မကူညီလျင် နေပါ မနှောက်ယှက်ပါနှင့်

by Hla Soewai - Apr 21 2025

ထိုကဲ့သို့ စာတမ်းပါသော ဆိုင်းဘုတ်များကို ငလျင်ဘေးသင့်သည့် နေရာ အနှံ့အပြားတွင် ချိတ်ဆွဲထားရ တော့မလို ဖြစ်လာသည်။

 

စစ်ကောင်စီ က မန္တလေး တွင် ငလျင်ဒဏ်သင့် ပြည်သူများအား အကူအညီ များ ပေးနေသည်ကို ပိုမိုထိန်းချုပ်ရန် ကြိုးပမ်းလာမှု များသည် စေတနာ ဝန်ထမ်း အကူအညီ ပေးနေသူ များ အား ကျောချမ်းသွား မတတ် ဖြစ်လာစေခဲ့သူ Frontier Myanmar မှ ကိုယ်တွေ့ ကြုံခဲ့သူများ၏ တင်ပြချက်များကို ကိုယ်ကား တင်ပြထားသည်။

 

မတ်လ ၂၈ မြေငလျင် ကြီးကြောင့် မန္တလေး အောင်‌ မြေ သာဇံ ရပ်ကွက်‌ နေ ဦးစိုးလူ (အမည်ရင်း မဟုတ်) နှင့် မိသားစု ကို ခြစ်ခြစ်တောက် ပူပြင်းလှသည့် လမ်းပေါ်သို့ တွန်းပို့ပစ်ခဲ့သည်။ အိမ်သည် နေလို့ မရအောင် ပျက်စီးသွား၍ ကျုံးရှေ့ ပတ်ပတ်လည် ရှေ့ ဆောက်ပေးထားသော ရွက်ဖျင်တဲ များထဲတွင် နေ ‌‌‌နေကြရသည်။ ၎င်းတို့ အပါအဝင် ရာပေါင်းများစွာသော ငလျင်ဘေးသင့် မိသားစု များသည် စစ်‌ ကောင်စီ ဖက်မှ အကူအညီ မယ်မယ်ရရ မရသော်ငြားလည်း စားရေး သောက်‌ ရေး အတွက် စေတနာ ဝန်ထမ်း အဖွဲ့များ ၏ ထောက်ပံ့ကူညီမှု များ ကြောင့် ပထမ ရက်သတ္တပတ် အတွင်း အတော်လေး အဆင်ပြေခဲ့ကြသည်ဟု ဆိုသည်။

 

ထိုသို့ အဆင်ပြေခဲ့ရခြင်း မှာလည်း အခြေအနေများ ရှုပ်ထွေးနေသော ကာလ ဖြစ်၍ ကူညီပေးသူများ နှင့် ကယ်ဆယ်ရေး အဖွဲ့များကို အတားအဆီးမရှိ လုပ်ခွင့် ပေးထားခဲ့သော ကြောင့် ဖြစ်သည်။

 

ဧပြီ ၅ ရက်နေ့တွင်တော့ အခြေအနေများက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ အာဏာသိမ်း အဖွဲ့ ဒု ခေါင်းဆောင် စိုးဝင်းမှ နေပြည်တော် တွင် အစည်းအဝေး ခေါ်ယူပြီး ကယ်ဆယ်ရေး နှင့် ထောက်ပံ့ပေးနေသူများ အားလုံး ၎င်းတို့ထံမှ ခွင့်ပြုချက် တောင်းခံရမည်ဟု ညွှန်ကြားလာခဲ့ခြင်းကြောင့် ဖြစ်သည်။

 

နောက်တနေ့မှာပင် ရပ်ကွက် အုပ်ချုပ်ရေး မှူး များက ရွက်ဖျင်တဲများ ရှေ့တွင် ဆိုင်းဘုတ်များ၊ စားပွဲကုလားထိုင်များ ခင်းကာ အခန့်သား နေရာ ယူလာကြပြီး အစားအသောက် များ ဝေငှ မည့် မည်သူမဆို ၎င်းတို့ထံတွင် ကိုယ်ရေး အချက်အလက်များ ဖေါင်ဖြေ့ပြီး ခွင့်ပြုချက် ယူရမည် ဟု ဆိုသည်။

 

