နစ်မြုပ်သွားသည့် တိုက်တန်းနစ် သင်္ဘောကြီး ပေါ်တွင် မီလျံနာ သူဌေးကြီး ဂျွန် ဂျေကော့ အက်စတာ လိုက်ပါလာခဲ့သည်။ တော်ယုံတန်ယုံ သန်းကြွယ် သူ ဌေး တော့ မဟုတ်၊ ၎င်း၏ ဘဏ်ငွေစာရင်းထဲတွင် အဆိုပါ သင်္ဘောကြီး အစီးပေါင်း ၃၀ လောက် ဆောက်နိုင်သည့် ငွေပမာဏ မျိုး ရှိနေသည်။
အသက်အန္တရာယ် နှင့် မလွဲမသေ ကြုံတွေ့ လာရချိန်တွင်တော့ အသက်ကယ် လှေပေါ်ရှိ သူ့အတွက် ချန်ထားသော နေရာကို ထိတ်လန့် ကြောက်ရွံနေရှာသည့် ကလေးငယ် နှစိဦးအား လိုက်သွားစေခဲ့သည်။ အသက်ကယ် လှေ ပေါ် ၎င်း လိုက်သွား နိုင်ပါလျက် စောင့်ထိန်း ရမည့် ကိုယ်ကျင့်သိက္ခာတရား တရားအရ လုပ်သင့်လုပ်ထိုက်သည်ဟု ယူဆခဲ့မှု ကို အသက် နှင့် လဲသွားခဲ့သူ ဖြစ်သည်။
နောက်ထပ် သန်းကြွယ် သူဌေး ကြီး တဦးလည်း တိုက်တန်းနစ် သင်္ဘောကြီး ပေါ်တွင် ရှိနေခဲ့သည်။ ထိုသူဌေးကြီး ၏ အမည်သည် အီစီဒို စထရောက်စ် ဖြစ်သည်။ ၎င်းသည် အမေရိကန် တွင် နေရာအနှံ့ ဖွင့်ထားသည့် မေစီ ဆိုသည့် ကုန်တိုက်ကြီး များ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းက "အသက်ကယ်လှေ ပေါ် အခြားသူများ မတက်သေးဘဲ နှင့် တက်မည် မဟုတ်ဟု" ပြောခံ့သည်။
၎င်း၏ ဇနီး ဖြစ်သူ အီဒါ စထရောက်စ်သည်လည်း ၎င်းကဲ့သို့ပင် အသက်ကယ်လှေ ပေါ် တက်ရန် ငြင်းဆန်ခဲ့ပြီး သူမ၏ နေရာတွင် မကြာသေးမီက အိမ်ဖေါ် အဖြစ် ခေါ်ထားသူ အဲလင် ဘတ် ကို ထဲ့ပေးလိုက်သည်။ သူမ၏ နောက်ဆုံး အချိန် ကို ခင်ပွန်းဖြစ်သူ နှင့် အတူ ကုန်ဆုဲးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သန်းကြွယ် သူဌေးကြီး နှစ်ဦးစလုံးက ၎င်းတို့ စောင့်ထိန်းရမည့် ကိုယ်ကျင့် သိက္ခာတရားကို ချိုးဖောက် ရမည် အရေးထက် ပိုင်ဆိုင်သမျှ ဓန ဥစ္စာများသာမက အသက် ကိုပင် စွန့်လွှတ်ရန် ဝန်မလေးကြသူ များ ဖြစ်သည်။
ကိုယ်ကျင့်တရားကို ဦးစားပေးရွေးချယ်ခဲ့သော ၎င်းတို့၏လုပ်ရပ်သည် လူသားတို့၏ အသိလိမ္မာ တရားနှင့် လူ့သဘာဝ၏ ထူးခြားပြောင်မြောက်မှုကို ထင်ရှားစေခဲ့သည် မဟုတ်ပါလော။
လန်ဒန် ထုတ် အင်ဒီးပင်းဒင့် သတင်းစာကြီးက ဥရောပ ဝတ်စုံ ကို ဝတ်ထားသော မင်းအောင်လှိုင် သည် တကယ်တမ်း တွင် ဟိဂ်ရှိ နိုင်ငံတကာ စစ်ရာဇဝတ်မှု တရားရုံး ၏ ဝက်ခြံ ထဲတွင် ထောင်ဝတ်စုံ ဖြင့် ရှိနေသင့်ပါလျက် မြန်မာ ၏ အိမ်နီးချင်း ခေါင်းဆောင်များ နှင့် လက်ဆွဲ နှုတ်ဆက်နေသည် အဖြစ်ကပင် လူ့ကျင့်ဝတ်တရား များ ကင်းမဲ့နေသည့် အဖြစ်ဟု ရေးသားထားသည်။
ကုလသမဂ္ဂ ၏ UNHCR အဖွဲ့ကြီးမှ ယခုလာမည့် နှစ်သစ်ကူး တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင် အပါအဝင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ များ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေသူ အားလုံးထံ ရောက်ရှိနိုင်ရန် တားမြစ်ထားသော အခက်အခဲများ အားလုံး ဖယ်ရှားပေးရန် နှင့် စစ်ဆင်ရေး များ အားလုံး ရပ်ဆိုင်းထားရန် လည်း ပါရှိသည်၊ ကုလ သမဂ္ဂ မှ ရရှိသော သတင်းများအရ စစ်ကောင်စီ လေတပ်သည် ငလျင်ကြီး ဖြစ်ပွားပြီး နောက် အကြိမ်ပေါင်း ၁၂၀ ခန့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး တဝက်ခန့်သည် ၎င်းတို့ အပစ်အခတ် ရပ်လိုက်သည်ဟု ကြေညာထားသော ဧပြီ ၂ ရက် နေ့ နောက်ပိုင်း တွင် ဖြစ်သည်ဟု UNHCR မဟာမင်းကြီး ဗော်လ်ကာ တပ်ခ် က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
ကုလ ၏ မြန်မာ လူ့အခွင့် အရေး တာဝန်ခံ တွန် အင်ဒရူး မှ လုံခြုံရေး ကောင်စိ မှ မြန်မာ စစ်တပ်၏ တော်လှန်ရေး အဖွဲ့များ ထိန်းချုပ် နယ်မြေများ အား ဆက်လက် တိုက်ခိုက် နေမှု များ နှင့် ကူညီ ထောက်ပံ့နေမှု များ ရပ်ဆိုင်းရေး အတွက် ဆုံးဖြတ်ချက် ချပြီး တားမြစ်ရန် အချိန်ကျပြီဟု ပြောလာခဲ့သည်။
ကုလသမဂ္ဂ၏ ထိုသို့ ပြောဆိုလာခြင်းကြောင့် နိုင်ငံတွင်း လာရောက်ကူညီ နေသူများ အဖို့ ထို အရေးကို လျစ်လျု ရှုမည်ဆိုက နိုင်ငံ တွင်း အကူ အညီ လိုအပ်နေသူ များ အား လူ ချင်း တူပါလျက် နှစ်မျိုး နှစ်စား ခွဲခြား နေသည့် အဖြစ်သို့ အလိုလို နေရင်း ရောက်ရှိသွားပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!