"နိုင်ငံ ပေါင်းစုံ ဦးဆောင်မည့် ကမ္ဘာ multipolar world တွင် ၂၀၂၅ အလွန် မြန်မာ အတွက် စိန်ခေါ်မှု များ နှင့် အခွင့်အလန်း မျာ:" ဆိုသည့် အလုပ်ရုံ ဆွေးနွေးပွဲ ကို နေပြည်တော်တွင် ပြုလုပ်လာခဲ့သည်။
ထို ဆွေးနွေးပွဲ သို့ အကယ်ဒမီ ပွဲ ၊ ထီးတော်တင်ပွဲ
မကျန် တက် ရောက်ခဲ့သူ ပါလေရာ ကိုမိုက်ခဲ မင်းအောင်လှိုင် ရောက်လာခဲ့သည်။
ထိုဆွေးနွေးပွဲ သတင်းကို တရုတ် ဆင်ဟွာ သတင်းဌာန ကလည်း လက်ရှိ ကမ္ဘာကြီးကို ၎င်းတို့ ဦးဆောင်မှု ပေးတော့ မယောင် ဖြင့် မီးမောင်းထိုး တင်ပြလာခဲ့သည်။
သို့သော် တရုတ် အစိုးရ မှ ၎င်းအား အလေးအနက်ထား ပြောဆိုလိုသော်လည်း သွားလေရာ တွင် ဟာသ လုပ်တတ်သူ မင်းအောင်လှိုင်ကား ကောက်ကာငင်ကာ ဖြင့် "ခင်ဗျား တို့ အားလုံး အင်္ကျီ တွေ ဖိနပ်တွေ ဝတ်ကြ စီးကြတယ် မဟုတ်လားဟု မေးလိုက်သည်။
မြန်မာ သည် ဝါငွမ်း နှင့် သားရေ များ ထုတ်လုပ်နိုင်စွမ်း ရှိ၍ အိမ်နီးခြင်း နိုင်ငံများရှိ ဘီလီယံ နှင့် ချီသော လူများအား အဝတ်အစားများ၊ ရှုးဖိနပ်များ ထုတ်လုပ် ရောင်းချနိူင်မည့် စီးပွား ရေး အခွင့် အလန်းကြီး ရှိနေသည်ဟု အီတာလျံ များပင် မျက်လုံးပြူး မျက်ဆံပြူးလောက် အောင် ချပြလိုက်သည်။
ယခင်ကလည်း အလားတူ တနိုင်ငံလုံး မှောင် နှင့် မဲမဲ ဖြစ်နေမှု အား ဆိုလာ စွမ်းအင် ဖြင့် အစားထိုး အံ့ဟု ပြောပြီး မကြာခင်မှာပင် သား ဖြစ်သူ အောင်ပြည့်စုံသည် ဆိုလာပြားများကို တဦးတည်း မောင်ပိုင်စီးကာ တင်သွင်းလာခဲ့သည်။
ဤသည်ကို ကြည့်၍ ဧရာဝတီ သတင်းမှ အောင်ပြည့်စုံ ဖိနပ်ချုပ် ရောင်းတော့မည်လော ဟု မေးခွန်း ထုတ်လာခဲ့သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့သည် ကမ္ဘာကြီး တွင် ကြီးမားသော အရွေ့ကြီး ဖြစ်လာတော့မည်ဟု ရိပ်စားမိလာသည့် အတွက် ၎င်းတို့ လိုက်မမီ နိုင်သည့် အကြောင်းအရာ များကို အလင်းပြ ပေးနိုင်ဖို့ အတွက် ကျွမ်းကျင်သူ ဆိုသည်များကို ခေါ်ယူကာ ဦးနှောက်စားလာခြင်း ဖြစ်သည်။ ဒေါ်နယ် ထရန့် မှပင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ မှုများ ပယ်ဖျက် ပေးတော့မည် လော ဟု စိတ်ကူးယဉ် ကောင်း ယဉ်လာ နိုင်သည်။
တနိုင်ငံလုံး အား ဒုက္ခပေးနေသည့် သွေးစုတ် ဖုတ်ကောင်ကြီးအား အသက်သွင်းပေးရန် ဝန်မလေးသည့် အောက်လမ်းဆရာ ယောင်ယောင်များသည်လည်း အာဘောင်အာရင်း သန်သန် ဖြင့် ပြောဆို ကြမည့် ပွဲလည်း ဖြစ်ပေသည်။
အမေရိကန် မှ ဗွေဆော်ဦး ပြန် ပို့ ခံရသူ မြန်မာ နိုင်ငံသား နှစ်ဦးကိုပင် အိုးစည် ဗုံမောင်း နှင့် ကြိုဆိုမတတ် လက်ခံခဲ့သည်၊ ဤသည်ကပင် မိမိတို့မှ ဖမ်းဆီး အရေးယူမည် မဟုတ် ကြိုက်သလောက် နောက်ဆံ မတင်းဘဲ ပြန်ပို့ ရန် ထရန့် အား အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့ စိတ်ကူးယဉ်မည် ဆိုကလည်း ယဉ်လောက်ပေသည်။
