စစ်တပ်၏ အမာခံ နယ်မြေ များ ဖြစ်သော ပုသိမ်မြစ် အရှေ့ဘက် ကမ်း နှင့် ပုသိမ်-မုံရွာလမ်း ရှိ မြို့နယ် သုံး မြို့နယ် တဝိုက် တွင် အာရက္ခ တပ်တော်မှ ထိုးစစ်များ ဆင်လာပြီ ဖြစ်၍ စစ်ကောင်စီ သစ္စာခံ တပ်များ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာပြီ ဖြစ်သည်။
အဓိက အားဖြင့် ရခိုင်ရိုးမ တောရိုင်း တိရစ္ဆာန် ဘေးမဲ့ ဒေသနှင့် ၂၁ ကီလိုမီတာ အကွာရှိ ကျေးရွာ များ အနီးတွင် ဖြစ်သည်။
အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ ရိုးရာ အတိုင်း မြို့ရွာ များကို ဗုံးကြဲ တိုက်ခိုက်လာကြ၍ ဒေသခံများ တိမ်းရှောင်ကုန်ကြရပြီ ဖြစ်သည်။
ပုသိမ် နှင့် ၂၆ ကီလိုမီတာ ဝေးသည့် သာပေါင်း အနီးရှိ အမြောက်တပ်ရင်း ၃၄၄ တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသည်။
ညောင်ကျိုး စစ်စခန်းအား သိမ်းပိုက်သည့် တိုက်ပွဲ တွင်လည်း ၎င်းတို့ မှားယွင်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီ တပ်များ အကျအဆုံး ၁၂၀ ခန့်အထိ ရှိနေသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။
စစ်ကောင်စီ တပ်များက တက္ကသိုလ် ဝင်ခွင့် စာမေးပွဲအပြီးတွင် ကျောင်းများသို့ ဝင်ရောက်တပ်စွဲ သိမ်းပိုက် နိုင်ရန် တာစူနေပြီ ဖြစ်သည်ဟု သိရသည်။
စစ်တပ် မှ ပုသိမ်-မုံရွာ လမ်း၊ ဂွ- ငသိုင်းချောင်း လမ်းများ အသုံးပြုခွင့်ကို ပိတ်လိုက်ရပြီ ဖြစ်သည်။ ပဲခူး တိုင်း အတွင်းရှိ ပန်းတောင်း နှင့် ဥသျှစ်ပင် တွင်လည်း အာရက္ခ တပ်တော် နှင့် တိုက်ပွဲ များ ဖြစ်ပွားနေသည်။ စစ်တပ်၏ ကာကင်းစခန်း အားလုံးနီးပါးကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။
ပြည်သူ့ ကာကွယ်ရေး တပ်များ နှင့် စစ် ကောင်စီ သစ္စာခံ တပ်များ အကြား စစ်ကိုင်း-မင်းကွန်း လမ်းတလျောက် တိုက်ပွဲများ ဖြစ်ပွားနေသည်။ ထိုအနီး တဝိုက် ရှိ ကျေးရွာများသို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်း ပစ်ခတ် နေပြီး မိုင်းများပင် ထောင်နေသည်ဟု သိရသည်။ စစ်ကိုင်း မှ မင်းကွန်း ခေါင်းလောင်းကြီး ရှိရာ မင်းကွန်း ပုထိုးကြီး ဘုရား သွားရာ လမ်းတဝက်ရှိ လက်ပံ ရွာအနီးတွင် ဖြစ်သည်။
စစ်သားများ နှင့် ပျုစောထီး လူမိုက်များက ရွာထဲသို့ ဝင်ရောက်ပြီး ပစ္စည်းများကို ဓါးမြ တိုက် လုယက်သွားကြသည်ဟု သိရသည်။ စစ်ကိုင်းတိုင်း အတွင်း အာဏာသိမ်းပြီးချိန်မှစ၍ ၎င်းတို့ လုယက်ဖျက်ဆီး မီးရှို့ခံခဲ့ရသည့် အိမ်ခြေ ၄,၀၀၀ ခန့်ရှိနေသည်ဟု ပြုစုထားသော စာရင်းဇယားများအရ သိရသည်။
