အယူခံ

by Hla Soewai - Apr 13 2025

မစ္စစ္စပီ ပြည်နယ် အတွင်း ရုံးခန်းကြီး တခုလုံး ပြည့်လျံသွားအောင် ကြိတ်ကြိတ် တိုးနေသည့် တရားခွင် တခု တွင် ဂျုရီ အဖွဲ့ဝင်များက ဓါတု ဆေးဝါး ထုတ်လုပ်သော ကုမ္ပဏီ ကြီး တခု အား အပြစ်ရှိသည် ဆိုသော စီရင်ချက် ကို ချမှတ်လိုက်ကြသည်။

 

အဆိုပါ စီရင်ချက်ကြောင့် ကြားရသူ ‌အပေါင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ရသည်။

 

ထို ကုမ္ပဏီ သည် အဆိပ်ဓါတ်ပါသော ဘေးထွက် ပစ္စည်းများကို မြို့ငယ်လေး တမြို့၏ ရေပေးဝေရာ နေရာ တွင် စွန့်ပစ်ခဲ့သည့် အတွက် ကင်ဆာ ရောဂါများ စုပြုံ ဖြစ်ပွား‌ စေခဲ့သည့် ပြစ်မှု ‌အတွက် အပြစ်ရှိကြောင်း စီရင်ချက်လည်း ဖြစ်သည်။

 

အဆိုပါ ဓါတု ဆေးဝါး ကုမ္ပဏီ အား နယူးယောက် ဝေါစထရိ လမ်းမရှိ ကားလ် ထရူးဒိုး က ပိုင်ဆိုင်ထားသည်။ ထရူးဒိုးမှ ၎င်းအပေါ် တရားရုံးက စိတ်ရင်းကောင်း ဖြင့် စီရင်ခဲ့ခြင်း မရှိဟု ယူဆထားသည်။

 

တရားရေး ဆိုင်ရာ ရွေးကောက်ပွဲသည်လည်း နီးကပ်လာပြီ ဖြစ်၍ ထရူးဒိုး သည် အမေရိကန် တရား လွှတ်တော်ချုပ် တွင် နေရာရရန် လုံးပမ်းလာခဲ့သည်။

 

‌ဘီလီယံ ပေါင်းများစွာ ကြွယ်ဝ သူလည်း ဖြစ်၍ သူ့အတွက် ဒေါ်လာ သန်း အနည်းငယ်မျှသာ ကုန်ကျမည့် အရေးသည် ရေပုံးထဲက ရေတခွက် ခပ်ယူ သလောက်သာ ရှိမည်ဖြစ်သည်။

 

မည်သို့မည်ပုံ ထရူးဒိုး သည် အမေရိကန် တရားလွှတ်တော် ချုပ် အား ချုပ်ကိုင် နိုင် လာ‌အောင် လှုပ်ရှားလာမည်ကို တရားခွင် ဇာတ်လမ်း များ နှင့် နာမည်ကြီးလာသူ အမေရိကန် စာရေး ဆရာ John Grisham က The Appeal စာအုပ် တွင် သူ၏ ဟန် အတိုင်း စိတ်လှုပ်ရှားဖွယ် လက်ကမချခြင် အောင်ရေးသားထားသည်။ ထိုစာအုပ်ကို ၂၀၀၈ တွင် ထုတ်ဝေခဲ့ပြီး ဘာသာပေါင်း ၅၀ နီးပါးခန့် ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

 

ထိုစာအုပ် ကို စင်္ကာပူ မှ မိတ်‌ ဆွေ တဦးက ကျွန်တော်တို့ အားလုံး ဗဟုသုတ အဖြစ် သိထားသင့်၍ ဘာသာပြန် မည် ဆိုက YouTube တွင် ချန်နယ် ဖွင့်၍ အပိုင်းများ ခွဲကာ တင်ပေးသွားမည်ဟု ဆိုလာသည်။

 

လက်ရှိ အမေရိကန်၏ နိုင်ငံရေး မျက်နှာစာ သည် လည်း လွန်စွာ ရှူပ်ထွေးလာပြီ ဖြစ်၍ အတွင်းသရုပ် ကို ပီပီပြင်ပြင် နားလည်‌ စေလိုသည့် ရည်ရွယ်ချက် နှင့်လည်း ဖြစ်သည်။

 

အောက်ပါ လင့်ခ်တွင် နားဆင်နိုင်ပါသည်။

 

https://youtube.com/@soewaihla?si=Ks3duFg2K5NQTPbB