆွဲသူများ နားလည် သဘောပေါက် ကြောင်း သက်သေ တခုပင် ဖြစ်သည်ဟု ဆိုသည်။
ရူဘီယိုသည် ကျုးဘား အမေရိကန် တဦး ဖြစ်နေ၍ လည်း ကွန်မြူနစ် တို့ ၎င်းတို့ အကျိုးစီးပွား အတွက် မည်သို့ လုပ်လာနိုင်သည်ကို သိရှိပြီး ဖြစ်သည်။
မာစ်တန်က ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် ပါဝင် ပတ်သက် နေသူများ နှင့် တိုး၍ ဆက်ဆံလာဖို့ သာ ရှိတော့သည်။ တရုတ်ကမူ အမေရိကန် ပေါ်လစီ မည်သို့ ပင် ရှိနေစေကာမူ ဆက်၍ ပတ်သက်နေမည်သာ ဖြစ်သည်။
မိမိ အမြင်အရမူ မြန်မာ အရေးကို ယခု အတိုင်း ပစ်ထားမည် ဆိုက ၎င်းတို့၏ အင်ဒို-ပစိဖိတ် မဟာဗျုဟာ သည် အိပ်ပေါက်နှင့် ဖား ကောက်ဆိုသလို ဖြစ်နေပေလိမ့်မည်။
တရုတ် နှင့် ရုရှား တို့ကတော့ အချိန်ဆွဲ မနေ ၂၀၂၄ မှစ၍ မြန်မာ စစ်ခေါင်းဆောင်များကို ပြောင်ပြောင်တင်းတင်း ထောက်ခံပံ့ပိုး ပေးလာနေပြီ ဖြစ်၍ ဘူမိ မဟာဗျူဟာ တွင် လွန်စွာ အရေးပါနေသော မြန်မာကို ဒေါ်နယ်ထရန့်သည် လွှတ်ထား၍ မဖြစ်တော့ဟု ယူဆရပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!