ကျွန်တော် နိုင်ငံတကာရေးရာ များ စတင် လေ့လာခဲ့သည် နှစ်ပေါင်း လေးဆယ်ကျော် အတွင်း တခါမျှ မကြားဖူးသော၊ မဖတ်ဖူးခဲ့သော မကြားဝံ့ မနာသာအပြောအဆိုများ အိမ်ဖြူတော် မှ ထွက်ပေါ်လာနေချိန် လည်း ဖြစ်သည်။
အိမ်ဖြူတော်၏ တောင်ဖက် မြက်ခင်းပြင်သည်လည်း နေ့ခြင်းညခြင်း ဆိုသလို ကား အရောင်းပြခန်း ကြီး အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အရာရာတိုင်းသည် အမြဲလို တသမတ်တည်း သွားနေလိမ့်မည်ဟု take it for granted ယူဆခဲ့သည့် အနောက်နိုင်ငံသားများလည်း တုန်လှုပ်စ ပြုလာနေပြီ ဖြစ်သည်။
ဂျပန် နိုင်ငံ မြို့ကြီး နှစ်မြို့ကို အဏုမြူ ဗုံးကြီး နှစ်လုံး ဖြင့် ကြဲချ တိုက်ခိုက်ခဲ့၍ လူသိန်းသောင်းချီ သေဆုံးသွားခဲ့ပြီး ဖြစ်သော်လည်း ယခု အခါ လက်မှတ် တချက်ထိုး လိုက်ယုံဖြင့် ကမ္ဘာတဝှမ်းရှိ လူ သန်းပေါင်းများစွာ ဒုက္ခရောက်ကုန်ကြပြီ ဖြစ်သည်။
လူသား တို့၏ လွတ်လပ်ခွင့် များဖက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသော သတင်းစာ၊ ဂျာနယ် မဂ္ငဇင်းများက ကျရောက်လာလတ္တံသော အန္တရာယ်ကြီး ကို တာဝန်သိစွာ မီးမောင်းထိုးပြလာခဲ့သည်။
ထိုအထဲတွင် ၁၈၅၇ ခုနှစ်ကတည်းက တည်ထောင်လာခဲ့သည့် The Atlantic မဂ္ဂဇင်းကြီး တွင် ဟစ်တလာ အကြောင်း အထူးပြု လေ့လာခဲ့ပြီး ၎င်းနှင့် ပတ်သက်၍ စာအုပ်ပေါင်း များစွာ ပြုစု ရေးသားခဲ့သူ သမိုင်း ပညာရှင် Timothy W. Ryback က "How Hitler Dismantled a Democracy in 53 Days" ရေးသားခဲ့သည့် ဆောင်းပါး ရှည်ကြီးကို တင်ပြသွားမည် ဖြစ်သည်။
ဟစ်တလာ ၏ ဂျာမန် ဒီမိုကရေစီ ကို ၅၃ ရက် နှင့် ဖျက်ဆီးခဲ့ ပုံ
*********************
လွန်ခဲ့သည့် နှစ်ပေါင်း ကိုးဆယ့် နှစ် နှစ် အကြာ ၁၉၃၃ ဇန်နဝါရီ ၃၀ ရက်နေ့ တနင်္လာနေ့ နံနက်ခင်း တွင် အဒေါ့ဖ် ဟစ်တလာသည် ဝိုင်မာ သမ္မတ နိုင်ငံတော်ကြီး၏ ဆယ့်ငါးဦးမြောက် အဓိပတိ ကြီး အဖြစ် တက်လှမ်း လာခဲ့ပြီ ဖြစ်သည်။
ယင်းသည် ဒီမိုကရေစီ သမိုင်းတွင် လွန်စွာ အံ့အား သင့်ဖွယ် ကောင်းလှသည့် နိုင်ငံရေး အလှည့် အပြောင်းကြီး လည်း ဖြစ်ပေသည်။
ဟစ်တလာ သည် ဂျာမန် ဖွဲ့စည်းပုံ အား ငါးကြင်းဆီ နှင့် ငါးကြင်းကြော် သည့် အလား ဖွဲ့စည်းပုံ ဘောင် အတွင်း မှပင် ဖျက်ဆီး ပစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
နိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ထားပုံ နှင့် လုပ်ငန်းစဉ် များအား နှစ်လ အတွင်း မည်သို့ မည်ပုံ တဆင့်ပြီး တဆင့် ဖြို့ချ ဖျက်စီး ခဲ့ပုံကို ဆက်လက် တင်ပြသွားပါမည်။ အတိအကျ ဆိုရပါမူ တစ်လ နှင့် သုံးပတ်၊ နှစ်ရက်၊ ရှစ်နာရီ နှင့် မိနစ် လေးဆယ် အတွင်း တွင် ဖြစ်သည်။
ဆက်လက် ဖတ်ရှုရန် ......
https://www.facebook.com/share/p/1BmNUeJLFf/