အမေရိကန် အစိုးရ ဌာနများ အားလုံး ကို ဗိန်းမောင်းတိုက် နေသည့် ဒေါ်နယ် ထရန့် ၏ သမ္မတ အမိန့်သည် ယခုအခါ VOA နှင့် RFA အသံလွှင် ဌာနများသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
VOA ၏ ဦးဆောင်ညွန်ကြားရေး မှုး မိုက်ကယ် အေဗရမ်မိုဝဇ် မှ အာဏာရှင် နိုင်ငံများ အပါအဝင် ကမ္ဘာတဝှမ်း ဘာသာပေါင်း ၅၀ နီးပါး ဖြင့် အသံလွှင့် ထုတ်လုပ်နေသည့် သတင်းစာဆရာ များ အပါအဝင် ဝန်ထမ်းပေါင်း ၁,၃၀၀ ကျော်အား မဖြစ်မနေ ခွင့်ယူ ရန် ဒေါ်နယ် ထရန့် မှ သောကြာနေ့ တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့အတွက် သတင်းသမား များ အဖို့ စနေနေ့မှစ၍ ရုံးထဲ ဝင်ရောက်ခွင့် မရှိတော့သည့် အပြင် ကွန်ပြူတာ ဆာဗာ များ နှင့် ချိတ်ဆက်ခွင့်လည်း ပိတ်ပင်ခြင်း ခံခဲ့ရသည်။
ယင်းသည် မြန်မာ တို့ ၏ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ တိုက်ပွဲဝင်မှု များ အတွက်လည်း ထိခိုက်နစ်နာသွားခဲ့ရပြန်သည်။ ထိုင်း နယ်စပ် တလျောက်ရှိ မြန်မာ သတင်း မီဒီယာများအား အမေရိကန် ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ USAID မှ ပေးနေသော ထောက်ပံ့ကြေး များလည်း ရပ်ဆိုင်းထားပြီး လည်း ဖြစ်သည်။
ဗီအိုအေ အား နာဇီတို့၏ ဝါဒ ဖြန့်ချီနေမှု ကို တန်ပြန်ရန် ၁၉၄၂ တွင် စတင် အသက်သွင်းခဲ့၍ ၈၅ နှစ် သက်တမ်း ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သတင်း အချက်အလက်များအား တပတ်လျှင် ကမ္ဘာ တဝှမ်း ရှိ လူ သန်းပေါင်း ၃၂၀ ထံ အရောက်ပို့ပေးနိုင်ခဲ့သည့် အသံလွှင့်ဌာနကြီးသည် အသံတိတ် သွားခဲ့ပြီ ဖြစ်သည်။
ဒေါ်နယ် ထရန့် သည် သမ္မတ အမိန့်ဖြင့် ဖျက်သိမ်းခွင့် မရှိသည့် အတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ထမ်း အနည်းငယ် ဖြင့် ဆက်၍ ရပ်တည်သွားရ မည် လည်း ဖြစ်သည်။ ထို့အတွက် အချို့နေရာများ တွင် သတင်း ထုတ်လွှင့်ချက်များ အစား သီချင်းသံများကိုသာ ကြားလာရသည်ဟု သိရသည်။
ဗီအိုအေ ကဲ့သို့ပင် US Agency for Global Media USAGM တွင် ပါရှိသည့် RFA သည်လည်း ဒေါ်နယ် ထရန့်၏ စက်ကွင်း မှ မလွတ်ပေ။
အဓိက အားဖြင့် ၎င်း၏ မူဝါဒ များကို ဝေဖန်တိုက်ခိုက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
တည်ထောင်ပြီး နောက်ပိုင်း တွင် ဥပဒေ အဆင့်ဆင့် ပြဋ္ဌာန်း ပေးပြီး အဆိုပါ အသံလွှင့် ဌာနများ၏ မူဝါဒ များ အား အစိုးရမှ စွက်ဖက် ဩဇာ မသက်ရောက်နိုင်အောင် ကာကွယ် ပေးထားခဲ့ပြီး ဖြစ်သည်။
သို့သော် ရုရှား၊ တရုတ်၊ အီရန် တို့မှ အမေရိကန် အပေါ် အယုံအကြည်မဲ့ရန် ဒေါ်လာ ဘီလီယံ နှင့် ချီ၍ ရင်းနှီး မြုပ်နှံပြီး လေလှိုင်းမှ နေ့စဉ် တိုက်ခိုက်နေသည့် အဖြစ်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသည်မှာ ပေါ်လွင်နေပေသည်။
အီရန်ရှိ အာယာတိုလာ များ၊ ဘီဂျင်း၊ မော်စကို၊ မင့်စ် ရှိ အာဏာရှင်များ လည်း ဒါမှ Our man from White House ကွ ဟု ဆိုကာ အောင်ပွဲခံနိုင်ခဲ့သည့် နေတနေ့ ဖြစ်သွားခဲ့သည်။
ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရရန် တိုက်ပွဲဝင်နေသော မြန်မာ တို့၏ တော်လှန်ရေး ကား အောင်ပွဲများ ထပ်မံရရှိ နေပြီ ဖြစ်သည်။
နောက်ဆုံး ရရှိသည့် သတင်းများအရ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာ ကာကင်းစခန်းများအားလုံးကို AA နှင့် ပူးပေါင်း တပ်များက သိမ်းပိုက်ထားပြီဟု ဦးခိုင်သုခ အတည်ပြု လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေသည်ဟု သိရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!