မင်းအောင်လှိုင် ကလည်း ၎င်းတို့ အတွက် အသက်ပေး တိုက်ပေးနေကြရသည် ဆိုကာ လုပ်ချင်တာလုပ် ခွင့်ပြုထားခြင်း ပင် ဖြစ်၍ စစ်သား ဘဝ မှ တဖြေး ဖြေး ဓါးပြ သူခိုးသာသာ ဘဝ ရောက်မှန်း မသိ ရောက်ကုန်ကြပြီ ဖြစ်သည်။
စစ်ကောင်စီ မှ ထိုကိစ္စကို အမြဲလို ငြင်းဆိုနေသော်လည်း စိုးဝင်း ကိုယ်တိုင် ဝန်ခံလာရသည့် အကြောင်းတခု က ထွက်ပေါ်လာပြန်သည်။
ထိုသို့ ဝန်ခံလာရခြင်း မှာလည်း အမြဲလို ငြင်းဆိုနေက ၎င်းတို့ ပြောသမျှ မယုံတော့မည် စိုး၍ အမှား ဟင်းအိုးကြီးထဲသို့ အမှန် ဆား တဇွန်း ခပ်ပေးလိုက်ခြင်း မျိုးသာ ဖြစ်သည်။
စိုးဝင်း မဖြစ်မနေ ဝန်ခံလိုက်ရသည်က အပုတ်နံ့ တထောင်းထောင်း ထွက်နေပြီ ဖြစ်သော စစ်သား စု ဆောင်းရေး ကိစ္စများ နှင့် ပတ်သက်နေသည်။
စိုးဝင်းက စစ်သားစုဆောင်းရေး ကော်မတီ အနေနှင့် ဥပဒေ လုပ်ထုံးလုပ်နည်း များ အတိုင်း မဆောင်ရွက်၍ အကျင့်ပျက် လာဒ်စားမှု များ နေ့စဉ် လို ဖြစ်ပေါ် နေရသည်ဟု ဝန်ခံလာခဲ့သည်။
ထိုကဲ့သို့ ကော်မတီ များ၏ လုပ်ရပ်ကို သိရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့ တိုင်ကြားရမည်ဟု ဆိုသည်၊ ၎င်း၏ အပြောက ကြားရသူ အပေါင်း မည်မျှ နားဝင်ချိုလိုက် လေမည်နည်း။
လက်တွေ့တွင် မူ ယခုထိ မည်သူ တဦးတယောက်ကိုမျှ အရေးယူခြင်း မရှိသေးပေ။ ထို့အတွက် စိုးဝင်း အပြောသည် စစ်သားစု ဆောင်းရေး ကော်မတီ အနေဖြင့် ရသမျှ ငွေများကို ၎င်းတို့ အိပ်ကပ်ထဲကြီး ထည့်ဖို့ မကြိုးစားဘဲ သက်ဆိုင်ရာ အာဏာပိုင် များအားလည်း ပူဇော်ပသရန် လိုသည်ဟု အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
RFA သတင်းတွင် ပါရှိသည့် ပုံတွင် ဆယ်တစ်သုတ် မြောက် သင်တန်းသားများကို တွေ့နိုင်မည် ဖြစ်သည်။ အများစု သည် မိသားစု မှ လာဒ်ထိုးရန် ငွေမတတ်နိုင်၊ ပြေးလို့လည်း မလွတ် နိုင်၍ ပါသွားရသူ များ ဖြစ်သည်၊ အဆိုပါ ဓါတ်ပုံကို ကြည့်၍ သူ ခိုး ဓါး ပြသာသာ ဖြစ်နေသော စစ်တပ်ထဲ ဝင်၍ အသေခံရမည့် အရေး ကို မည်သူမျှ ဂုဏ်ယူ ဝင့်ကြွား နေကြမည် မဟုတ်၊ မိသားစု များ အားလုံးက စိုးရိမ်သောက များနှင့် သားသတ်ရုံထဲသို့ မောင်းသွင်းခံနေရသည့် ကျွဲ နွား များ ဘဝ ရောက်နေရသည့် အဖြစ်ကို ရင်ထု မနာ ဖြစ်နေကြမည်သာ ဖြစ်သည်။
နိုင်ငံသား တို့ အတွက် လူ့အခွင့်အရေး ဆိုသည် အသာထားဘိဦး အသက်ရှင် နေထိုင် ပိုင်ခွင့်ကိုပင် တစထက် တစ ဖိစီး ခြိမ်းခြောက် လာနေပြီ ဖြစ်သည်။
ထိုသို့ ဖိနှိပ် အုပ်ချုပ်နေကြသူများသည်လည်း ရူးမတတ် ဖြစ်နေကြ၍ ၎င်းတို့၏ ဘဝ ကို မည်သူမျှ အားကျ ပိုင်ဆိုင် လိုကြမည် တော့ မဟုတ်သည်ကား သေချာ နေပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!