ထိုသို့ လုပ်လာသည့် အတွက် လာရောက်လှု သူများ နည်းပါးသွားပြီး ယခင် တနေ့လျင် ဆယ်ဖွဲ့‌ လောက် ရှိခဲ့ရာမှ နှစ်ဖွဲ့လောက်သာ ရောက်လာတော့သည်။

 

မန္တလေး တွင် ဧပြီ ၅-၆ တွင် လျပ်တပြက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် အိုးအိမ်မဲ့ ပြည်သူများ အမိုးအကာ အောက် ရောက်ရှိရေး သည် အရေးတကြီး လိုအပ်လာခဲ့သည်။

 

ဧပြီ ၇ ရက်နေ့တွင် ရွက်ဖျင်တဲများ ရှေ့ ရပ်ကွက် အသီးသီး ၏ နံပတ်များ ရေးထိုးထား‌ သော အနီရောင် ဆိုင်းဘုတ်များ အနီးတွင် စစ်ကောင်စီ မှ ဖွဲ့ပေးထားသော ဖသလဖ ခေါ်သည့် ရှပ်အင်္ကျီ အပြာများဝတ်ကာ နံပတ်တုတ်များ ကိုင်ဆောင်ထားသည့်ဗော်လံတီယာ လုံခြုံရေး အဖွဲ့များ ပေါ်လာကြသည်။

 

၎င်းတို့ တာဝန်သည် ငလျင်ဘေးသင့် သူများ လုံခြုံရေး အတွက် ပြောနေကြသော်လည်း တကယ်တမ်းတွင် အလှုရှင်များ၏ ကူညီထောက်ပံ့နေမှု များအား မည်သို့ ဝေငှ နေသည်ကို "စီမံခန့်ခွဲ" ရန် ရောက်လာကြခြင်း ဖြစ်သည်။

 

၎င်းတို့က ကိုယ်ထိလက်ရောက် ဝင်ရောက် ဟန့်တားခြင်းမျိုး မရှိသော်လည်း စစ်တပ်၏ ဖိနှိပ် အုပ်ချုပ်မှု များ အောက်တွင် နေလာခဲ့ကြရသည့် ပြည်သူများက တော့ ကျောချမ်းစရာ ကောင်းလောက်အောင် အထိတ်တလန့် ဖြစ်လာကြရသည်။

 

စိုးဝင်း ကန့်သတ်လိုက်မှု ကြောင့် ရန်ကုန်မှ ရောက်လာသူများ နည်းပါးသွားပြီး ရောက်နေသည့် အဖွဲ့ အချို့ပင် ပြန်သွားခဲ့ကြသည်။

 

မရမ်းကုန်း မြို့နယ် တွင် အလှုငွေ ကောက်ခံနေသူများ လည်း ခွင့်ပြုချက် မရှိ၍ ဆိုကာ တားမြစ်ခံခဲ့ရသည်။ ခွင့်ပြုချက် အတွက် ရပ်ကွက်၊ မြိုနယ် အုပ်ချုပ်ရေးမှုး ရုံးများ၊ ရဲစခန်းများသို့ သွား၍ ထောက်ခံစာ အဆင့်ဆင့် တောင်းယူကြရမည် ဖြစ်သည်။

 

ယခင် အလှုငွေ ကောက်ခံထားပြီးသူ များပင် မည်သို ဝေငှ ပေးရမည် ကို မသိ ဖြစ်လာနေသည်။

 

ရန်ကုန် မှ အဖွဲ့ဝင် သုံးဆယ် ပါ အဖွဲ့သည် ၎င်းတို့ ရရှိထားသော အလှုငွေ သိန်း လေးဆယ်အား လိုအပ်သည့် ဆေးဝါး ပစ္စည်း များ ဝယ်ယူ နိုင်ရေး အတွက် လှုဒန်းရန် ကျောက်ဆည် ဆေးရုံ သို့ ရောက်ရှိလာရာ ဆေးရုံး ဝင်း အပြင်တွင် စောင့်နေကြသော စစ်သားများ ထွက်လာပြီး ခွင့်ပြုချက် စာရွက် ပါမပါ မေးမြန်းခဲ့သည်။ ဆေးရုံ တာဝန်ရှိသူများပင် ခွင့်ပြုချက် မပါ၍ လက်မခံရဲ ဖြစ်နေကြသည်။

 

နောက်ဆုံး ဆေးရုံ ဝန်ထမ်းတဦးက သူ့ဝေငှပေး ပေးပါမည်ဟု ပြောလာ၍ မတတ်သာသည့် အဆုံး ပေးခဲ့ရသည်ဟု ဆိုသည်။

 

အလားတူ အဖြစ်များ က ဆေးရုံ အများအပြားတွင် ဖြစ်ခဲ့ပြီး ခွင့်ပြုချက် မရ၍ ဝင်ရောက် လှုဒန်းနိုင်ခဲ့ခြင်း မရှိဟု အလှုရှင်များ က ပြောပြခဲ့ကြသည်။ ပျဉ်းမနား မြို့ အနီးရှိ ကုတင် ၁၀၀ ဆန့် ယာယီ ဆေးရုံတွင်တော့ ဂိတ်ဝမှ ယူထားလိုက်သည်ဟု ဆိုသည်။

 

အဆောက်အဦးပျက်များ အောက် ပိတ်မိနေသူ များ အား ကယ်ဆယ်နေသည့် အဖွဲ့များလည်း အလားတူ ကန့်သတ်မှု များ နှင့် ကြုံနေကြရပြန်သည်။

 

ရန်ကုန်မှ ကယ်ဆယ်ရေး အဖွဲ့များ ငလျင်လှုပ်ပြီးလျင် ပြီးချင်း တံခါးမရှိ ဓါးမရှိ ဝင်ထွက်နိုင်ခဲ့၍ အရေးကြီးသည့် ၇၂ နာရီ အတွင်း လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့သော်လည်း စိုးဝင်း၏ ဧပြီ ၅ ရက် အမိန့်ကြောင့် မြို့ပြင်တွင် စစ်ဆေးရေး ဂိတ်များ ချလာပြီး ခွင့်ပြုချက် မရက ဝင်ခွင့်‌မပေးတော့ ဟု ဆိုသည်။

 

ကယ်ဆယ်ရေး အဖွဲ့ အတော်များများလည်း စစ်ဆေးရေး ဂိတ်များမှ လှည့်ပြန်ခဲ့ကြရသည်။ ဧပြီ ၈ ရက်နေ့ တွင် နေပြည်တော် အတွင်း လှည့်လည် ကြည့်ရှုခဲ့သော Frontier အဖွဲ့သည် တမြို့လုံးတွင် ကယ်ဆယ်ရေး လုပ်နေသော အဖွဲ့ တဖွဲ့ကို သာ တွေ့ခဲ့ကြရသည်။

 

စစ်အာဏာ သိမ်း အဖွဲ့သည် ၎င်းတို့လည်း မကူညီသည့် အပြင် ကူညီမည့် လူများကိုလည်း ဟန့်တားနေကြခြင်းပင် ဖြစ်သည်။

 

နောက်ထပ် ရရှိ‌သော သတင်းအရ အဆောက်အဦး ပျက်များ မှ ထွက်ပေါ်လာသော အုတ်ကျိုး အုတ်ပဲ့ တန်ချိန် စုစုပေါင်း ၂.၅ သန်း ခန့် ရှိမည် ဖြစ်ပြီး ထရပ်ကား များ ဖြင့် အခေါက်ရေ ၁၂၅,၀၀၀ ခန့် ဖြင့် ဖယ်ရှားရမည်ဟု ကုလ ဖွံ့ဖြိုးရေး အစီအစဉ် UNDP မှ ခန့်မှန်းထားသည်ဟု သိရသည်။

 

လူပေါင်း ၆၀,၀၀၀ ခန့်လည်း ယာယီ ရွက်ဖျင်တဲများ တွင် နေထိုင်နေကြရဆဲ ဖြစ်သည်။

 

ဘိလပ်မြေ၊ သံ နှင့် အခြား ဆောက်လုပ်ရေး ပစ္စည်းများလည်း ဈေးများ အဆမတန် တက်နေပြီး ရဖို့ပင် မလွယ်ဟု ဆိုသည်။

 

နေပြည်တော် ပြန်လည် တည်ဆောက်ရေး အတွက် တစ်ပြေးနေသည့် ကန်ထရိုက်တာ သည်လည်း မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!